5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၃၊ ၂၀၁၃
M-Media
အေးမောင်

ရန်ကုန် ။ ။ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ကျန်စစ်သားအိမ်ယာတွင် အိမ်ရှေ့လမ်းခင်းရာမှ စကားများပြီး မွတ်စလင်မ် မိသားစုကို ၀ိုင်းဝန်းရိုက်နှက်ပြီး အိမ်ကို ညနေ (၅)နာရီဝန်းကျင်ခန့်က ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိပါတယ်။

ယင်းဖြစ်စဉ်အား M-Media မှ လှိုင်သာယာ ကျန်စစ်သားရပ်ကွက်သို့ ဆက်သွယ်မေးမြန်းရာ – “မွတ်စလင်မ်က ဆိုင်ဖွင့်ထားတာ သူတို့က ဈေး shop house မှာနေတာ။ အဲ့ဒီမှာ သမံသလင်းခင်းတာ။ ဆိုင်ကယ်၊ ကား ၀င်ဖို့ထွက်ဖို့လိုတော့ ဈေးကိုပြောတယ်။ ဈေးကတော့ ခင်းပါ။ ကိုယ့်အိမ်ရှေ့ခင်းတာပဲ ခင်းလို့ပြောတယ်။ ဘေးက မိန်းမနှစ်ယောက်က မခင်းရဘူးဆိုပြီး ဆဲဆိုတယ်။ အဲလို ဆဲတော့ မွတ်စလင်မ် အိမ်က အဖိုးကြီးက ရှောင်ပြီး တခြားရပ်ကွက်ကို သွားနေလိုက်တာ။ အမျိုးသားက အဲလို ရှောင်ထွက်နေလိုက်တယ် အဲဒါကို ဟိုမှာ ကျန်ခဲ့တဲ့ သူ့အမျိုးသမီးနဲ့ မိန်းမချင်းရန်ဖြစ်တယ်။ အဲဒါကို တစ်ခြားအမျိုးသားတွေက အဲဒီမွတ်စလင်မ်အိမ်ကို ၀င်ရိုက်ပြီးဖျက်ဆီးတယ်။ ဖျက်တာက ဆိုင်ကိုမဟုတ်ပါဘူး။ အိမ်ကို ဖျက်တာပါ။ လှိုင်သာယာ၊ ကျန်စစ်သားအိမ်ယာ၊ ဈေးလမ်းထဲမှာပါ။

ဖျက်တဲ့သူဘယ်သူတွေဆိုတာ သိပါတယ်။ အဲဒီ ရိုက်ခံရတဲ့အိမ်က ကလေးလေးက ခေါင်းတော်တော်ကွဲသွားတယ်။ ၁၅-နှစ်အရွယ် ၈-တန်းကျောင်းသားလေးပါ။ ကလေးရဲ့ ကျောင်းက ကျောင်းအုပ်ဆရာမကြီးကလည်း ဆေးခန်းလိုက်ပို့ပေးတယ်။

အဲဒီရပ်ကွက်မှာက မွတ်စလင်မ်အိမ်က ၅-အိမ်လောက်ပဲရှိတာပါ။ အခုတော့ အဲဒီ မွတ်စလင်မ်မိသားစုတစ်စုလုံး ရဲစခန်းရောက်သွားပြီ။ ကျန်တဲ့ မွတ်စလင်မ်အိမ်တချို့ကိုလည်း အပြင်မထွက်ဖို့ ဘယ်မှမထွက်ပဲ အိမ်ထဲမှာပဲနေဖို့၊ တစိမ်းတွေလည်း တအားဝင်လာနေတာကြောင့် သူတို့ မထိန်းနိုင်မသိမ်းနိုင်ဖြစ်မှာစိုးလို့ အိမ်ထဲမှာပဲနေပါ။ တစ်ခုခုဖြစ်မှာစိုးလို့ အိမ်ထဲမှာပဲနေပါလို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောထားတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ်ဖြစ်တာ မဟုတ်ပါဘူး။ လမ်းခင်းတဲ့ကိစ္စလေးကနေဖြစ်တာပါ။

အိမ်ဖျက်ခံရတဲ့ မိသားစုကိုတော့ ရဲစခန်းက ခေါ်သွားပါတယ်။ ဖျက်တဲ့လူတွေကိုတော့ ဘယ်လိုအရေးယူလဲတော့ မသိပါဘူး” လို့ လှိုင်သာယာရပ်ကွက်ဒေသခံက M-Media ကို ပြောပြလာပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ပြောစကားကြောင့် မွတ်စလင်မ်အိမ်တွေ အိမ်ထဲက မထွက်ရဲကြပဲ အိမ်ထဲမှာပဲ အလုံပိတ်နေကြတယ်လို့လည်း သိရပါတယ်။

ပြဿနာဖြစ်ပွားနေချိန်တွင် ဝင်ရောက် ဖြန်ဖြေပေးသော သင်္ကြန်အတွင်းရဟန်းဝတ်သူ တစ်ဦး အနည်းငယ်ဒဏ်ရာ ရရှိသွားကြောင်းသိရပါတယ်။

Tags:

Leave a Reply