5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကိုင်ရိုတက္ကသိုလ်က ဌာနကြီးများရဲ့ အကြီးအမှူး ပါမောက္ခတွေကို  နှုတ်ထွက်ကြဖို့ တောင်းဆိုချက်နဲ့ တက္ကသိုလ် ကျောင်းသားများဟာ ဆန္ဒပြနေကြပါတယ်။ ဒီဌာနကြီးမှူး အများစုဟာ အာဏာရှင် မူဘာရက် အစိုးရကို ထောက်ခံ နေကြသူတွေပါ။

ကျောင်းသူကျောင်းသားတွေကို အခြားသော ပါမောက္ခ များစွာကလည်း ထောက်ခံ အားပေးနေကြပါတယ်။

မသမာသူတွေရဲ့ အတိုက်ခိုက်ခံရမှာကို စိုးရိမ်ကြလို့ ကျောင်းသားများဟာ တက္ကသိုလ်ထဲမှာ ညအိပ် မနေရဲကြတော့ဘူး။ “နေ့ဖက်တွေမှာ ကျောင်းဝင်းထဲ စုဆုံကြပြီး မိုးချုပ်တာနဲ့ လုံခြုံရေးအရ ကျောင်းက ထွက်သွားကြတယ်” ပါမောက္ခ လိုင်လာဆ၀ါ့ဖ်က ပြောပြပါတယ်။

အခုအခါ ဖျက်သိမ်းခံထားရသော အီဂျစ်ထောက်လှမ်းရေးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တဲ့ တက္ကသိုလ်မှာ ချုပ်ချယ်မှုတွေတော့ မရှိပါဘူး။

“အနည်းဆုံးတော့ တက္ကသိုလ် ပါမောက္ခချုပ် ဥက္ကဌ ဟိုဆမ်ကာမဲလ် မနှုတ်ထွက်မချင်းကို ကျနော်တို့ တက္ကသိုလ်ကနေ မခွါဘဲ ရှိမှာပါ။” တက္ကသိုလ် ကျောင်းသား ဆာလ်မန်အီမင်က ပြောတာပါ။

တော်လှန်သော အနုပညာ ကျောင်းသားများ

တက္ကသိုလ်ရဲ့ အနုပညာ အကယ်ဒမီ ကျောင်းကြီးက ကျောင်းသားတွေဟာ မိမိကိုယ်ကို တော်လှန်သော  အနုပညာသမားများလို့ ကင်ပွန်းတပ် ထားကြပါတယ်။

ကျောင်းသားတစ်စုကတော့ ထိုင်သပိတ်တိုက်ပွဲ လုပ်ပြီး ဖေ့စ်ဘွတ် စာမျက်နှာကနေ သူတို့ရဲ့ တောင်းဆိုချက်တွေကို တင်ပြထားတယ်။ ဇန်န၀ါရီ ၂၅ တော်လှန်ရေးတုန်းကလိုပဲ ဒီအုပ်စုမှာ ခေါင်းဆောင်ရယ်လို့ မရှိပါဘူး။

ရုပ်ရှင်အဖွဲ့အစည်း ပညာရပ် လေ့လာနေသူ အသက် ၂၀ အရွယ် ကျောင်းသား အေမာက အခုလို ပြောပြပါတယ်။ “သင်ရိုးညွှန်းတမ်း၊ အဂတိတရား လိုက်စားမှု၊ ပါမောက္ခများက ကျောင်းသူ ကျောင်းသားတွေအပေါ်မှာ မတရား ခွဲခြား ဆက်ဆံမှုတွေကို ကျနော်တို့က ဆန့်ကျင် ဆန္ဒပြ နေကြတာပါ။

“တော်လှန်ရေး မစခင်တုန်းကတော့ ဘယ်သူကမှ မတရားမှုနဲ့ ပတ်သက်လို့ မေးခွန်းကို မထုတ်ရဲ ခဲ့ကြပါဘူး။”

“ဘယ်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ရည်ရွယ်ဦးတည်ပြီး ကျနော်တို့က ဆန့်ကျင်တာတော့မဟုတ်ပါဘူး။ လူတွေ နှုတ်ထွက်ဖို့ကိုလည်း တောင်းဆိုတာမျိုး မဟုတ်ဘူး။ စနစ်ကို ပြောင်းလဲဖို့ကို တောင်းဆိုတာပါ။ အမြင်သဘောထားတွေနဲ့ အပြုအမူတွေ ပြောင်းလဲဖို့ကို တောင်းဆိုတာဖြစ်တယ်။”

“ကျနော်တို့ရဲ့ အဓိက ဦးစားပေးကတော့ ပြောင်းလဲခြင်းပဲဖြစ်တယ်။ ပြည်သူလူထုဖြစ်တဲ့ ကျနော်တို့က ပြောင်းလဲကြပါပြီ။ အဲဒီတော့ ကျနော်တို့ အခွင့်အရေးကို တောင်းဆိုနေတာဖြစ်တယ်။ သူတို့ကလည်း လိုက်ပါ ပြောင်းလဲရမယ်။ သူတို့က မပြောင်းလဲချင်ဘူး ဆိုရင်တော့ နှုတ်ထွက်ရမယ့် အချိန်ပါပဲ။”

သူ့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုတတ်အောင်၊ မတရားမှုကို “ဟင့်အင်း” ပြောရဲပြီး လက်မခံ တတ်အောင်လို့ တော်လှန်ရေးရဲ့ နိယာမ သဘောတရားတွေက သူ့ကို လေ့ကျင့်ပေးထားတာဖြစ်ကြောင်း အေမာက ရှင်းပြခဲ့ပါတယ်။

“အကယ်ဒမီ ကျောင်းထဲမှာ စတင်ခဲ့တာပါ။ ဌာနတိုင်းက သူတို့ရဲ့ အခွင့်အရေးတွေကို တောင်းဆိုတိုက်ပွဲဝင်ဖို့ စုရုံးကြပြီ။ သူတို့ တောင်းဆိုချက်တွေကို အားလုံး စုစည်း ထုတ်ပြန်ဖို့လည်း ဆုံးဖြတ်ထားပါတယ်။”

“အိုပင်းဖော်ရမ် အနေနဲ့ ဘယ်သူမဆို ဆွေးနွေး ပြောဆိုနိုင်ကြမယ့် ဖေ့စ်ဘွတ် စာမျက်နှာသစ်ကိုလည်း ကျောင်းသားများဟာ ဖန်တီးထားကြပါပြီ။

“၀န်ထမ်းတွေနဲ့ အချို့သော ပါမောက္ခတွေဆီက အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေ အများကြီး ကျနော်တို့ ရပါတယ်။ အုပ်ချုပ်ရေး ၀န်ထမ်းတွေကလည်း ကျနော်တို့နဲ့ ပူးပေါင်းကြဖို့ရှိတယ်။ သူတို့ရဲ့ တောင်းဆိုချက်တွေကိုလည်း လာဖြည့်ကြပါတယ်။ ကြေညာချက်တစ်ခုထဲမှာပဲ အားလုံးရဲ့ တောင်းဆိုချက်တွေကို စုစည်းသွားမှာ ဖြစ်ပါတယ်။”

“အခု ကျနော်တို့ တွေ့ရှိလိုက်တဲ့ လွတ်လပ်မှု အသစ်ကတော့ အားလုံးကို ဆက်လက် တိုက်ပွဲဝင်ဖို့ စိတ်အား တက်ကြွစေပါတယ်။ အဂတိတရား လိုက်စားမှုတွေ ရှိနေသမျှ တော်လှန်ရေး ဆက်လုပ်ရမှာပါ။ အီဂျစ် တစ်နိုင်ငံလုံးကလည်းပဲ အဂတိတရားတွေကို တိုက်ဖျက်နိုင်ဖို့ ကိုယ့်နေရာကနေ ကိုယ့် တော်လှန်ရေး သေးသေးလေးတွေကို ဆင်နွှဲ နေကြရပါလိမ့်မယ်။”

တက္ကသိုလ်ကျောင်းများ လွတ်လပ်ရေး

ကိုင်ရိုတက္ကသိုလ်မှာသာ ကျောင်းသားများက ဆန္ဒပြကြတာ မဟုတ်ပါဘူး။ မန်ဆိုရာတက္ကသိုလ်မှာလည်း တက္ကသိုလ် ပါမောက္ခချုပ် နှုတ်ထွက်ပေးဖို့ကို ထောင်ပေါင်းများစွာသော ကျောင်းသားတွေဟာ ထိုင်သပိတ် ဆင်နွှဲနေကြပါတယ်။

“တက္ကသိုလ်အုပ်ချုပ်ရေး ပြိုလဲသွားတဲ့အထိကို ထိုင်သပိတ်တိုက်ပွဲ ၀င်မှာဖြစ်တယ်။ မန်ဆိုရာတက္ကသိုလ်က အီဂျစ်ကျောင်းသားများဟာ ကြွေးကြော်သံတွေကို ဟစ်ကြွေးနေကြတယ်။

“တက္ကသိုလ် ဥက္ကဌ – ထွက်သွား – ထွက်သွား၊ အမိ တက္ကသိုလ် လွတ်မြောက်ရမည်။”

တက္ကသိုလ်ကျောင်းသား မိုဟာမတ် အေ ဟမာမာက သူ့ရဲ့ ဘလော့မှာ ရေးထားတာပါ။

တက္ကသိုလ်တိုင်းက ကျောင်းသားအားလုံးရဲ့ တူညီသော အဓိက တောင်းဆိုချက် တစ်ခုရှိပါတယ်။  မူဘာရက် လက်ထက်ကတည်းက ကျင့်သုံးခဲ့ကြတဲ့ လုံခြုံရေး ကြိုတင် စစ်ဆေးမှု မလိုအပ်ဘဲ ပါမောက္ခတွေရဲ့ လက်ထောက်တွေကို ခန့်အပ်တဲ့ နည်းလမ်းကိုပါ။ ဒီလိုလုပ်တာဟာ အစိုးရ ဘက်တော်သားတွေကို အခွင့်အလမ်း ပိုပေးထားတဲ့ မတရားသော နည်းလမ်းဖြစ်ပါတယ်။

အီဂျစ်တပြည်လုံးမှာ တက္ကသိုလ်ကျောင်းသားများရဲ့ ဆန္ဒပြပွဲ ပဲ့တင်သံတွေညံနေတာကနေ ရလဒ်အချို့ ရှိနေပါပြီ။

“ဆယ်စုနှစ် ၄ ခု အတွင်းမှာ ပထမဆုံး အကြိမ်အဖြစ် အင်ရှမ်းစ်တက္ကသိုလ်ဟာ ပါမောက္ခ လက်ထောက် ၂၄ ဦးကို လုံခြုံရေးကြိုတင် စစ်ဆေးမှု အရင်ပုံစံလိုမျိုး မလုပ်ဘဲ ခန့်အပ်လိုက်ပါတယ်။ ဒါကတော့ ဇန်န၀ါရီ ၂၅ ရက်နေ့က တောင်းဆိုချက်အတိုင်းပါ။ ဆန္ဒပြသူများရဲ့ အဓိက တောင်းဆိုချက်လည်း ဖြစ်ပါတယ်။”

မောက္ခနိုင်ငံတကာ သတင်း

Source: Aljazeera

Leave a Reply