5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ်လ၊ ၃၊ ၂၀၁၃
M-Media
ဂျူလိုင်ရဲရင့်

ကျွန်တော်တို့နိုင်ငံ ၊ ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ လက်ရှိအခြေအနေနဲ့ တော်တော်စပ်ဟပ်မိလို့ ခါတော်မှီလေး တင်ဆက်ချင်စိတ်ဖြစ်မိပါတယ်။ ဒီပုံပြင်က တော်တော်ကြာပါပြီ။ ဟောင်းနွမ်းနေပါပြီ။ ဒါပေမယ့် … အဓိပ္ပါယ်မဲ့ သွေးကွဲမှု – ခွဲခြားမှု – တစ်ယူသန်အစွဲကြီးမှုကြောင့် ပေါ်ပေါက်လာတတ်တဲ့ ရလဒ်ကို အကောင်းဆုံး သတိပေးလှုပ်နိုးနိုင်ပါလိမ့်မယ်။  ပုံပြင်လေးကတော့ ဒီလိုပါ။

တစ်ခါတုန်းက တောအုပ်တစ်ခုရဲ့ဂူကြီးတစ်လုံးမှာ လူခြောက်ယောက် ၀ိုင်းထိုင်နေကြတယ်။ အရိုးကွဲမတတ် အေးခဲနေတဲ့ ညတစ်ညပေါ့။ သူတို့လက်ထဲမှာ ထင်းတစ်ချောင်းစီ အသီးသီး ကိုင်ထားပါတယ်။ သူတို့အလယ်မှာ အနွေးဓါတ်ရစေတဲ့ မီးဖိုလေး တစ်ခု။ မီးညွှန့်ကလဲ ကျိုးလုကျိုးခင်။ အလျဉ်မီ ထင်းထပ်ထည့်ဖို့ လိုအပ်နေပြီ။

ပထမလူက သူ့ရှေ့ကလူကို ကြည့်လိုက်တယ် ။ “ ကတ္တရာနဲ့မီးသွေးအရှုံးပေးရလောက်အောင် မည်းတဲ့ကောင်ပါလား။ ဒီလို ကျက်သရေတုံးတဲ့ကောင်အတွက် ငါ့ထင်းချောင်း မသုံးနိုင်ပေါင်” ဆိုပြီး သူ့ထင်းချောင်းကို မလွတ်တမ်း ဆုပ်ကိုင်လို့ ကျောပေးထိုင် လိုက်တယ်။

ဒုတိယလူဖြစ်တဲ့ လူမည်း အမျိုးသားကလည်း  “ ငါတို့ကို တစ်သက်လုံး ဒုက္ခပေးစောင်းချိတ်လာတဲ့ ငနာ ပါလား။ ငါ့ရဲ့ထင်းက သူ့အတွက် မဖြစ်စေရဘူး ” လို့တွေးပြီး ရွံရှာစွာနဲ့ ဝေးရာကိုထွက်သွားတယ်။

လူချမ်းသာဖြစ်တဲ့ တတိယလူက သူ့နံဘေးကလူကို ကြည့်တဲ့အခါ တော်တော်ဆင်းရဲစုတ်ချာနေတာကို တွေ့တော့  “  မတော်လို့ ငါ့ဆီက အဖိုးတန်ပစ္စည်းတစ်ခုခု လာလုယင်ဒုက္ခ။ မှောင်နေတာဘဲ ကောင်းတယ်။ ငါ့ထင်း ထပ်ထည့်မနေတော့ဘူး ” ဆိုပြီး ထင်းချောင်းကို အင်္ကျီနဲ့ဖုံးပြီး လှဲအိပ်လိုက်ပါလေရော။

သူဆင်းရဲစတုတ္တလူကလည်း အဲ့ဒီ တတိယလူရဲ့အရိပ်အကဲ၊ အပြုအမူကိုမြင်ပြီး ဒေါသတကြီးနဲ့ သူ့လက်ထဲက ထင်းချောင်းကို ဂူအပြင်ဖက် ပစ်ထုတ်လိုက်ပြန်တယ်။

ပဉ္စမလူ နဲ့ ဆဌမ လူနှစ်ယောက်ကတော့ အယူအဆဆန့်ကျင်နေကြတဲ့ အစွန်းရောက် ဘာသာရေးသမား နှစ်ဦး ဖြစ်နေတယ် ။ “  အလင်းရောင်နဲ့အနွေးဓာတ်ကတော့ ရချင်သား။ ဒါပေမယ့် ဒီလိုကောင် မိစ္ဆာဒိဌိကြီး အဖို့ လူမိုက်အားပေး အဆိပ်ပင်ရေလောင်း ဖြစ်နေဦးမယ် ” လို့ ကိုယ်စီအတွေးနဲ့ ဆန့်ကျင်ဖက်ကို ထွက်ပြီး ကွေးကွေးလေး အိပ်လိုက်ကြတော့တယ်။

အလယ်မှာ ကျန်ရစ်ခဲ့တာက မီးပုံလေး။ မီးကတော့ ငြိမ်းသွားခဲ့ပြီ။

နောက်တစ်နေ့တွေ့လိုက်ရတဲ့မြင်ကွင်းက လက်ထဲမှာ ထင်းတစ်ချောင်းစီ မလွတ်တမ်းကိုင်ထားပြီး အအေးပတ် သေနေကြတဲ့ အလောင်းခြောက်လောင်း။ ………………………….။

ပုံပြင်ကတော့ ဒီလောက်ကလေးပါဘဲ။

ပေးထားတဲ့သင်ခန်းစာက သမုဒ္ဒရာတစ်စင်းထက်မက နက်ရှိုင်းနေတာကို  ရိပ်စားမိကြမှာပါနော်။

Leave a Reply