5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၃၊ ၂၀၁၃
M-Media
သတင်း- ပသီဆောင်းနှင်းမှုံ

ယနေ့ ဖေဖော်ဝါရီ ၃ရက် က C.S အာရ်ကတ္ထီဗလီကြီး၌ (၁၄၈၇) ကြိမ်မြောက် မဟာတမန်တော်နေ့ အခမ်းအနား အထိမ်းအမှတ်အဖြစ် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ (Wheel Chair) ၀ှီးချဲ ဘီးတပ်ထိုင်ခုံများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ထို မဟာတမန်တော်မြတ်နေ့အခမ်းအနားတွင် (Wheel Chair) ထိုင်ခုံ အစုံ(၁၀)စုံ ကို အလှူရှင်များဖြစ်ကြသော ဟာဂျီ ဦးခင်မောင်လတ်၊ ဟာဂျီကိုကိုလတ်၊ ဟာဂျီ ဦးမြ၀င်း၊ ဟာဂျီ အာဓုမ် တို့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှ တာဝန်ခံ သူနာပြုဆရာကြီး ဦးစံကြည်သို့ လွှဲအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

P2030028

P2030041

အခမ်းအနားဖြစ်မြောက်ရေး ကော်မတီမှ ဥက္ကဌ ဟာဂျီဦးမြ၀င်းက “နောင်လာနောက်သားတို့ကလည်း တမန်တော်မြတ်ကြီးကို အလေးထားဖို့ တမန်တော်မြတ်ရဲ့ အခန်းကဏ နှင့် တမန်တော်မြတ်အကြောင်းကို ပိုပြီးသိစေချင်လို့ ဒီလိုအခမ်းအနားကျင်းပပြီး မီးမောင်းထိုးပြခြင်းဖြစ်ပါတယ်။ တမန်တော်မြတ်ရဲ့စံနမူနာကို သိရှိလာတဲ့အခါ အတုယူပြီး မျိုးဆက်သစ်တွေအနေနဲ့ လောကီကောင်းကျိုးပြုနိုင်ဖို့ သူတို့ကို သင်တန်းပေးတဲ့သဘောမျိုးနှင့် ကျင်းပရခြင်းဖြစ်ပါတယ်။

ဆက်လက်၍ ၎င်းက ” ၀ှီးချဲလှူရခြင်းကလည်း ဘာသာမရွေးလူမျိုးမရွေး အရေးပေါ်ဌာနကို ရောက်လာတဲ့ လူနာတွေဟာ ၀ှီးချဲတွေ မလုံလောက်တာမျိုး မဖြစ်အောင် တစ်ဖက်တစ်လမ်းက လှူဒါန်းခြင်းဖြစ်ပါတယ်။ ဒီနေ့လို မဟာတမန်တော်မြတ်မွေးဖွား သန့်စင်တဲ့နေ့ အထိမ်းအမှတ်အနေနဲ့ လှူတာဖြစ်ပါတယ်။ နောက်နောင်ကိုလည်း ဆေးရုံကြီး အပါအ၀င် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တွေမှာလည်း လှူဒါန်းသွားဖို့ရှိပါတယ်။ လူငယ်တွေရဲ့ ဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘ၀မြှင့်တင်ရေးကိုလည်း ဒီဗလီကြီးမှာ ၀တ်ပြုသူများအနေနဲ့ သင်တန်းတွေပေးသွားဖို့ ရေးဆွဲပြင်ဆင်ထားပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားပါမည် ဖြစ်ပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

အခမ်းအနားကျင်းပရေး ကော်မတီ ဂေါပက ဥက္ကဌ ဦးဇော်ဝင်းက “လူငယ်ကျောင်းသားတွေကို ဘာသာရေးပညာတွေမှာ အနက်အဓိပါယ်တွေကိုလည်း သိနားလည်အောင် ကြိုးစား သွားမှာဖြစ်ပါတယ်။ မြန်မာလို ရဖို့ အသိညဏ်တွေရဖို့ ကျွန်တော်တို့ဗလီကလည်း လုပ်ဆောင်နေပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။

အခမ်းအနားကျင်းပရေး ကော်မတီ ဂေါပကအဖွဲ့ဝင် ဦးခင်မောင်လှ ကလည်း “ကျွန်တော်တို့ နှစ်ပေါင်း၁၀၀ ကျော် အစဉ်အလာမပျက် ဒီအခမ်းအနားကြီးကို ကျင်းပ လာတာဖြစ်ပါတယ်။ ကျင်းပတဲ့အခါမှာလည်း ရပ်ကွက် ၊ ခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် အားလုံး အဆင့်ဆင့် ကူညီပေးကြတဲ့အတွက် ကျေးဇူးအရမ်းပဲတင်ပါတယ်။ လာမည့် အနာဂတ် မျိုးဆက်သစ်တွေကလည်း ဆက်လက်ထိန်းသိမ်းသွားစေလိုတဲ့ ရည်ရွယ်ချက်တွေလည်း ရှိပါတယ် ” ဟု M-Media သို့ပြောကြားခဲ့ပါသည်။

အခမ်းအနားမှူ အဖြစ် ဦးမြသန်းမှ ဆောင်ရွက်ခဲ့ပြီး မောင်လာနာ ကာရီ ဟာဖီးဇ် အဗ္ဗဒူလ် အဇီးဇ် (ခ)ဦးတင်ဝင်းမြင့်က ကေရာအသ်ဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ သဘာပတိ ဟာဂျီဦးမြ၀င်းမှ အမှာစကားပြောကြားပြီးနောက် ဦးအေးလွင် (B-SC) ၊ ၀ါးခယ်မ မောင်မင်းနိုင် အပါအ၀င် ဘာသာရေးဆရာ အသီးသီးမှ တရားရေအေး တိုက်ကျွေးခဲ့ပြီး နံနက် ၉ နာရီတွင် စတင်ခဲ့သော အခမ်းအနားကို နေ့လည်၁၂ နာရီမှာ ၀ါးခယ်မ မောင်မင်းနိုင်မှ ဆုမွန်ဒိုအာဖြင့် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိသည်။

တမန်တော်မြတ်နေ့ အခမ်းအနားကျင်းပရာ C.S အာရ်ကတ္တီ ဗလီကြီးကို ၁၈၈၅ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ထိုမဟာတမန်တော်မြတ်နေ့ အခမ်းအနားကို လည်း ကျင်းပပြုလုပ်လာခဲ့သည်မှာ နှစ်ပေါင်း ၁၂၈ နှစ် တိုင်ခဲ့ပြီဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရသည်။

Leave a Reply