4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
5 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
5 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
5 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
5 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အမေရိကန် စီအိုင်အေနှင့် နေဗီ ဆီးလ် အဖွဲ့တို့မှ အိုစမာ ဘင်လာဒင် ကို ရှင်းလင်းနိုင်ခဲ့တဲ့အပေါ် ယဉ်ကျေးတဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်းက ချီးကျုးခဲ့ကြသည်။ သို့သော် ပါကစ္စတန် အဘော့တ်တဘဒ် မြို့ကြီးမှာ  ကလေးတွေကို အသည်းရောင် ဘီပိုး ကာကွယ်ဆေး ဟန်ပြထိုးရင်း၊ စီအိုင်အေက အကြံအဖန် လုပ်ခဲ့တဲ့ သတင်း ယခုရက်ပိုင်းထွက်လာတော့  ၀ိုင်းဆဲလာကြသည်။

ဘင်လာဒင်ရဲ့ DNA ရဖို့အတွက် အမေရိကန်နှင့် ပါကစ္စန် ကျန်းမာရေးအဖွဲ့တွေ ပူးပေါင်းပြီး အဘော့တ်တဘဒ် တစ်မြို့လုံးမှ ကလေးတွေကို ၂၀၀၇ ခုနှစ်မှာ ဘီပိုး ကာကွယ်ဆေး ထိုးပေးခဲ့သည်။ အိုစမာရဲ့ ခြံဝင်းထဲက ကလေးတွေကိုလည်း ကာကွယ်ဆေး ထိုးပေးပြီး၊ ဘင်လာဒင့်ရဲ့ DNA နှင့် သူ့ကလေးတွေရဲ့ အသံကို ရယူဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ပါကစ္စတန် ကလေးတွေကို ကာကွယ်ဆေး ထိုးပေးမှုကို အကြမ်းဖက်ဝါဒ တိုက်ပွဲအတွက် လက်နက်တစ်ခုအဖြစ် စီအိုင်အေက အသုံးချခဲ့ခြင်း ဖြစ်သည်။ ဘင်လာဒင့် ခြံဝင်းထဲဝင် ကာကွယ်ဆေး ထိုးခဲ့တဲ့ ပါကစ္စတန် ဆရာဝန်နဲ့ နပ်စ်မကို ငွေပေးပြီး၊ စီအိုင်အေမှ အသေအချာ စီစဉ်ခဲ့ခြင်း ဖြစ်သည်ဆိုသည့် သတင်းများ ပေါ်ထွက်နေသည်။

ပြဿနာက ယခုမှ စသည်။ ဆရာဝန်များ၊ ကျန်းမာရေးလုပ်သားများ၊ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများက စီအိုင်အေရဲ့ လုပ်ရပ်အပေါ် ဒေါသထွက်နေကြသည်။ ၄င်း ကာကွယ်ဆေး ထိုးတဲ့ လုပ်ငန်း ရည်ရွယ်ချက်က လူ့အသက်ကို ကာကွယ်ဖို့မဟုတ်ဘဲ၊ လူသတ်ဖို့ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ပေါက်ကွဲကြခြင်း ဖြစ်သည်။

အစကတည်းက မူဆလင်နိုင်ငံများတွင် ကာကွယ်ဆေးထိုးဖို့ အခက်အခဲများ ရှိနေရသည့်အထဲ၊ ယခု သတင်းထွက်လာခြင်းကြောင့် နိုင်ငံတကာကျန်းမာရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင်ဖို့ အခက်အခဲ ရှိလာသည်။

၂၀၀၇ ခုနှစ်မှာ အာဖဂန်နစ္စတန်ကို ကာကွယ်ဆေးထိုးဖို့ သွားတဲ့ နိုင်ငံတကာ ကျန်းမာရေး လုပ်သားများကို စပိုင်အဖြစ်ယူဆပြီး တာလီဘန်များက ရိုက်နှက်လွှတ်ခဲ့သည်။ နိုက်ဂျီးရီးယား မူဆလင် ခေါင်းဆောင်များကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ပိုလီယို ကာကွယ်ဆေး ၀င်ရောက်ထိုးခွင့်ကို မယုံကြည်ဘဲ အကြိမ်ကြိမ် ပယ်ချထားခဲ့သည်။

ယခုနှစ် ဧပြီလတွင် တူရကီ ရဲအရာရှိများက ဆရာဝန်ဟန်ဆောင်ပြီး၊ အိမ် ၈၆ အိမ်ကို သွေးဖိအား တိုင်းခြင်း၊ ဆေးများ သောက်ခိုင်းခြင်း လုပ်ခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ သူတို့ ရှာဖွေနေသည့် လူကို တွေ့ဖို့ အိမ်တွေထဲ ၀င်ပြီး တစ်ဦးချင်းကို အနီးကပ် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ကျန်းမာရေး လုပ်ငန်းများကို အကာကွယ်ယူပြီး တကမ္ဘာလုံးတွင် စပိုင်လုပ်ငန်း လုပ်ဆောင်မှုများ ရှိလာသောကြောင့် ကာယကံရှင် ဆရာဝန်များ၊ ကျန်းမာရေး အဖွဲ့အစည်းများက မကျေမနပ် ဖြစ်နေကြသည်။

Credit မောက္ခ နိုင်ငံတကာသတင်း

Source: Reuters & AP & FA

Leave a Reply