4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
5 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
5 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကျွန်မလွန်ခဲ့တဲ့  သုံးလေးလလောက်က အလုပ်ကိစ္စနဲ့ ကော့သောင်းနဲ့ မြိတ်ဘက်ကို ရောက်ခဲ့တယ်။ တနင်္သာရီတိုင်းကို ဒါပထမဆုံး အကြိမ်ရောက်ဖူးတာပဲ။ ကော့သောင်းမှာတစ်မြို့လုံး ဘယ်နားကြည့်ကြည့် မွတ်စ်လင်မ်တွေချည်းပဲမို့ စိတ်ထဲမှာအရမ်းလုံခြုံပြီး ဒေသ အသစ်လို့တောင် သိပ်မခံစားရဘူး။ ကော့သောင်းမှာ တစ်ညအိပ်ပြီး မြိတ်ကိုခရီးဆက်ခဲ့ပါတယ်။ ဒီအကြောင်းအရာလေးကို ရေးဖြစ် ဖို့ကလဲ မြိတ်မှာ “သူမ” နဲ့ တွေ့ဆုံပြီးမှ ဖြစ်ခဲ့ရတာပါ။

သူမ ဆိုတာကတော့ အိုင်အန်ဂျီအိုတစ်ခုကဖွင့်လှစ်ထားတဲ့ Drop-in-Centre (DIC) လို့ခေါ်ကြတဲ့ အိပ်ခ်ျအိုင်ဗွီ/အေ့ဒ်စ်ခံစားနေရသူ တွေနဲ့ ဒီရောဂါရနိုင်တဲ့အမူအကျင့်ရှိသူတွေအတွက်ဖွင့်လှစ်ထားတဲ့ နှစ်သိမ့်ဆွေးနွေးမှုတွေပြုလုပ်နိုင်သလို၊ အပန်းလည်းဖြေနိုင်တဲ့ နေရာတစ်ခုမှာ ကျွန်မတွေ့ဆုံခဲ့တဲ့ မိန်းကလေးတစ်ယောက်ပါ။ အလုပ်တာဝန်နဲ့ အဲဒီကိုရောက်ရင်း သူနဲ့စကားပြောဖို့ နာမည်မေး လိုက် တဲ့အချိန်မှာတင် ကျွန်မရင်ထဲမှာ တုန်လှုပ်သွားရပါတယ်။ သူ့နာမည်က “ဂျွမ္မာဘီ” တဲ့။ သူ့အသက်က ၁၈ နှစ်ပဲရှိသေးတယ်။ ဒါပေမယ့် သူ့မှာအိပ်ခ်ျအိုင်ဗွီရောဂါပိုး ရှိနေပြီ။ ၁၃ နှစ်သမီးအရွယ်ကတည်းက လမ်းမှားကိုရောက်ခဲ့ရပြီး အခုအချိန်ထိလဲ သူလမ်းမှန်ကို ပြန်မသွားနိုင်သေးရှာဘူး။ သူနဲ့စကားပြောရင်း မျက်ရည်မကျမိအောင် ကျွန်မမနည်းထိန်းထားရတယ်။ ကလိမာဟ်ကလွဲပြီး ဘာမှ မသိရှာသူ၊ နမားဇ်မဖတ်တတ်ရှာသူ၊ မြန်မာစာဆိုလဲ နာမည်တစ်လုံးပဲ ရေးတတ်တဲ့သူလေးပါ။ ကျွန်မမေးကြည့်တော့ သူ့အမေကတော့ အိမ်မှာ နမားဇ်ဖတ်ပါတယ်၊ ကျန်းမာရေးမကောင်းလို့ သူ့ဝင်ငွေကိုပဲ မှီခိုနေရတယ်လို့ ပြောပြပါတယ်။ အကျဉ်းချုံးပြောရရင် ကျွန်မ သူ့ကို ကျွန်မလဲသူ့အတွက်ဒိုအာလုပ်ပေးမယ်၊ သူကိုယ်တိုင်လဲ ဒီအလုပ်ကရုန်းထွက်နိုင်အောင် ကြိုးစားဖို့ ပြောဖြစ်ခဲ့ပါတယ်။

သူနဲ့တွေ့ပြီးတဲ့နောက် ကျွန်မခေါင်းထဲမှာအတွေးတစ်ခုဝင်လာတယ်။ အခုဆိုရင် ကျွန်မတို့ဆီမှာ အိပ်ခ်ျအိုင်ဗွီ၊ အေ့ဒ်စ်နဲ့ပတ်သတ်ပြီး ပညာပေးတွေ၊ နှစ်သိမ့်ဆွေးနွေးမှုတွေ နောက်ဆုံး အေအာရ်တီဆေး ထောက်ပံ့ပေးအပ်တဲ့ အန်ဂျီအိုတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေ အများကြီးရှိနေပါပြီ။ ဒါပေမယ့် သူတို့တွေခန့်ထားတဲ့ နှစ်သိမ့်ဆွေးနွေးပညာပေးသူ (Cousellor) နဲ့ ပညာပေးသူ (Educator) တွေနဲ့ စကားပြောကြည့်တဲ့အခါမှာ သူတို့က ရောဂါမ ရှိတဲ့သူဆို ရောဂါကူးစက်နိုင်တဲ့အမူအကျင့်တွေကဘယ်လို၊ ဘယ်လိုနေ၊ ဘယ်လိုထိုင်ဆိုပြီး ပြောပြပေးတယ်။ ရောဂါရှိတဲ့သူ ကျတော့ ကိုယ်ကသူများကိုမကူးအောင်၊ သူများဆီကထပ်မံကူး စက်မခံရအောင်ဆိုပြီး နှစ်သိမ့်၊ ဆွေးနွေး၊ ပညာပေးတယ်ပေါ့။ ကျွန်မစဉ်းစားကြည့်မိတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ရောက်နေတဲ့ ဒီလမ်းမှားပေါ်က လူတွေကို သူတို့လုပ်ကိုင်နေတဲ့ အရာတွေ ရပ်တန့်သွားအောင်၊ ရပ်တန့်ချင်လာအောင် ကျွန်မတိုက မကူညီနိုင်ဘူးလား၊ အကောင်အထည်ဖော်ဖို့ မကြိုးစားနိုင်ဘူးလား။ သက်ဆိုင်ရာကိုးကွယ်ယုံကြည်မှုအလိုက်ပညာပေးမှုတွေ၊ အသက် မွေးဝမ်းကျောင်း ပညာရပ်တွေ၊ ၀င်ငွေရရှိစေမယ့် အလုပ်အကိုင်အခွင့်အလမ်းတွေ မဖန်တီးပေးနိုင်ဘူးလား။ နာမည်ကြီး အန်ဂျီအို တစ်ခုကဆရာဝန်မတစ်ယောက်နဲ့တွေ့တော့ သူကပြောတယ်။ ကျွန်မတို့က လူကိုလူလိုပဲမြင်တယ်တဲ့။ ဒီအလုပ်လုပ်တာဟာ သူ့ရဲ့ အသက်မွေးဝမ်းကြောင်းပဲတဲ့။ ဒိအတွက် ဘာမှသူ့ကိုရှုံ့ ချစရာမလိုဘူး။ သူကျန်းမာရေးကောင်းမွန်အောင် ပံ့ပိုးပေးတာပဲလုပ်ရမယ်။ ဒါကျွန်မတို့ရဲ့ ရည်မှန်းချက်ပဲတဲ့။ လူကိုလူလိုဆက်ဆံရမယ်ဆိုတဲ့ သူ့အတွေးကိုကျွန်မလေးစားပါတယ်။ ဒါပေမယ့် ကျွန်မတို့လူကိုလူလို တန်ဖိုးထားပြီး သိက္ခာရှိရှိနဲ့ ၀င်ငွေရှာဖွေနေတာကို မြင်ရတာ ပိုများမကောင်းဘူးလားရှင်။

ရန်ကုန်နဲ့ နယ်မြို့တစ်ချို့မှာ အန်ဂျီအိုတွေက ဖွင့်လှစ်ထားတဲ့ DIC အတော်များများကို ကျွန်မရောက်ဖူးတယ်။ နားခိုရာလို့ သူတို့ နာမည်လှလှပေးပြီး စိတ်သက်သာအပန်းဖြေဖို့ သူတို့ငွေကုန်ကြေးကျ အများကြီး ခံပြီးဖွင့်လှစ်ထားတဲ့နေရာတွေကို ကျွန်မကတော့ အားမနာတမ်း၊ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် မျိုးတူရာ စုပေးပြီး အင်အားကြီးထွားလာအောင် လုပ်ပေးနေသလားလို့ မချင့်မရဲ ဖြစ်မိတယ်။ လူဆိုတဲ့ အမျိုးက အများကြားမှာတစ်ယောက်ဆို ကိုယ့်ကိုယ်ကိုမ၀ံ့မရဲနဲ့ ပြုပြင်ဖို့ကြိုးစားကောင်း ကြိုးစားဦးမယ်။ အားလုံးတူတူပဲဆိုမှတော့ ယုံကြည်မှုတွေအပြည့်နဲ့ ကိုယ့်ရပ်တည်မှုကိုယ် အမှန်လို့မြင်ပြီး ပိုတောင်ခိုင် မာလာဦးမယ်။ နောက် သူတို့ရဲ့ အစီအစဉ်တွေကို ကြည့်လိုက်မိတော့ ရုပ်ရှင်ကြည့်အပန်းဖြေခြင်း၊ ကာရာ အိုကေသီဆိုခြင်း၊ အလှအပပြုပြင်ခြင်း၊ ဇယ်ခုံတောက်ခြင်း စတာမျိုးတွေပါပဲ။ ဘ၀ကို လိုချင်ရက်နဲ့ ဖြစ်ဖြစ်၊ အခြေအနေပေးလို့ပဲဖြစ်ဖြစ် စိတ်လွတ်လက်လွတ်ဖြတ်သန်းနေရတဲ့သူတွေအတွက် သူတို့စိတ်ဝင်စားမယ့် ဒီပျော်စရာအစီအစဉ်တွေ မလိုအပ်ဘူးလို့မပြောပါဘူး။ ဒါပေမယ့် အဲဒီအထဲမှာ သူတို့စိတ်ကို လမ်းမှန်ကို ပြန်လည်ဦးတည်လာစေမယ့် ဘာသာရေးနဲ့ လူမှုရေးဆိုင်ရာဟောပြောမှုတွေ၊ စုပေါင်းလုပ်ဆောင်မှုတွေ ထည့်ပေးလို့မရဘူးလား။ သို့လော သို့လော အတွေးတွေနဲ့ ကျွန်မရင်မှာ တစ်အုံ့နွေးနွေးဖြစ်နေတာ ကြာပြီမို့ MMSY ကမိတ်ဆွေတွေကို ရင်ဖွင့်တဲ့အနေနဲ့ ဒီပို့စ်ကိုရေးဖြစ်တာပါ။ ဒါ ကျွန်မတစ်ဦးတည်းရဲ့ ကိုယ်ပိုင်အမြင်မို့ သဘောထားချင်း တိုက်ဆိုင်ချင်မှလည်း တိုက်ဆိုင်မှာပေါ့။ ဒီလိုရေးခွင့်ရတဲ့အတွက်တော့ Thanks, MMSY 🙂

Aisha

Tags: ,

Leave a Reply