5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန် ၄၊ ၂၀၁၃
M-Media
KK

လားရှိုးမြို့ ။          ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ပြီးခဲ့သည့် မေလ နှောင်းပိုင်းက အကြမ်းဖက်သမားများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်း ခံရသော ဒုက္ခသည်များသည် မန်ဆူ ရှမ်း ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရာမှ ယခုအခါ မိမိနေအိမ်များသို့  ပြန်လည်ပြောင်းရွှေ့သွားကြပြီဖြစ်ကြောင်း သိရသည်။

04

အကြမ်းဖက်သမားများ မီးရှို့မှုကြောင့် ပျက်ဆီးသွားတဲ့ လားရှိုးမြို့ ဂျာမေဗလီဝတ် ကျောင်းတော်ပုံဖြစ်ပါသည်။
Photo Credit- ဧရာဝတီ

မန်ဆူရှမ်း ဘုန်းတော်ကြီးကျောင်းရှိ ဒုက္ခသည်များသည်လည်း မိမိနေထိုင်ရာ ရပ်ကွက်များသို့ ပြန်လည်နေထိုင်နေကြပြီဖြစ်ကြောင်းသိရသည်။ အကြမ်းဖက် မီးရှို့ခံရသော အိမ်များလည်း ပြန်လည်ဆောက်လုပ်ကြမည်ဖြစ်ပြီး၊ ဖျက်ဆီးခံရ၍ ပျက်စီးခဲ့သော အိမ်များလည်း ပြန်လည် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ မီးလောင်ကျွမ်းသွားခဲ့သော ဘာသာရေး စာသင်ကျောင်း မိဘမဲ့ဂေဟာမှ ကလေးများကို လားရှိုးမြို့ ပန်းသေးမိသားစုအသင်းမှ ခေါ်ယူ စောင့်ရှောက်ထားကြောင်းလည်း သိရသည်။

အိမ်များ ပြန်လည်တည်ဆောက်ပြုပြင်နေသကဲ့သို့ မီးရှို့ခံရသော ဗလီအား ပြန်လည်ပြင်ဆင်မှု အခြေအနေအား မေးမြန်းရာ ဗလီကိုလည်း မကြာခင် ပြန်လည်ပြင်ဆင်နိုင်ရန် စီစဉ်ပြုလုပ်နေပြီဖြစ်ကြောင်းကို လားရှိုးမြို့သို့ ဆက်သွယ်မေးမြန်းချက်အရသိရပါသည်။

Leave a Reply