5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၈၊ ၂၀၁၃
ဘာသာပြန်-အောင်မျိုးဟိန်း
Source: OnIslam

“ဘော်စတွန် မာရသွန် ပြေးပွဲ ဗုံးပေါက်ကွဲမှူ ဖြစ်စဉ်အပေါ် မွတ်စလင် ရှေ့ဆောင် ဆရာများနှင့် ပညာရှင်များ၏ အမြင်နှင့် ပြောကြားချက်များ”

Muslim Scholarson Boston Attacks

 

ဘော်စတွန် မာရသွန် ပွဲ ဗုံးပေါက်ကွဲမှူ ဖြစ်ပွါးပြီးပြီးချင်း မဆိုင်းမတွမှာပင်  မွတ်စလင် ရှေ့ဆောင် ဆရာများနှင့် ပညာရှင်များမှနေ၍ ဒီလို အကြမ်းဖက်ဖြစ်ရပ် အပေါ် ရှုံ့ချလိုက် ပြီး အကြမ်းဖက်မှူ၏ သားကောင်ဖြစ်ခဲ့ရသော  အပြစ်မဲ့ ပြည်သူများအား အမြန်ဆုံးနှင့် ထိရောက်စွာ ကူညီမှူပေးနိုင်ရန် တောင်းဆိုလိုက်ကြပြီး သူတို့၏ အမြင်နှင့် သဘောထားများကို ဖေ့ဘုတ် လူမှူကွန်ရက်မှ တဆင့် ပြည်သူလူထုထံသို့ ပန်ကြားနှိုးဆော်ခဲ့ကြပါသည်။

အီမန် ဇိုင်ဒ် ရှကစ်(Co-founder and faculty member of Zaytuna College in Berkeley, CA. )
Imam_Zaid_Shakir  အကြမ်းဖက်ဝါဒ ဟာ လူပျော့လူညံ့တွေရဲ့ လက်နက်ချည်းသက်သက်ပဲ မဟုတ်ပါဘူး။ ဒါဟာ စိတ်ဓာတ်ရေးရာအနေနဲ့ မွဲတေ ယုတ်ညံ့ပြီး အသိဉာဏ် ခေါင်ခိုက်သူများရဲ့ လက်နက်လဲ ဖြစ်ပါတယ်။ကျွန်တော်တို့ မွတ်စလင်တွေအနေနဲ့  ယဉ်ကျေးသိမ်မွေ့ပြီး တရားမျှတမှူကို လိုလားတဲ့ လူ့အဖွဲ့ အစည်း တွေနဲ့ လက်တွဲပြီး ဒီလိုလုပ်ရပ်မျိုးကို ရှုံ့ချသင့်ပါတယ်။ဘော်စတွန် မှာပဲဖြစ်ဖြစ်၊ ဘဂ္ဂဒက်မှာပဲဖြစ်ဖြစ်၊ဘားမား(မြန်မာ) မှာပဲ ဖြစ်ဖြစ် မည်သည့်နေရာ ဒေသတွင်မဆို ရှုံ့ချရမည်ဖြစ်ပါသည်။

ကျွန်တော်တို့အနေနဲ့ ဒီလုပ်ရပ်မျိုးဟာ အစိုးရကနေ နောက်ကွယ်ကကြိုးကိုင်တာပဲဖြစ်ဖြစ်၊အစွန်းရောက် အကြမ်းဖက် သမားတစ်ဦးတစ်ယောက်ရဲ့ လုပ်ရပ်ပဲ ဖြစ်ဖြစ် အားလုံးကို ရှုံ့ချသင့်ပါတယ်။  အကြမ်းဖက်ခံရသူ အပြစ်မဲ့ပြည်သူများဟာ မွတ်စလင်၊ခရစ်ယာန်၊ဂျူး၊ ဟိန္နု အစရှိတဲ့ မည်သည့် ဘာသာ အယူဝါဒကို ခံယူသူ ဖြစ်ပါစေ အပြစ်မဲ့ပြည်သူ များနဲ့အတူရပ်တည်ပြီး ဒီလို အကြမ်းဖက်မှူမျိုးကို မဆိုင်းမတွ ပြင်းပြင်းထန်ထန် ရှုံ့ချလိုက်ပါတယ်။  ကုရ်အာန်ကျမ်းရဲ့ (Al-Israa’ 17: 33)မှာ တိတိကျကျကို ပြဋ္ဌာန်းထားပါတယ်။
“လည်းကောင်းအပြင် အသင်တို့သည် အလ္လာအရှင်မြတ်က တားမြစ်ပညတ်ထားတော်မူသော အသက်ဇီဝိန်ကို မှန်ကန်သော အကြောင်းမရှိပဲလျက် သတ်ဖြတ်ခြင်း မပြုကြရချေ။” ကုရ်အာန်( ၁၇း၃၃)
ကုရ်အာန်ကျမ်းရဲ့ အခြားနေရာတွေမှာလည်း ပြငှာန်းထားပါသေးတယ်။ မည်သူ တစ်ဦးတစ်ယောက် မဆို အပြစ်မဲ့ လူသားတစ်ယောက်ကို သတ်ဖြတ်ခြင်းဟာ လူသားထုတစ်ရပ်လုံးကို  သတ်ဖြတ်ခြင်းနဲ့ ညီတယ်လို့ ဖော်ပြလာရှိပါတယ်။ကျွန်တော်တို့အနေနဲ့ မွန်မြတ်ပြီး အပြစ်မဲ့တဲ့ လူသားတွေရဲ့ အသက်ကို သတ်ဖြတ် အကြမ်းဖက်ခြင်းမှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပြီး  လူသားထုတစ်ရပ်လုံး အတွက် မလိုလားဆန့်ကျင်တဲ့  အကြမ်းဖက် ဝါဒကို အမြစ်ပြတ် ချေမှုန်းသင့်ပါတယ်။

 ဒေါက်တာ ဝါအီ ရှီဟတ်(Head of the Shari`ah Dept. of OnIslam.net)

Dr._Wael_Shihabဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှူ ဖြစ်စဉ်သတင်းကိုကျွန်တော် ကြားကြားချင်းပဲ တုန်လှုပ်သွားခဲ့ပြီး ကမ္ဘာပေါ်ရှိ  သန်းပေါင်းမြောတ်များစွာသော မွတ်စလင်များနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းပြောချင်ပါတယ်။ လူမဆန် သူရဲဘော ကြောင်ပြီး လူ ၃ယောက် သေဆုံး ၁၄၀ ကျော် ဒါဏ်ရာရရှိခဲ့ရတာဟာ အင်မတန် ကြီးမားတဲ့ ပြစ်မှူကြီးဖြစ်ပြီး ဒီလို လုပ်ရပ်ကျူးလွန်သူကို မှတ်လောက်သားလောက်အောင် ပြင်းထန်စွာ အရေးယူ အပြစ်ပေးသင့်ပါတယ်။
မွတ်စလင်တွေနဲ့ အတူ ဘာသာပေါင်းစုံမှ လူများ ပူးပေါင်းပြီး မည်သည့်ဘာသာ မည်သည့်လူမျိုးမဆို အကြမ်းဖက် ခံခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူများဘက်မှရပ်တည်ကာ ဒီလို လုပ်ရပ်မျိုးကို ရှုံ့ချရမည်သာဖြစ်ပါတယ်။

အကြမ်းဖက်ဖြစ်စဉ်မှာ ဒါဏ်ရာရရှိခဲ့သော လူတို့ရဲ့ ကျန်းမာရေး အမြန်ဆုံး တိုးတက်ကောင်းမွန်လာစေရန် အတွက်လည်း ကျွန်တော် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ဒုက္ခရောက်ရသူများကို ကူညီတဲ့ နေရာမှာ မွတ်စလင်များ အနေဖြင့် နွေးထွေးစွာ ပါဝင် ဆောင်ရွက်ကြဖို့ကိုလည်း ဆော်ဩလိုက်ပါရစေ။ ဒီနေရာမှာ  သွေးလှူဒါန်းရေး လှုပ်ရှားမှူ(ကန်ပိန်း) ကို ဦးဆောင် ပေးနေကြတဲ့ အမေရိကန် မွတ်စလင် ခေါင်းဆောင်များကိုလည်း အထူး ကျေးဇူးတင်ရှိပါကြောင်း လေးလေးနက်နက် ပြောကြားပါရစေ။

မွတ်စလင်လူထုအနေနဲ့  အကြမ်းဖက်ခံရသူ ဒုက္ခသည်များကို ကူညီရန် ဆော်ဩထားတဲ့ မွတ်စလင် ခေါင်းဆောင်များရဲ့ စေ့ဆော်ချက်ကို တတပ်တအားလိုက်နာပေးကြဖို့ တောင်းဆိုပါတယ်။ ဒါဏ်ရာရလူများ အမြန်ဆုံးကောင်းမွန်လာပြီးသက်တောင့်သက်သာဖြစ်စေရန်နဲ့ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးတစ် ခုလုံး ငြိမ်းချမ်းလုံခြုံဖို့ အလ္လာအသျှင်မြတ် ထံပါးမှာ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်မျာ။

ဒေါက်တာ မိုဟာမက် အဗ္ဗဒူ အဇစ်(Director of the SALAM Islamic Center, Sacramento, California )

Dr_Mohamed_Abdul-Azeez_2ဒီနေ့ ဗုံးပေါက်ကွဲမှူမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ လူများရဲ့ မိသားစုဝင်များနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ပထမဦးစွာ ပြောချင်ပါတယ်။
ကျွန်တော်အနေနဲ့ မွတ်စလင်များအနေနဲ့ အချင်းချင်းအကြံပြုနေတဲ့ မိမိအိမ်မှာပဲနေပြီး လူအများရှိရာကိုရှောင်ရှားဖို အကြံပြုနေတာကို ကောင်းကောင်းသိပါတယ်။

ကြည့်ရတာ တော်တော်မှန်မဲ့ပုံပဲ မဟုတ်ဘူးလား? လုံးဝ မဟုတ်ပါဘူးခင်မျာ။ ဒါဟာ မှားယွင်းပါတယ်။အခုအချိန်ဟာ ကျွန်တော်တို့ အနေနဲ့ ပိုပြီး အိမ်က အပြင်ထွက်သင့်၊ လူအများနဲ့ စုံဆည်းရာကိုသွားသင့် လူတွေနဲ့ ထိတွေ့သင့်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဆင်ခြင်သင့်သလောက်တော့ ဆင်ခြင်သင့်ပါတယ်။အဲဒီအတွက်တော့  အိမ်ထဲပုန်းနေစရာမလိုပါဘူး။ဘာလို့လဲဆိုတော့ ဒီကိစ္စအတွက် ကျွန်တော်တို့မှာ ဘာအပြစ်မှမရှိဘူး။

လောကကြီးမှာဖြစ်ပျက်နေတာအားလုံးဟာ ကျွန်တော်တို့ အပြစ်မဟုတ်သလို ဒါတွေကို မထိတွေ့ ရှောင်ရှားပြီးတော့လဲနေမယ် ဆိုတာမျိုးဟာ မဖြစ်နိုင်ပါဘူး။မိဘများအနေနဲ့ ကိုယ့်ရဲ့ ရင်သွေးငယ်များအား ကရာတေး သင်တန်း ပို့လွှတ်ခြင်းကို ရပ်တန့်စရာ မလိုအပ်ပါဘူး။ အိမ်ရှင်မများ အနေနဲ့လည်း မိမိတို့ မိသားစုရဲ့ လိုအပ်ချက်များကို ယခင်အတိုင်း ရဲရဲဝင့်ဝင့် ဈေးဝယ်ထွက်ကြပါ။

ကျောင်းသားများအနေနဲ့ အစ္စလာမ်နဲ့ ပတ်သတ်တဲ့ အချက်အလက် တွေကို အတန်းထဲ ကျောင်းဝင်းထဲမှာ အများသိအောင်ပြောပေးကြပါ။

မိသားစုများအနေနဲ့လဲပန်းခြံထဲလမ်းလျှောက်ထွက်မဲ့ အစီအစဉ်ကို ဖျက်ဖို့ မစဉ်းစားကြပါနဲ့။ဖေ့ဘုတ်သုံးတဲ့လူများအနေနဲ့ မိမိကိုယ်ကို အပြစ်တင်တဲ့ စာသားများကို ဖယ်ရှားလိုက်ပါ။ကိုယ်မလုပ်တဲ့ အပြစ်တစ်ခုအတွက် ကိုယ်တောင်းပန်စရာမလိုပါဘူး။ ဘုရားသခင် က လူသားတိုင်းရဲ့  နှလုံးသားမှာ မေတ္တာတရားနဲ့ အကြင်နာတရားကို ချီးမြှင့်တော်မူပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

အီမန် အဖ်ဖရွတ် အလီ(Managing director of Seekers Guidance)

Imam_Afroz_Aliမည်သူတစ်ဦးတစ်ယောက်မဆို ဘော်စတွန်အတွက် ဆုတောင်းနေလျှင် အာဖဂန်နစ္စတန် အတွက် ဆုတောင်းဖို့ မမေ့ပါနဲ့။
အကယ်၍ တစ်ဦးတစ်ယောက်က အာဖဂန်နစ္စတန် အတွက် ဆုတောင်းနေလျှင် ဘော်စတွန် အတွက် မမေ့ပါနဲ့။

သင့်ရဲ့ ဘာသာတရားဟာ လူသားအားလုံးအတွက် ပွင့်လင်းမျှတပြီး ကြင်နာမှူ ဖြစ်စေတဲ့ ဘာသာဖြစ်ပါတယ်။

 

ရှိတ်ဝါလစ် ဘက်စ်ယူနီ(Member of the Assembly of Muslim Jurists in America (AMJA)

Waleed_Basyouniအပြစ်မဲ့ လူကြီးကလေးတွေကို တိုက်ခိုက်တဲ့ ဘော်စတွန် တိုက်ခိုက်မှူဟာ အကြင်နာတရားကင်းတဲ့ လုပ်ရပ်ဖြစ်တယ်။

အကြမ်းဖက်မှူဟာ ဘော်စတွန်မှာဖြစ်ဖြစ် ဘဂ္ဂဒက်ပဲဖြစ်၊ ဘားမား(မြန်မာ)မှာပဲဖြစ်ဖြစ် သို့မဟုတ် ဆီးရီးယားမှာပဲ ဖြစ်ဖြစ် အရုပ်ဆိုးကာ အကျည်းတန်လွန်းပါတယ်။

 

 

မူဖူသောင် အဒေးဝလီ အိုလာလီရေး(Shari`ah Dept. Editor, OnIslam.net )

Mufutau_Adewole_Olaleye ဘောစတွန် တိုက်ခိုက်မှူသတင်း ကျွန်တော်ကြားပြီး အင်မတန်မှပင် တုန်လှုပ်သွားရပါတယ်။ဒီဖြစ်ရပ်ဟာ အင်မတန်မှ ဝမ်းနည်းစရာကောင်းပါတယ်။။ ဒီမာရသွန်ပြေးပွဲဟာ ငြိမ်းချမ်းရေးကို အားပေးတဲ့လုပ်ရပ်ဖြစ်တယ် ၊

ကျွန်တော်တို့ မွတ်စလင်လူထုတစ်ရပ် အနေနဲ့ အကြမ်းဖက်မှူကို ရှုံ့ချပြီး မွတ်စလင်တွေဟာ ငြိမ်းချမ်းမှူကို လိုလားတဲ့  လူတွေဖြစ်ပြီး အခုလို အကျည်းတန်တဲ့ လုပ်ရပ်မျိုး ကို လက်မခံပဲ ပြတ်ပြတ်သားသား ကြေငြာချက် ထုတ်ခဲ့တဲ့ အတွက် အင်မတန်မှ နှစ်ထောင်းအားရဖြစ်မိပါတယ်။ အလ္လာအရှင်မြတ်ထံတော်ပါး၌ ဒီဖြစ်ရပ်မှာ ဓားစာခံဖြစ်ရတဲ့ လူတွေအပေါ် ကြင်နာမှူအပေါင်းခညောင်းပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ် ခင်ဗျာ။

**ကိုအောင်မျိုးဟိန်း M-Media သို့ ပေးပို့သော ဘာသာပြန် သတင်းဆောင်းပါးဖြစ်ပါသည်။

Leave a Reply