5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီရက်ပိုင်း ရုံးမှာအလုပ်ရှုပ်နေတာနဲ့ အပိုင်း ၂ ကို ဆက်မရေးဖြစ်ခဲ့တာပါ။ စိတ်ထဲမှာတော့ အကြွေးတစ်ခုကျန်နေတာမို့ ကသိ ကအောက်နဲ့ပါ။ အက်ဒ်မင်က ကျွန်မရဲ့ပိုစ့်စ်ကို ခရီးသွားဆောင်းပါးဆိုတဲ့ ခေါင်းစဉ်အောက်ထည့်ပေးတာ ကျေးဇူးပါ။ နေရာဒေသ တွေချည်းပဲရေးရတာ ပျင်းစရာကောင်းပါတယ်။ အတွေ့အကြုံလေးပါထည့်ရေးမှ ဖတ်တဲ့သူလဲ စိတ်ဝင်စားမှာပေါ့…နော်။ နောက်ထပ်ရေးပြချင်တဲ့ ဗလီကတော့ ၀န်ချိုင်းဆိုတဲ့အရပ်မှာရှိတဲ့ မက်စ်ဂျစ်ဒ်အမ်မာ နဲ့အွတ်စ်မန်းရမ်ဂျူးစဒစ်အစ္စလာမ်မစ်စင်တာပါ။ ၁၉၈၁ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး လူအယောက် ၇၀၀ဆံ့ပါ တယ်။ ဒီဗလီမှာအမှတ်ရစရာကတော့ မြန်မာပြည်က အိမာမ်တစ် ယောက်ရှိနေတာပါပဲ။ ကျွန်မအမျိုးသားရဲ့ကျောင်း (ဟောင်ကောင်တက္ကသိုလ်) ကို ဂျွမ္မာတစ်ရက်မှာဆရာက ရှေ့ဆောင်အဖြစ် လာရောက်ရင်း စကားပြောဆိုကြရာက ဆရာဟာလားရှိုးဇာတိဖြစ်ကြောင်း၊ ငယ်ငယ်လေးကတည်းက ဟောင်ကောင်ကိုပြောင်းလာ တဲ့အကြောင်းတွေ သိခဲ့ရတာပါ။

ဆရာရော ဆရာ့အစ်မပါ မြန်မာစကားကိုတော်တော်လေးပြောနိုင်ကြပါသေးတယ်။ ဆရာက မြန်မာ ပြည်က ပန်းသေးတရုတ် ဖြစ်ပြီး ဆရာ့အမျိုးသမီးကတော့ ဟောင်ကောင်သူတရုတ်မစစ်စစ်ပါ။ မက်စ်ဂျစ်ဒ်အမ်မာ အပေါ်ထပ် မှာရှိတဲ့ စားသောက်ဆိုင်ကဒင်မ်ဆမ်းက အင်မတန်ကိုအရသာကောင်းမွန်ပါတယ်။ တစ်မြို့လုံးမှာရှိတဲ့ တရုတ်မွတ်စလင်မ်တွေ လာစုနေသလား မှတ်ရအောင် တစ်ဆိုင်လုံး တရုတ်မျက်နှာတွေချည်းပါပဲ။ တစ်ခြားဗလီတွေမှာ တရုတ်မျက်နှာတွေ မတွေ့ခဲ့ရသလောက်ပါပဲ။ ဒါကြောင့်ဆရာက ငါတို့တရုတ်မွတ်စ်လင်မ်တွေက ဗလီတော့မလာဘူး။ စားသောက်ဆိုင်မှာတော့ တိုးဝှေ့နေတာပဲဆိုပြီး အရွှန်းဖောက်ပါ တယ်။ ဒါနဲ့ကြုံတုန်း ဟောင်ကောင်ကလူတွေရဲ့ စားသောက်ပုံကို ပြောပြချင်ပါသေးတယ်။ ကျွန်မတို့တွေ မနက်စာအတူတူစားကြတော့ အိမ်ရှင်ဆရာတို့ လင်မယားကပဲ ဦးဆောင်ပြီး ဒင်မ်ဆမ်းတွေမှာပါတယ်။ ခဏနေ ဒင်မ်ဆမ်းတွေ တစ်ပွဲပြီးတစ်ပွဲ ရောက်လာတယ်။ ပထမပိုင်းတော့ ကျွန်မတို့လဲအပြိုင်စားတာပေါ့။ နောက်ပိုင်း ကိုယ်တွေက ခြေကုန်လက်ပန်းကျသွားပေမယ့် ဒင်းမ်ဆမ်းပွဲတွေကတော့ လာတုန်း၊ ဆရာတို့ကလဲစားတုန်းပဲရှင့်။ ကျွန်မတို့တွေအရှုံးပေးလိုက်ရပါတယ်။ ယာအလ္လာဟ်…သူတို့ ရဲ့ ပိတ်ရက်မှာ သီးသန့်သွားစား သောက်တဲ့ နံနက်စာက ဇိုဟိုရ်ချိန်နီးမှပဲ ပြီးပါရောလားရှင်။

ချိုင်းဝန်ဗလီကတော့ Cape Collinson ဆိုတဲ့အရပ်က ကဗရ်စတန်မှာတည်ရှိတာပါ။ နောက် စတန်လီဗလီကတော့ ဟောင်ကောင်က စတန်လီအကျဉ်းထောင်မှာပါ။ ဒီဗလီတွေအကြောင်းကိုတော့ အင်တာနက်မှာဖော်ပြထားတာတွေလဲ မတွေ့မိ၊ ကျွန်မလဲမရောက်ခဲ့တော့ အကျယ်တ၀င့်တော့ မရေးပြနိုင်ပါဘူး။ ဒီလောက်တိုတဲ့ ပို့စ်လေးကိုရေးဖို့ အချိန် တွေနှောင့်နှေးခဲ့ရတာကို မဂ်ဖ်လုပ်ကြပါရှင်။ အပိုင်း ၁ ကို ဖတ်ရှုပေးတဲ့ မိတ်ဆွေတွေကိုလဲ ဒီနေရာကနေ ကျေးဇူးထပ်တင်လိုက်ပါတယ်။

Aisha

Leave a Reply