6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇွန်-၁၈၊၂၀၁၃
M-Media

ကိုယ့်ကိုယ်ကိုသတ်သေသွားသော အမေရိကန်နိုင်ငံသား  ဂျိုဒေါန်ရိုမီရို (JoDon Romero)၏အကြောင်းကို Fox News Channel  မှ မဆင်မခြင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သဖြင့် ၄င်း၏ ဇနီးဖြစ်သူ ကလေး ၃ ယောက်မိခင်က မိသားစုအတွင်း ကြေကွဲဝမ်းနည်းခြင်းဒဏ်ရာဖြစ်ပေါ်ခဲ့သည့် အတွက် ထိုသတင်းဌာနအား တရားစွဲဆိုခဲ့သည်။

_68227875_foxscreenရဲဌာနမှ အချိန်အတန်ကြာလိုက်လံဖမ်းဆီးနေခဲ့သော ဂျိုဒေါန်ရိုမီရို (အသက် ၃၃ နှစ်)သည် စက်တင်ဘာလအတွင်း၌ ကိုယ့်ကိုယ်ကို သတ်သေခဲ့သည်။

အစပိုင်းက ထိုသူမှာ မည်သူမည်ဝါဟုမသိရှိခဲ့ရပဲ ၄င်းသူ၏ကလေးများသည် အင်တာနက်မှတစ်ဆင့် ယင်းသတင်းအား ကြည့်ရှုမိခဲ့ကြသည် ဟုဆိုသည်။

သတင်းထုတ်လွှင့်သူတို့သည် သေကြောင်းကြံသတင်းမှာ ပြင်းထန်သော အမှားအယွင်းဖြစ်သွားကြောင်း တောင်းပန်ခဲ့သည်။

အသက် ၉ နှစ်၊ ၁၃ နှစ် နှင့် ၁၅ နှစ်အရွယ် ကလေးများ၏ မိခင်- ဂျိုဒေါန်ရိုမီရို၏ဇနီး အန်ဂျဲလာ ရိုဒရီဂက်ဇ် (Angela Rodriguez) သည် အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်တရားရုံးသို့ တရားစွဲဆိုချက်ကို တင်သွင်းခဲ့သည်။ ၄င်း စွဲဆိုချက်တွင် သူမ၏ကလေးငယ်များသည် သတင်းထုတ်လွှင့်မှုကြောင့် ကြီးစွာစိတ်ထိခိုက်ခဲ့ရပြီး၊ စိတ်ကျ ဝေဒနာခံစားနေရကြောင်း ထည့်သွင်းတိုင်ကြားခဲ့သည်။

သူမသည် သတင်းဌာနအား မမှန်းဆနိုင်သည့်နစ်နာမှုဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၈ ရက်နေ့တွင် ကားတစ်စီးအားခိုးယူခဲ့သော ရိုမီရိုကို ရဲများမှ ၁ နာရီကြာအောင် လိုက်လံဖမ်းဆီးခဲ့ပြီး သေနတ်ဖြင့်ချိန်ရွယ်ထားစဉ် ၄င်းသည် မိမိကိုယ်ကို နားထင်အားသေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်သွားခြင်းဖြစ်သည်။ ထိုစဉ်က သတင်းဌာန၏ ဟယ်လီကော်ပတာသည် အခင်းဖြစ်ပွားနေသော နေရာ၏ အပေါ်တွင်ပျံသန်းခဲ့ကာ သတင်းအား ရိုက်ယူလွှင့်တင်ခဲ့သည်။ သေဆုံးသူသည် ပြစ်မှုအမြောက်အများ ကျူးလွန်နေခဲ့သူဖြစ်ပြီး၊ ခံဝန်ချုပ်ဖြင့် ထောင်မှထွက်လာသူဖြစ်ကြောင်း၊ ၄င်းနောက် ခံဝန်ချက်များအား ချိုးဖောက်ခဲ့သဖြင့် ရဲမှ အလိုရှိနေသူဖြစ်ကြောင်း  ရဲအရာရှိများက ပြောကြားခဲ့သည်။

ဝမ်းနည်းကြေကွဲခြင်းကြောင့်ဖြစ်ပေါ်သော စိတ်ဖိစီးမှုဝေဒနာ

Fox News Channel နှင့် ၄င်း၏မိခင်ကုမ္ပဏီ News Corp အား ယခုလအစောပိုင်းက တရားစွဲဆိုထားသော တိုင်ကြားစာဖိုင်၌ ရိုမီရို၏ကလေးများသည်  မိမိကိုယ်ကိုလုပ်ကြံသောသတင်းတစ်ခုအား သတင်းဌာနမှထုတ်လွှင့်နေသည်ဟု ကျောင်းတွင် ကြားသိခဲ့ကြောင်း၊ ထို့ကြောင့် အိမ်ပြန်ရောက်လျှင်ရောက်ချင်း YouTube မှရှာဖွေကြည့်ရှုခဲ့ကြောင်း၊ ကြည့်ရှုနေချိန်ကျမှ ၄င်းတို့၏ဖခင်ကိုယ်တိုင်ဖြစ်နေသည်ကို တွေ့လိုက်ရကြောင်း ဖော်ပြထား၏။

သတင်းအားထုတ်လွှင့်ပြီးပြီးချင်းတွင် Fox News မှ သတင်းတင်ဆက်သူသည် ထိုသတင်းအား အချိန်ယူတည်းဖြတ်ပြီးမှ ထုတ်လွှင့်ပြသသင့်ကြောင်း ပရိသတ်များအား ပြောဆိုတောင်းပန်ခဲ့သည်။ နောက်ပိုင်းတွင် သတင်းဌာန၏ စီမံခန့်ခွဲသူသည် ထပ်မံ၍ တောင်းပန်ခဲ့ပြီး၊ ဆိုးဝါးသည့်အမှားအယွင်းဟုဆို၍ သတင်းအား ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

ရိုဒရီဂက်ဇ်မှပြောသည်မှာ သူမ၏ကလေးငယ်များသည် ယင်းဖြစ်ရပ်ကိုမြင်ပြီးနောက် ပြင်းပြင်းထန်ထန် စိတ်ဒဏ်ရာရခဲ့ကြောင်း၊ ထို့နောက် မြင်ယောင်စိုးကြောက်၍လန့်နိုးအိပ်မပျော်ခြင်းအပါအ၀င် Post-Traumatic Stress Disorder ခေါ် ပရိဒေ၀ကြောင့် စိတ်ကျဝေဒနာ၏ ရောဂါလက္ခဏာများဖြစ်ပေါ်လာကြောင်း ပြောကြားခဲ့သည်။
အကြီးဆုံးနှင့်ဒုတိယ ကလေးငယ်နှစ်ဦးသည် ၄င်းတို့၏ဖခင် သေဆုံးပြီးကတည်းက စာသင်ကျောင်းသို့ ခြေဦးမလှည့်တော့ကြောင်း သူမက ဆက်လက်ပြောပြခဲ့သည်။.

Ref: BBC

Tags:

Leave a Reply