5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ်လ-၂၃၊ ၂၀၁၃
M-Media

မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် စပ်လျဉ်း၍ အလားတူကိစ္စရပ်များ ဖြစ်ပွားစေခြင်း မရှိစေရန် ညောင်တုန်းမြို့နယ်၊ အုပ်ချုပ်ရေးမှူးမှ ဦးဆောင်၍ သံဃာတော်များ၊ မြို့မိ၊ မြို့ဖများ၊ ဘာသာကြီးလေးရပ်မှ ခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်၊ ရဲတပ်ဖွဲ့နှင့် အခြားသော တာဝန်ရှိသူများ ပါဝင်သည့် ညှိနှိုင်း အစည်းဝေးတစ်ရပ်ကို ၂၃ရက်နေ့၊မတ်လ၊ ၂၀၁၃ နေ့လည် (၂)နာရီ အချိန်တွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ရင်းနှီးစွာ တွေ့ဆုံကြပြီး ဒေသတွင်း အလားတူ ကိစ္စရပ်မျိုး လုံးဝ (လုံးဝ) မဖြစ်ပွားစေရန် ပူးပေါင်းလက်တွဲကာကွယ်သွားကြရန် ဆုံးဖြတ်ခဲ့ကြကြောင်းနှင့် ကြိုတင် စီမံခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရွှေဝါရောင် သံဃာတော်များကွန်ရက်မှ (အများပြည်သူသို့ သတိပေးကြေငြာချက်) ၂၁.မတ်.၂၀၁၃ရက်စွဲပါ ကြေငြာချက်ကို ဖြန့်ဝေခဲ့ကြောင်းသိရှိရသည်။

shwe war young network

တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူ အပေါင်း၏ အသက်အိုးအိမ် စည်းစိမ်များအား အပြုသဘောဆောင်သည့် ဆောင်ရွက်ချက်ကို ပြုလုပ်စွမ်းဆောင်ခဲ့သော ညောင်တုန်းမြို့နယ် မှတာဝန်ရှိသူများ၊ မြို့မိမြို့ဖ များ၏ ဆောင်ရွက်ချက်သည် အခြားမြို့နယ်များ ဒေသများအတွက် အတုယူစရာပင် ကြောင်း ညောင်တုန်း မြို့နယ်အပါအဝင် အလားတူ ပြည်သူအပေါင်းအတွက် အကြမ်းဖက်သမားများ ရန်မှ ကြိုတင်ကာကွယ်သော အစီစဉ်များ ပြုလုပ်လျက်ရှိသော ဒေသအသီးသီးအား အထူး ဂုဏ်ပြု ကြောင်း နှင့်
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မြို့နယ် ဒေသအသီးသီးတွင်လည်း သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ၊ ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ အာဏာပိုင်များ၊ ရပ်မိရပ်ဖများအနေဖြင့် အများပြည်သူတို့၏ အသက်အိုးအိမ်၊ နိုင်ငံတော်၏ အကျိုးစီးပွားကို ထောက်ရှုခြင်းအားဖြင့် အလားတူ တွေ့ဆုံမှုမျိုး၊ မိမိတို့ ရပ်ရွာ ဒေသအတွင်း မည်သည့် အကြမ်းဖက်မှု ချိန်းခြောက်မှု၊ ဝါဒဖြန့်မှု များဖြစ်ပေါ် မလာစေရေးနှင့် အထွေထွေကြိုတင်ပြင်ဆင်မှုများကို လက်တွဲ၍ ပြုလုပ်သွားကြပါရန်ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ရက်
PEACE CULTIVATION NETWORK (PCN)  တိုက်တွန်းပြောကြားလိုက်ကြောင်းသိရှိပါသည်။

ငြိမ်းချမ်းမူ တည်ဆောက်ရေးကွန်ရက်(Peace Cultivation Network (P.C.N) )သည်

03

(၁)     ပြည်ထောင်စု မြန်မာနိုင်ငံသားများ၏ စွမ်းရည်တည်ဆောက်မှု (Capacity Building)၊ ပညာရေး နှင့် ဘဝနေထိုင်မှု အဆင့်အတန်းမြှင့်တင်ပေးရန်
(၂)     ပြည်ထောင်စုဖွားအချင်းချင်းချစ်ကြည်ရင်းနှီးသောဆက်ဆံမှုများတည်ဆောက်ရန်
(၃)     တရားဥပဒေ စိုးမိုးရေး။ တည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ   ပါဝင်ဆောင်ရွက်ရန်
(၄)     ရည်ရွယ်ချက်တူ အခြား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်
ရည်ရွယ်ချက်များဖြင့် လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ဖြင့် ဖွဲ့စည်းထားသော ကွန်ရက်အဖွဲ့အစည်းတခုဖြစ်သည်။

ကိုးကား Mg Mhan FB

Leave a Reply