9 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကျမ အသက် ၂၁ အရွယ်မှာ မွမ်မာဂဒါဖီရဲ့ သူနာပြုအဖြစ်စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကျမ ယူကရိန်းမှာ ကြီးပြင်းသူပါ။ အာရပ်စကားလည်း မပြောတတ်ပါဘူး။ လစ်ဗီးယားစကားနဲ့ လဗနွန်စကား မတူမှန်းတောင် မသိပါဘူး။ သူ့ကိုတော့ ကျမတို့က ‘Papik’ လို့ ချစ်စနိုးခေါ်ကြတယ်။ ရုရှားလို ‘အဖေလေး’ လို့ အဓိပ္ပာယ်ရတယ်။ ကျမ အတွက်ကတော့ အရာရာဟာ အိပ်မက်လိုပါပဲ။ ကျမအတွက် အိပ်ခန်း၂ခန်းပါတဲ့ တိုက်ခန်းတခန်းရတယ်။ ဒရိုင်ဘာတစ်ယောက်ပေးထားတယ်။ ကျမခေါ် လိုက်တဲ့အချိန်တိုင်းမှာ အဆင်သင့် ရောက်လာမယ်။ ဒါပေမယ့် ကျမအခန်းမှာ လျှိ့ဝှက်အသံဖမ်းကရိယာတွေ တပ်ဆင်ထားတယ်။ ကျမဘ၀က အနီးကပ် စောင့်ကြည့်တာခံခဲ့ရတယ်။
ကျမအလုပ်ဝင်ကာစက နန်းတော်ကို သွားခွင့်မပြုဘူး။ ‘အဖေလေး’ က သူ့မိန်းမ(စဖီယာ)ကို ကြောက်ရတယ်နဲ့တူတယ်။ သူ့မိန်းမ မနာလိုဖြစ်မှာကိုလေ။ နောက်တော့ ကျမ ပုံမှန်သွားလို့ ရခဲ့ပါတယ်။ တကယ်တော့ သူ့မှာ လူငယ်တစ်ယောက်လို နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်မျိုးရှိနေတာပါ။ ချက်တို့၊ ချီလီနိုင်ငံတို့ကို အလည်သွားတဲ့အခါမှာတော့ အပူဒဏ်ကြောင့်ဖြစ်တဲ့ရောဂါ မ၀င်ရအောင် သူ့ကို ကုတ်အင်္ကျီထူထူထဲထဲ ၀တ်ပေးရတယ်။ ကျမတို့က သူကို အိမ်နားမှာ ပုံမှန်လမ်းလျှောက်ခိုင်းပြီး သွေးပေါင်ချိန်တာတို့ ကာကွယ် ဆေးထိုးတာတို့ မှန်မှန်လုပ်ပေးရတယ်။
ယူကရိန်းသတင်းစာတွေကတော့ ကျမတို့ကို ကဒါဖီရဲ့ မောင်းမ (အငယ်အနှောင်း)တွေလို့ ကင်ပွန်းတပ်တယ်။ ဒါ အဓိပ္ပာယ်မရှိတာပဲ။ ဘယ်သူနာပြုမှ  သူ့ချစ်သူတွေ မဟုတ်ပါဘူး။ ကျမတို့တွေက သွေးပေါင်တိုင်းတဲ့အချိန်လောက်ပဲ သူ့အသားကို ထိတွေ့ကြတာပါ။ ‘အဖေလေး’ဟာ သူ့သူငယ်ချင်း အီတလီဝန်ကြီးချုပ် ဘာလူစကူနီိတို့လို မိန်းမလိုက်စားတဲ့သူမဟုတ်ပါဘူး။ သူက ဆွဲဆောင်မှု ရှိတဲ့ ယူကရိန်းမယ်တွေကိုပဲ သီးသန့်ရွေးချယ်ခန့်ထားတာပါ။ သူ့ဘေးမှာ လှပတဲ့ အရာတွေ လူတွေရှိနေစေချင်တဲ့ သဘောပါ။ ကျမကို အလုပ်ခန့်ဖို့ လူတွေ့ စစ်ဆေးတုန်းကဆို ကျမကို လာလျှောက်တဲ့သူတွေထဲကနေ ဆွဲထုတ်ပြီး အရင်ဆုံး လက်ဆွဲနှုတ်ဆက်တယ်။ နောက်ပြီး ကျမ မျက်လုံးကို သေသေချာချာစိုက်ကြည့်တယ်။ နောက်ပိုင်းမှ ကျမသိလိုက်ရတာက သူဟာ လူတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တစ်ခုခု ချရမယ်ဆိုရင် အရင်ဆုံး အဲဒီလူကို လက်ဆွဲနှုတ်ဆက်တတ်တယ်ဆိုတာပါပဲ။
‘ပါပစ်က်’မှာ မကောင်းတဲ့အကျင့်တစ်ခုချို့တော့ရှိတယ်။ သူဟာ အာရဗ်ဂီတကို ကက်ဆက်အဟောင်းကြီးတစ်ခုနဲ့ ဖွင့်ပြီး နားထောင်မယ်။ သူ့အ၀တ်တွေကိုလည်း တစ်နေ့ကို ခဏခဏလဲနေတော့တာပါပဲ။ ၁၉၈၀ လောက်က ရော့ခ်ဂီတသမားတစ်ဦးရဲ့ ဒီဇိုင်းနဲ့ အ၀တ်အစားကို သူ အရူးအမူးစွဲလမ်းတာ…။ တစ်ခါတရံ ဧည့်သည်တွေ သူ့ကို စောင့်နေတဲ့ အချိန်မှာတောင် အခန်းထဲဝင်ပြီး အင်္ကျီလဲလိုက်သေးတယ်။ ဆင်းရဲတဲ့ အာဖရိကနိုင်ငံတွေကို လှည့်လည်တဲ့အခါမှာလည်း သူက ကားပြတင်းပေါက်ကနေ ယာဉ်တန်း နောက်က ပြေးလိုက်လာတဲ့ ကလေးငယ်တွေကို ပိုက်ဆံတွေ၊ သကြားလုံးတွေ ကျဲချတယ်။ ကလေးတွေနားတော့ ဘယ်တော့မှ မကပ်ဘူး။ ရောဂါတွေ ကူးဆက်မှာ စိုးလို့တဲ့။ နောက် ရွက်ဖျင်တဲမှာ ဘယ်တော့မှ မအိပ်ဘူး။ အစည်းအဝေးလုပ်တဲ့ အချိန်လောက်ပဲ သုံးတယ်။
သူနဲ့အတူ ကျမတို့ အမေရိကန်၊ အီတလီ၊ ပေါ်တူဂီ၊ ဗင်နီဇွဲလား စတဲ့ နိုင်ငံတွေကို ခရီးထွက်ဖူးပါတယ်။ အမြဲတမ်း ကျမတို့အပေါ် ကောင်းခဲ့တယ်။ ကျမတို့ လိုအပ် တာကိုမေးပြီး ဈေးဝယ်ထွက်ခွင့်ပြုတယ်။ နှစ်စဉ်နှစ်တိုင်းမှာလည်း ‘အဖေလေး’က သူ့ဝန်ထမ်းတွေကို ရွှေရောင် နာရီတစ်လက် လက်ဆောင်ပေးနေကြပဲ။ အဲဒီနာရီအပေါ်မှာ သူ့ဓါတ်ပုံကိုပါ ထည့်သွင်းရိုက်နှိပ်ထားတယ်။ အဲဒီနာရီပြပြီး လစ်ဗျားရဲ့ ဘယ်နေရာမှမဆို ပြဿနာဖြစ်ရင်ပဲဖြစ်ဖြစ်၊ လိုအပ်တဲ့အကူအညီမှန်သမျှ တောင်းလို့ရတယ်။
သူ့ကို လစ်ဗျားလူဦးရေ ထက်ဝက်လောက်က မကြိုက်မှန်း သိရတော့ ကျမ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ပြည်တွင်းက ကျန်းမာရေးဝန်ထမ်းတွေဆိုရင်လည်း ကျမတို့တွေကို မနာလိုဖြစ်ကြတယ်။ ကျမတို့က သူတို့ထက် ပိုပြီး လစာ ၃ ဆလောက်ရကြ တယ်လေ။ ဒေါ်လာ ၃ ထောင်ကျော်တာပေါ့။ ဒါဟာ ‘အဖေလေး’သူ့တိုင်းပြည်မှာ လုပ်ချင်တိုင်းလုပ်နေတဲ့ ရလာဒ်ပဲ။ သူက စတာလင်နဲ့ တူတယ်။ အာဏာတွေ ဇိမ်ခံစရာတွေအားလုံးဟာ သူ့အတွက်ချည်းပဲ။
အီဂျစ်ပြည်မှာ တော်လှန်ရေးတွေဖြစ်နေတာ တီဗီမှာ ကျမ စတွေ့တော့ အော်…ဒီမှာ ‘အဖေလေး’ကိုတော့ ဘယ်သူမှ ဆန့်ကျင်ရဲ မှာမဟုတ်ဘူးလို့ ထင်ခဲ့မိတယ်။ ဒါပေမယ့် တူနီးရှားနဲ့ အီဂျစ်ပြီး ဂယက်တွေရိုက်ပြီး လစ်ဗျားမှာလည်း အရာရာပြောင်းလဲခဲ့ပြီလေ။
တကယ်လို့ ‘အဖေလေး’ဟာ သူ့သား ‘စအိဖ်’ကို အာဏာ လွှဲပေးလိုက်မယ်ဆိုရင်တော့ သူ့အတွက် အခွင့်အရေးရှိနိုင်ဦးမယ်။ ပြည်သူတွေအခုလောက်လည်း သေမှာမဟုတ်ပါဘူး။
ကျမ ထရီပိုလီကနေ ဖေဖော်ဝါရီလဆန်းလောက်မှာ ထွက်လာခဲ့တယ်။ ကျမသူငယ်ချင်းနှစ်ယောက်တော့ အဲဒီမှာ ကျန်ရစ်ခဲ့တယ်။ အခု သူတို့ ထွက်လာလို့ မရတော့ဘူး။ ကျမ ထွက်လာရ တဲ့အကြောင်းကတော့ ပုဂ္ဂိုလ်ရေးဆန်လွန်းပါတယ်။ ကျမမှာ ကိုယ်ဝန်လေးလရှိပြီလေ။ အခု ထင်သာမြင်သာရှိနေပြီ။ ကျမရဲ့ ဆားဗီးယားချစ်သူကို ‘အဖေလေး’က သဘောမကျမှာ စိုးလို့ပါပဲ။
ကျမ သစ္စာဖောက်လို့ ‘အဖေလေး’က ခွင့်လွှတ်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ကျမ လစ်ဗျားကနေ ထွက်ခွာမှဖြစ်မှာမို့ပါ။ ကျမနဲ့ ကျမရဲ့ကလေးအနာဂတ်ကို စဉ်းစားရမယ်လေ။ ‘အဖေလေး’ ရဲ့ အနီးကပ်လုပ်ဖော်ကိုင်ဖက်က အခုတော့ သူနဲ့ဝေးရာကို ထွက်ပြေး နေရပါပြီ။ သူက အခု သူ့သားသမီးတွေကိုရော ကျမနဲ့ လုပ်ဖော်ကိုင်ဖက် ယူကရိန်းအမျိုးသမီး၂ဦးကိုပါ သူ့ဘေးမှာ သူနဲ့အတူ သေဖို့ ဖိအားတွေ ပေးနေပြီလေ….။   ။

အေးမွန်

Ref: My Years As Gaddafi’s Nurse – by Oksana Balinskaya , Newsweek, April 10, 2011 

Leave a Reply