5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန်လ ၁၅၊ ၂၀၁၃
M-Media
သတင်း – ဆူးထက်

ဒေါပုံ နွယ်အေးတွင် လူမျိုး/ဘာသာ မခွဲဘဲ ကလေးငယ်များ ပညာရေးအတွက် စာရေးကိရိယာများလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံ မြို့နယ်၊ နွယ်အေးစွန္ဒီဂျာမေဗလီ၌ ဇွန်လ ၁၅ရက်နေ့က” နွယ်အေးစွန္နီဂျာမေဗလီ သာရေးနာရေးဆပ်ကော်မတီနှင့် သာသနာရေးရာ ကောင်စီ အစ္စလာမ့်တံခွန်တို့မှ ပူးပေါင်း၍ ပဉ္စမကြိမ်မြောက်အဖြစ် ၂၀၁၃-၁၄ ပညာသင်နှစ် စာရေးကိရိယာ ပေးအပ်ပွဲ ” အခမ်းအနားကို နံနက် (၉)နာရီမှ စတင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

P6150131

နွယ်အေးရပ်ကွက်၊ ဗုဒ္ဓဘာသာ နာရေး ကူညီမှုအသင်း အတွင်းရေးမှူး ဦးစိန်မောင်မှ “ကျွန်တော်တို့က တစ်ဖက်ကလည်း နာရေး ကူညီမှု လူမှုရေး ကဏ္ဍတွေ ရှိတယ်။ အခုဆိုရင်လည်း ဘာသာရေးမှာ မခွဲခြားဘဲ ကျွန်တော်တို့ ၀ိုင်းဝန်းပြီး လုပ်ကြတာပါ။ ခုလို ပူးပေါင်းပါဝင် ဆောင်ရွက်တာ နှစ်ကြိမ်မြောက်ပါပြီ။ ကျွန်တော်တို့ ရပ်ကွက်မှာ တကယ်ဒုက္ခရောက်တဲ့သူတွေ၊ ဆင်းရဲတဲ့ သူတွေ အများကြီး ရှိပါတယ်။ ကျောင်းမထားနိုင်တဲ့ ကလေးက အစရှိပါတယ်။ လှူဒါန်းပေးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ကျေးဇူးတင်တယ်။ ကျွန်တော်တို့က ပရဟိတ အနေနဲ့ဆောင်ရွက်ပေးတာပါ။ ကျွန်တော်တို့ရပ်ကွက်မှာ ဘာသာပေါင်းစုံ ရှိပါတယ်။ အားလုံးက ငယ်မွေး ခြံပေါက်တွေကြီးပါပဲ။ ကျွန်တော်တို့ရပ်ကွက်က လူမျိုး ဘာသာမခွဲခြားဘဲ စည်းလုံးမှု ရှိပါတယ်။ အခုလို ပေးအပ်လှူဒါန်းပွဲမှာ အယုတ်အလတ် အမြတ်မရွေး၊ လူမျိုးမခွဲခြားဘူး။ မိသားစု စိတ်ဓာတ်နဲ့ လုပ်ကြတာ ဖြစ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် သူတစ်လှည့် ကိုယ်တလှည့် လူမူရေး လုပ်ငန်းတွေမှာ ၀ိုင်းဝန်းကူညီလုပ်ကိုင် ဆောင်ရွက်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ညီအကိုမောင်နှမ စိတ်ဓာတ်နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံကြတယ်။ ပဋိပက္ခဆိုတာလည်း ဘာမှကို မရှိကြဘူး။ နောင်လာမယ့် ကလေးတွေရဲ့ အနာဂတ်ကို ဖွံဖြိုးတိုးတက်မှု အတွက် ပံ့ပိုးပေးသလို ဖြစ်တဲ့ အတွက် အရမ်းပဲ ၀မ်းသာပီတီ ဖြစ်ရပါတယ်”  ဟု M-Media သို့ပြောသည်။

P6150145

နွယ်အေး စွန္ဒီ ဂျာမေဗလီကြီး၏ အတွင်းရေးမှူး ဦးမောင်ထူးမြင့်မှ ” ခုလို အခမ်းအနား ကျင်းပတာ ဒီအကြိမ်နဲ့ဆိုရင် ငါးကြိမ်မြောက် ဖြစ်ပါတယ်။ ကလေးတွေကို ပညာတက် ဖြစ်စေချင်တယ်။ အဲဒီ့အတွက် ကျွန်တော်တို့က တစ်ဖက်တစ်လမ်းကနေ တပိုင်တနိုင် ကူညီပံ့ပိုးပေးတာပါ။ ကျွန်တော်တို့ ဒီဗလီမှာ မျက်စိ စမ်းသပ်တာတို့ အခါခွင့် သင့်ရင် သင့်သလို လိုအပ်တဲ့ အစီအစဉ်တွေ ပညာရေး ကဏ္ဍတွေမှာလည်း ဆောင်ရွက်ပါတယ်။ မကြာသေးခင်ကပဲ အခြေခံ လူတန်းစားတွေအတွက် ဆေးခန်းလေး ဖွင့်ပေးထားပါတယ်။ ဘာသာလူမျိုး မခွဲခြားဘဲ အကုန်လုံးကို တိုးတက်စေချင်တယ်။ ကျန်းမာရေးတွေ ကောင်းစေချင်တယ်။ အဲလို ရည်ရွယ်ချက်တွေနဲ့ ကျွန်တော်တို့ တက်နိုင်တဲ့ ဥာဏ်စွမ်းလေးတွေနဲ့ လက်လှမ်းမှီသလောက်လေး အားလုံးကို တပြေညီ ဖွံ့ဖြိုး တိုးတက်စေချင်တယ်၊ ကျန်းမာရေးတွေ ကောင်းစေချင်တယ်။ နောင်နှစ်တွေမှာ အလျဉ်းသင့်သလို ကူညီနိုင်တဲ့ဘက်ကနေ ကူညီဆောက်ရွက်ဖို့ အမြဲကြိုးစားနေပါ့မယ်” ဟု M-Media သို့ပြောသည်။

ကျွန်တော်တို့ ရပ်ကွက်က အစဉ်အလာအရ  ဟိုးတုန်းကတည်းက ဘာသာပေါင်းစုံ ညီညီညွှတ်ညွှတ် တိုင်တိုင်ပင်ပင် လုပ်လာခဲ့ကြတာပါ။ အပြန်အလှန် ချစ်ချစ်ခင်ခင် လုပ်ကြပါတယ်။ ဘာသာပေါင်းစုံက ဒီကလေးတွေ ပညာရေး တိုးတက်ဖို့ လာမယ့် အနာဂတ်တွေမှာ တိုင်းပြည်တိုးတက်ဖို့ သယ်ပိုးထမ်းဆောင်နိုင်တဲ့ သားကောင်း သမီးမြတ်တွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပါတယ်” ဗလီ ဥက္ကဌ ဟာဂျီ  ဦးလှဦးမှ  M-Media သို့ပြောသည်။

ကျွန်မက နွယ်အေးရပ်ကွက် သဇင်နွယ်လမ်းမှာနေတာပါ။ ကျွန်မ နာမည်က ဒေါ်လှတင်ပါ။ ကလေးက သုံးယောက် ရှိပါတယ်။ နှစ်တန်း တစ်ယောက်၊ လေးတန်း တစ်ယောက်၊ ခြောက်တန်း တစ်ယောက်ပါ။ အ.မ.က (၅)မှာ တစ်ယောက်ရှိပါတယ်။  အ.မ.က (၄)မှာ နှစ်ယောက် ပညာသင်ကြားနေတာပါ။ မရှိတဲ့ အချိန်မှာ ဒီလို ထောက်ပံ့ကူညီတာမျိုး ရှိတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ခဲတံလိုရင် ၊ စာအုပ်လိုရင် ပူစရာ မလိုတော့ဘူးပေါ့။ ကလေးတွေလည်း စိတ်ချမ်းသာပြီး ပျော်ရွှင်ကြတယ် ”  ဟု M-Media သို့ပြောသည်။

“ကျွန်မ နာမည်က မစန္ဒာထွေးပါ။ သားလေးက လေးတန်း ကျောင်းတက်နေတာပါ။ ကလေးတွေရဲ့ ပညာရေးအတွက် လှူပေးတာ ဖြစ်တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဒီတစ်ခေါက်နဲ့ဆိုရင် ကလေးအတွက် ကျောင်းသုံး ပစ္စည်းတွေ ရတာ နှစ်ကြိမ်ရှိပါပြီ ”  ဟု  ကျောင်းသုံး ပစ္စည်း လာရောက်ထုတ်ယူ သူများထဲမှ ကျောင်းသား မိဘတစ်ဦးမှ M-Media သို့ပြောသည်။

အဆိုပါ အခမ်းအနားတွင် နွယ်အေးရပ်ကွက်ရှိ မူလတန်းမှ တက္ကသိုလ်ဝင်တန်း ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း လူဦးရေ (၁၅၀၀)ကျော်အား စာရေးကိရိယာများ  ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

More Photo

P6150147

P6150143

Leave a Reply