10 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်- ၅ ၊ ၂၀၁၃
M-Media

ဘာသာပြန်- မြင့်မိုရ်မောင်မောင်

“ တရုတ်ပြည်က လုပ်ရပ်တစ်ချို့ဟာလည်း မျိုးဖြုတ်သုတ်သင်မှု အသွင်ဆောင်နေပါတယ်။ အဲ့ဒါကို Genocide ကလွဲပြီး ဖော်ပြလို့ရတဲ့ တခြားစကားလုံး မရှိဘူး ” လို့ တူရကီဝန်ကြီးချုပ် သွိုင်ယစ်ဘ် အာဒိုဂန် ဆိုလိုက်ပါတယ်။ ၂၀၀၉ ခုနှစ်၊ ဇူလိုင် ၅ ရက် အရေးအခင်းကာလအတွင်း စင်းကျန်းပြည်နယ်သားတွေအပေါ် ဆက်ဆံပြုမူခဲ့တဲ့ တရုတ်အာဏာပိုင်များရဲ့ ပေါ်လစီကို ရည်ညွှန်းပြောဆိုခြင်းဖြစ်တယ်။

Arguing Genocide in Xinjiang

စင်းကျန်းနယ်၊ ဥဂါးရ်ပြည်သူတွေအပေါ် ၂၀၀၉ ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး အလားတူမှတ်ချက်မျိုးကို သမိုင်းကြောင်းအရ ပြန်ကောက်ကြည့်ယင် မျိုးဖြုတ်သုတ်သင်မှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက စတင်ခဲ့တာပါ။

၁၉၄၈ ခုနှစ် ကွန်ဗင်းရှင်း၊ အခန်း ၂၊ မျိုးဖြုတ်သုတ်သင်မှုဆိုင်ရာကာကွယ်ရေးနှင့်အရေးယူခြင်းကဏ္ဍမှာ မျိုးဖြုတ်သုတ်သင်မှု – Genocide ကို “ နိုင်ငံသား သို့မဟုတ် လူမျိုးစု သို့မဟုတ် လူမျိုးနွယ် သို့မဟုတ် ဘာသာရေး အုပ်စုတစ်ရပ်ရပ်အပေါ် တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ သိမ်းကျုံး၍ဖြစ်စေ ပျက်စီးအောင် ရည်ရွယ်ဆောင်ရွက်ခြင်း ” ဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

တစ်ဆက်တည်းမှာဘဲ အဲ့ဒီရည်ရွယ်ဆောင်ရွက်မှု အထမြောက်စေတဲ့ အခြေအနေနှစ်ရပ်ကိုလည်း ဖော်ပြထားပါတယ်။
(က) အုပ်စုတစ်စုရဲ့ဘ၀အနေအထားတွေအပေါ် တစ်စိတ်တစ်ပိုင်းဖြစ်စေ အားလုံးကိုဖြစ်စေ တမင်သက်သက်အားဖြင့် ရုပ်ပိုင်းအရ ပျက်စီးဆုံးရှုံးအောင် တွက်ချက်ကြံဆောင်တာ
(ခ) အုပ်စုဝင်တွေကို သတ်ဖြတ်တာ

တရုတ်နိုင်ငံကို လူမျိုးအနွယ်ဝင်အုပ်စု ပေါင်း ၅၆ မျိုးနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်တယ်။ အစိုးရရဲ့စာရင်းဇယားအရ တရုတ်ပြည်လူဦးရေ သန်း ၁၂၀0 အနက် ၉၁.၆ % က ဟန်လူမျိုးတွေဖြစ်တယ်။ လူနည်းစုဝင် ဥဂါးရ်မွတ်စ်လင်မ်တွေက ပဉ္စမမြောက် လူဦးရေအများဆုံး နဲ့ ၈.၅ သန်းဝန်းကျင် ရှိကြတယ်လို့ ၂၀၀၀ ခုနှစ် နောက်ဆုံးကောက်ယူစာရင်းအရ သိရတယ်။

ကီလိုမီတာ ၁.၆၆ သန်းပတ်လည်ကျယ်ဝန်းတဲ့ စင်းကျန်းနယ်မှာ ဒုတိယအကြီးဆုံး ရေနံသိုက်ကြီးရှိတယ်။ တန်ချိန်ပေါင်း ၂၇.၄ သန်းကို ထုတ်လုပ်ပေးနိုင်တယ်။

၂၀၁၀ ခုနှစ်အတွင်း သဘာဝဓာတ်ငွေ့တန်ချိန်ပေါင်း သန်း ၆၀ အထိ ထုတ်နိုင်ခဲ့တယ်လို့ ခန့်မှန်းကြတယ်။ သတ္ထုအမျိုးအစားပေါင်း ၁၃၈ မျိုးထဲက – တန်ချိန်ပေါင်း ၂.၁၈ ထရီလီယံ ကျောက်မီးသွေးသိုက်ကို ပိုင်ဆိုင်တဲ့ဒေသပါ။

ပထ၀ီဝင်အနေအထားအရ သယံဇာတပေါကြွယ်ပြီး၊ အကြီးဆုံး တာရင်မ်မြစ်ကြီးအပါအ၀င် ဒေသတွင်းမှာ မြစ်ပေါင်း ၃၀၀ ကျော်နဲ့ အကြီးမားဆုံး ရေကြည်ကန်အပါအ၀င် ရေကန်ကြီးပေါင်း ၁၀၀ ရှိတယ်။ ရေခံမြေခံကောင်းပြီး ကျယ်ဝန်းလှတဲ့အတွက် စိုက်ပျိုးရေးထုတ်ကုန်မျိုးစုံကိုလည်း ပြည်ပကို တင်ပို့နိုင်ကြတယ်။

ထပ်ဆိုရယင် မွန်ဂိုလိယား၊ ရုရှ၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျီကစ္စတန်၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ အိန္ဒိယ နိုင်ငံရှစ်ခုနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့အတွက်လည်း တရုတ်ပြည်ကုန်းတွင်းပိုင်းအတွက် အဓိကပြူတင်းပေါက်တစ်ခု ဖြစ်နေတယ်။

ဖော်ပြထားမှုတွေအပါအ၀င် အခြားသောအချက်အလက်များကြောင့် စင်းကျန်းပြည်နယ်ဟာ တရုတ်ကွန်မြူနစ်အစိုးရ အဖို့ အလွန်အရေးပါတဲ့ မဟာဗျူဟာဒေသလို့ ဆိုရပါမယ်။ ဒါကြောင့် ၁၉၄၈ ခုနှစ်ကတည်းကစပြီး နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူဦးရေတိုးပွားနှုန်း အပါအ၀င် အရာအားလုံးကို တစ်ဖက်စွန်းရောက် မူဝါဒတွေချမှတ်လို့ ကြမ်းတမ်းပြင်းထန်တဲ့အရေးယူခြင်းနဲ့အတူ ငြိမ်ဝပ်အောင် ကိုင်တွယ်ထိန်းချုပ်ထားခဲ့တာဖြစ်တယ်။

ကွန်မြူနစ်နိုင်ငံထဲ တစ်သားတည်းကျအောင် သွတ်သွင်းမရတဲ့ အဓိကအတားအဆီးကြီးတစ်ရပ်က မားမားမတ်မတ် ရှိနေတယ်။ အဲ့ဒါကတော့ ဥဂါးရ်လူမျိုးစုတို့ရဲ့ တမူထူးခြားကွဲပြားလှတဲ့ ယဉ်ကျေးမှု ပါဘဲ။ ဒီဒေသက အစ္စလာမ်သာသနာကို အေဒီ ၆၇၅ ကတည်းက ထိတွေ့မှုရှိလာခဲ့တဲ့အတွက် ဥဂါးရ်ယဉ်ကျေးမှုဟာ အလွန်ခိုင်မာအမြစ်တွယ်ထားပြီး ဖြစ်တယ်။

ချင်မင်းဆက် တရုတ်မန်ချုးအင်ပါယာက အရှေ့တာကစ္စတန်ကို ၁၈၈၄ ခုနှစ်မှာ အဓမ္မကျူးကျော်သိမ်းပိုက်ပြီး စင်းကျန်း(ရှင်းကျန်း) အဖြစ် အမည်ပြောင်းလိုက်တယ်။ အဲ့ဒီအချိန်ကစပြီး တရုတ်တို့ရဲ့ဒေသတစ်ခုလုံးကိုထိန်းချုပ်လိုမှုအပေါ် ဥဂါးရ်တို့ရဲ့ခုခံမှုဟာ မကြာခဏဆိုသလို ဖြစ်ပေါ်နေခဲ့တာပါဘဲ။ ၁၉၄၄ ခုနှစ်မှာတည်ထောင်လိုက်တဲ့ အရှေ့တာကစ္စတန်သမ္မတနိုင်ငံကို ပီကင်းက ဖြိုလဲနိုင်လိုက်တဲ့ အချိန်အထိ ဖြစ်ပွားခဲ့ရတယ်။

၁၉၄၉ ခုနှစ်ကစပြီး ဟန်တရုတ်တွေဟာ ၆ % ကနေ ၄၀ %အထိ တိုးပွားခဲ့တယ်လို့ ၂၀၀၁ ခုနှစ် တရားဝင်စာရင်းက ဆိုတယ်။ ဒေသတွင်း လူဦးရေကို အပြောင်းအလဲလုပ်ဖို့အတွက် တရုတ်အစိုးရက ဟန်လူမျိုးတွေကို ဒီဒေသထဲ အစီအစဉ်ရှိရှိ သွတ်သွင်းခဲ့တယ်။ ပြီးတော့ စင်းကျန်းကနေ ဥဂါးရ်တွေကို မောင်းထုတ်နိုင်ရေးအတွက် ဘ၀ရပ်တည်မှု အခြေအနေတွေကို ခက်ခဲကြမ်းတမ်းအောင် ဖန်တီးခဲ့ကြတယ်။

ရုပ်ပိုင်းဆိုင်ရာချည့်နဲ့အောင် ပျက်ရာပျက်ကြောင်း တမင်ကြံစည်မှုများ
—————————————————————————
ပြောင်းဝင်လာကြတဲ့ ဟန်လူမျိုးတွေဟာ သွားလာရေး၊ အိုးအိမ် နဲ့ အာမခံကိစ္စတွေမှာ အမြဲလိုလို အခမဲ့ခံစားခွင့် ရကြတယ်။ ဒါ့အပြင် အလုပ်အကိုင်ရှာဖွေဖို့နဲ့စီးပွားရေးလုပ်ကိုင်နိုင်ဖို့ အစိုးရဖက်က ကူညီပေးကြတယ်။ စင်းကျန်းရဲ့ မြို့တော် အူရွမ်ကီ မှာရှိတဲ့ အစိုးရလက်အောက်အလုပ်သမားဌာနမှ ကြေငြာချက်တစ်ခုကိုကြည့်လိုက်ပါ “ ရုံးတွင်း ၀န်ထမ်းတစ်ဦး အလိုရှိသည်၊ အသက် ၁၈ မှ ၄၀ နှစ်အတွင်းဖြစ်ရမည်၊ အထက်တန်းအောင်လက်မှတ်ရပြီးသူ ဖြစ်ရမည်၊ ဟန်လူမျိုးများအတွက်သာ ” တဲ့။ (LATimes, July 11)

စင်းကျန်းမှာ ဥဂါးရ်လူမျိုးအလုပ်သမား ၁.၅ သန်းလောက်က အလုပ်လက်မဲ့ ဖြစ်နေကြတယ်။ Amnesty ရဲ့ ၂၀၀၉ ခုနှစ်၊ ဧပြီလအစီရင်ခံစာအရ တရုတ်ပြည်ဥဂါးရ်တိုင်းရင်းနွယ်တွေဟာ ဟာရှာ hashar အမည်ရှိ စံနစ်တစ်ခုအောက်မှာ ဒုက္ခရောက်ကြရတယ်။ လယ်သမားမိသားစုအိမ်တိုင်းက တစ်ဦးစီကို လုပ်ခမရရှိတဲ့ စိုက်ပျိုးရေး၊ အခြေခံတည်ဆောက်ရေး နဲ့ အခြားအများပြည်သူဆိုင်ရာလုပ်ငန်းခွင်ထဲ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြတယ်။ ရံဖန်ရံခါ တစ်နှစ်အတွင်း အကြိမ်ကြိမ် ခိုင်းစေခံကြရတယ်။

လုပ်အားခ တစ်ပြားမှမရ၊ နေစရာအခန်း သို့မဟုတ် တန်းလျားအဆောင် မပေးတဲ့အပြင် ကိုယ့်စားရိတ်နဲ့ကိုယ် အကုန်ကျခံသွားလာစေခဲ့တယ်။ မြေကွက်လပ်ဟင်းလင်းပြင်မှာ အိပ်စက်ကြရတယ်၊ အသင့်စားခေါက်ဆွဲတွေကို အလုပ်ကြမ်းလုပ်တဲ့နေ့ရက်တွေကလွဲပြီး ဘာမှမစားသောက်ကြရဘူးလို့ လူများစွာက ဆိုပါတယ်။ (Amnesty)

ရှိပါသေးတယ်။ လူမှု-စီးပွားဆိုင်ရာ ဘက်ညီမျှတမှု ရှိမနေတာကိုလည်း အချက်တစ်ရပ်အဖြစ် ထင်ထင်ရှားရှား တွေ့ရတယ်။ စင်းကျန်းမှာ လာပြီးအခြေစိုက်တဲ့ ဟန်တရုတ်လူမျိုးတွေထက် ဥဂါးရ်လူမျိုးတွေက ပျမ်းမျှအားဖြင့် ဘ၀ပြေလည်မှု ၁၀ နှစ်စာလောက် ကျန်ရစ်နေခဲ့တာပါဘဲ။ (Human Rights Watch)

“ အစိုးရက ဥဂါးရ်လူမျိုးတွေကို သူတို့ရဲ့ကျွန်အဖြစ် ဇာတ်သွင်းချင်နေကြတယ်။ ကျွန်တော်တို့လူမျိုးတွေ ကွယ်ပျောက်သွားဖို့ကိုလည်း သူတို့က လိုလားနေကြတယ် ” ဟု အူရွမ်ကီရှိ အထည်ကုန်သည်တစ်ဦးက Christian Science Monitor ကို ပြောကြားခဲ့ပါတယ်။ (CSMonitor)

ဘာသာရေးရပ်တည်မှုအား တိုက်ခိုက်ခြင်း

စင်းကျန်းမှာရှိတဲ့ ဟန်လူမျိုးတွေအပေါ် စီးပွားရေးမျက်နှာသာပေးမှုဆိုတာလည်း ဥဂါးရ်လူမျိုးစုရဲ့ဘာသာရေး၊ ယဉ်ကျေးမှုလွတ်လပ်ခွင့်တွေကို ကြမ်းကြမ်းတမ်းတမ်း ချုပ်ခြယ်မှုနဲ့အတူ ဒွန်တွဲထားကြတယ်။

ဥဂါးရ်တွေရဲ့လူမျိုးရေးရပ်တည်ချက်ထဲမှာ အစ္စလာမ့်အရောင်က ခိုင်ခိုင်မာမာရှိနေကြောင်း သိတဲ့အတွက် အစ္စလာမ်ကို အမြစ်လှန်နိုင်အောင် တရုတ်အစိုးရက အပြင်းအထန် ဖြိုလဲနေခြင်းဖြစ်တယ်။ သီးခြားရပ်တည်လိုသူများလို့ အစိုးရက မိမိဖာသာတွေးထင်ထားသူများအတွက် ဘာခြေကုပ်မှမရှိအောင် ရည်ရွယ်တာလေ။

အဖွဲ့အစည်းကနေ လူပုဂ္ဂိုလ်တစ်ဦးချင်းအဆင့်အထိ ဘာသာရေးနှိပ်ကွက်မှုတွေ ပြုလုပ်စေတယ်။

၂၀၀၁ ခုနှစ်၊ အောက်တိုဘာလမှာ စာသင်ကျောင်းတစ်ကျောင်းနဲ့ကပ်လျက်တည်ရှိတဲ့ ဗလီဝတ်ကျောင်းတစ်ခုကို မခိုင်မာတဲ့ အကြောင်းပြချက်နဲ့ ကော်ဇောစက်ရုံအဖြစ် ပြောင်းလဲ ပစ်လိုက်ကြောင်း စင်းကျန်းက ဥဂါးရ်တွေအပေါ် ဘာသာရေးဖိနှိပ်မှုနဲ့စပ်လျဉ်းပြီး HRW အစီရင်ခံစာက ဖော်ပြခဲ့တယ်။

တစ်နှစ်လွန်ပြီးနောက် စင်းကျန်းတရုတ်အာဏာပိုင်များက ဒေသတွင်းမှာ ဗလီဝတ်ကျောင်းဆောက်လုပ်ခွင့် အလျဉ်းမရှိတော့ဘူးလို့ တရားဝင်ပိတ်ပင်လိုက်ပါတယ်။ နောက်တစ်ဆင့် တက်ပြီး ရာနဲ့ချီတဲ့ ဘာသာရေးကျမ်းဂန်တွေ၊ တိတ်ခွေတွေကို သိမ်းယူခဲ့ယုံမက ဘာသာရေးအဆောက်အဦးတွေကိုလည်း ရှင်းလင်းဖျက်ဆီးလိုက်ကြတယ်။

အစိုးရ၀န်ထမ်းမွတ်စ်လင်မ်များဟာ ၀တ်ပြုခြင်း၊ ဥပုသ်သီလစောင့်ခြင်း စတဲ့ ဘာသာရေးကျင့်ရပ်တစ်ခုခုကို ပြုလုပ်တာနဲ့ အလုပ်ပြုတ်ဖို့သေချာသလောက် ဖြစ်သွားရတဲ့အထိပါဘဲ။ ဒါဟာ စင်းကျန်းက မွတ်စ်လင်မ်တွေရဲ့ နေ့တစ်ဓူဝဘ၀ဖြတ်သန်းမှုကို လှစ်ဟပြသနေခြင်းဖြစ်တယ်။

သောကြာနေ့မှာဆိုယင် မွတ်စ်လင်မ်ကျောင်းသူကျောင်းသားတွေကို ကျောင်းထဲကပေး မထွက်ဘဲ ကျောင်းထဲမှာသာ နေ့လည်စာ စားခိုင်းတယ်။ သောကြာနေ့ဝတ်တက်မှု မလုပ်နိုင်အောင် တားဆီးပိတ်ပင်တဲ့ အဓမ္မမှုတစ်ခုပေါ့။ တစ်ခါ အသက် ၁၈ နှစ်အောက် မွတ်စ်လင်မ်ကလေးငယ်တွေကို ဗလီဝတ်ကျောင်းသွားခွင့် မပြုဘူး။ ဘာသာရေးပညာသင်ကြားခွင့်လည်း မပေးကြဘူးလို့ Amnesty အစီရင်ခံစာက ဖော်ပြခဲ့တယ်။

စင်းကျန်းဥဂါးရ်ပြည်နယ်ဥပဒေ အခန်း ၁၄ မှာ ထည့်သွင်းထားတဲ့ လူနည်းစုပြည်နယ်များအားကာကွယ်ရေး(နှိပ်ကွက်ရေး)ဥပဒေပါစည်းမျဉ်းများဟာ တရုတ်ပြည်တွင်းထဲမှာလည်း အကောင်အထည်ဖော်ခဲ့ကြတယ်။ အဲ့ဒါကတော့ – မိဘတွေ၊ တရားဝင်အုပ်ထိန်းသူတွေဟာ လူနည်းစုဝင်ကလေးတွေကို ဘာသာရေးဆောင်ရွက်မှုများမှာ ပါဝင်ခွင့် မပြုရဘူး ဆိုတဲ့အချက် ဖြစ်တယ်။

၂၀၀၉ ခုနှစ်မှာထုတ်ပြန်တဲ့ Amnesty နောက်ထပ်အစီရင်ခံစာထဲမှာ ယူနန်ပြည်နယ်၊ ဟွေ(မွတ်စ်လင်မ်)ရပ်ဝန်းထဲ နေထိုင်ပြီး ပညာသင်ကြားနေကြတဲ့ အသက် ၈ နှစ်က ၁၄ နှစ်ကြားကလေးတွေကို ရဲတွေက ဖမ်းဆီးပြီး ပိုင်ကျားဟူ အကျဉ်းထောင်ထဲ ထိန်းသိမ်းချုပ်နှောင်လိုက်ကြတယ်။ တတ်စွမ်းနိုင်တဲ့မိဘများက တစ်ဦးကို ဒေါ်လာ ၃၁၄၀ နဲ့ ရွေးယူတဲ့အတွက် ကလေးငယ် ၁၀ ဦးလွတ်မြောက်သွားတယ်။ ငွေပေးမရွေးယူနိုင်ကြတဲ့ မိဘများကိုတော့ ဘာသာရေးအလုပ်ကို တရားမ၀င်ဆောင်ရွက်မှုနဲ့ သူတို့ကလေးတွေကို စီရင်သွားမယ့်အကြောင်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ (Amnesty)

စင်းကျန်းပြည်နယ်တောင်ပိုင်းက မွတ်စ်လင်မ်အမျိုးသမီးတွေဟာ ဦးခေါင်းခြုံလွှာ(ဟိဂျာ့ဗ်)ကို စွန့်ဖို့ ငြင်းဆန်ယင် တရုတ်အာဏာပိုင်များက ဒဏ်ငွေ ဒေါ်လာ ၃၆၀ ပေးဆောင်ခိုင်းတယ်လို့ ပြည်တွင်းသတင်းဌာနများက ဆိုပါတယ်။ အဲ့ဒီ ဒဏ်ငွေပမာဏဟာ ဥဂါးရ်လယ်သမားတစ်ဦးရဲ့ ငါးနှစ်စာဝင်ငွေနဲ့ ညီမျှနေပါတယ်။ (uygur.org)

လူမျိုးစုဝင်များအား သတ်ဖြတ်ခြင်း

နျူကလိယတိုးမြှင့်ဖော်ဆောင်ရေးအစီအစဉ်အရ တရုတ်အာဏာပိုင်များဟာ စင်းကျန်းနယ်၊ လော့ပ်နူးရ်မှာ ၁၉၆၄ ခုနှစ်ကတည်းက နျူကလိယစမ်းသပ်မှု ၄၃ ကြိမ် လုပ်ဆောင်ခဲ့ပြီးဖြစ်တယ်။ ၁၉၈၀ ခုနှစ်တိုင်အောင် ဟင်းလင်းပြင်လေထုထဲစမ်းသပ်မှုက ၂၃ ကြိမ်အထိရှိခဲ့တယ်။ ဗဟိုကွန်မြူနစ်အစိုးရက ဒီစမ်းသပ်မှုတွေ အဆုံးသတ်ပြီဖြစ်ကြောင်း ၁၉၉၆ ခုနှစ်မှာ ကြေငြာခဲ့တယ်။ (GreenPeace)

လေထုဟင်းလင်းပြင်အတွင်း နျူကလိယစမ်းသပ်ခြင်းက ကင်ဆာရောဂါ၊ အင်္ဂါမစုံကလေးငယ်မွေးဖွားမှု နဲ့ အချိန်မတန်မီ မီးဖွားပြီး အသေမွေးဖွားမှုတို့ကို ဖြစ်ပေါ်ပြန့်ပွားစေပါတယ်။

၁၉၆၄ ခုနှစ်ကတည်းက လော့ပ်နူးရ် (Lop Nor)မှာ တရုတ်တွေရဲ့စမ်းသပ်မှုကြောင့် ပေါ်ထွက်လာတဲ့ ရေဒီယိုသတ္တိကြွမှု ပမာဏ ကို ” Radioactive Heaven and Earth ” စာအုပ်မှာ အသေးစိပ်ဖော်ပြထားပါတယ်။ အဲ့ဒီစာအုပ်ကို ၁၉၉၁ ခုနှစ်က နျူကလိယစစ်ပွဲတားဆီးရေး (Prevention of Nuclear War – IPPNW) အတွက် နိုင်ငံတကာရူပဗေဒပညာရှင်များမှ ရေးသားထုတ်ဝေခဲ့ကြတာပါ။

Lop Nur ဒေသထဲ လေထုအတွင်း နျူကလိယစမ်းသပ်မှုကြောင့် ထွက်ရှိလာတဲ့ ပလူတိုနီယံ-၂၃၉ အလေးချိန်ပမာဏဟာ စုစုပေါင်း ၄၈ ကီလိုဂရမ်နီးပါးရှိတယ်လို့ ခန့်မှန်းထားကြတယ်။ ပလူတိုနီယံ-၂၃၉ တစ်ဂရမ်ရဲ့ အပုံတစ်သန်းပုံတစ်ပုံလောက် ရှူရှိုက်မိတာနဲ့ ကင်ဆာရောဂါဖြစ်လာနိုင်ကြောင်း IPPNW ကဆိုထားတယ်။

ဒါ့အပြင် စထရွန်တီယမ်-၉၀ ယူနစ်ပေါင်း ၁.၃ သန်းကလည်း လေထုထဲ ပျံ့နှံ့သွားပြီဖြစ်တယ်။ စထရွန်တီယမ်-၉၀ က အရိုးထဲအထိ ၀င်ရောက်ပြီး လူ့ခန္ဓာကိုယ်ထဲ ခိုအောင်းလို့ ကာလအတန်ကြာအောင် ရေဒီယိုသတ္တိကြွမှုကို ဖြစ်ပေါ်စေတတ်ပါတယ်။

အပြင်းစား ရိုက်ချိုးချက်

၁၉၉၆ ခုနှစ်မှာ တရုတ်ဗဟိုအစိုးရက မိမိတို့ခွင့်မပြုတဲ့ ဘာသာရေးဆောင်ရွက်ချက်တွေ နဲ့ (မိမိဖာသာထင်မြင်သတ်မှတ်ထားတဲ့) သီးခြားဆန်မှုထောက်ခံသူတွေကို ပစ်မှတ်ထားဦးတည်ပြီး ပြင်းပြင်းထန်ထန် ကျယ်ကျယ်ပြန့်ပြန့် ရိုက်ချိုးမယ့်အကြောင်း ကြေငြာခဲ့တယ်။ အဲ့ဒီ ကမ်ပိန်းအမည်က “Strike Hard” (Yan Da) လို့ ခေါ်တယ်။

စင်းကျန်းမှာ ဘာသာရေးနဲ့ယဉ်ကျေးမှုရေးရာများအပေါ် အစိုးရရဲ့တင်းကြပ်ကန့်သတ်မှုများကို ယီနင်းမြို့ခံများစွာက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာပါ။ ဒါပေမယ့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက်တုန့်ပြန်ခဲ့ကြတယ်။ လက်နက်မဲ့ဆန္ဒပြသူတွေကို ပစ်ခတ်ခဲ့ကြရာမှာ တရားဝင်မှတ်တမ်းများအရ လူ ၁၀ ဦးသေဆုံးပြီး ၁၉၈ ဦးဒဏ်ရာရခဲ့တယ်။ လူပေါင်း ၅၀၀ အထိ အဖမ်းခံလိုက်ရတယ်။

၂၀၀၀ ခုနှစ်၊ စက်တင်ဘာလမှာ ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ Zhu Rongji က တရုတ်ပြည်ရဲ့ညီညွတ်ရေး နဲ့တည်ငြိမ်ရေးထိပါးမှုအန္တရာယ်တွေကို ရင်ဆိုင်ဖို့အတွက် စင်းကျန်းနယ်ထဲမှာ “သံလက်သီး”တစ်လုံးပစ်သွင်းဖို့ လိုအပ်လာပြီဆိုပြီး ကြေငြာခဲ့တယ်။

၂၀၀၈ ခုနှစ်မှာ ဥဂါးရ်ခွဲထွက်ရေးသမားတွေရှိနေတယ်ဆိုတဲ့ မတရားစွပ်စွဲချက်နဲ့ အာဏာပိုင်များက ဥဂါးရ်လူမျိုးတွေကို ရှင်းလင်းဖို့ အကြမ်းကိုင်လုပ်ရပ်များစွာကို ဆက်တိုက်ကျူးလွန်ခဲ့ကြတယ်။ သြဂုတ်လ ၁၄ ရက်နေ့မှာ စင်းကျန်းဥဂါးရ်ဒေသ တရုတ်ကွန်မြူနစ်ပါတီအတွင်းရေးမှူး ၀မ်လီကွမ်းက “သေခြင်းနဲ့ရှင်ခြင်း ကြိုက်ရာရွေး”ဆိုပြီး ကြေငြာခဲ့တယ်လို့ Amnesty ရဲ့ ၂၀၀၉ ခုနှစ် ဧပြီလအစီရင်ခံစာမှာ ဖော်ပြထားတာတွေ့ရတယ်။

၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်မှာတော့ ဥဂါးရ်လူမျိုးတွေက တစ်ဖက်၊ ဟန်လူမျိုးနဲ့ရဲတပ်ဖွဲ့ဝင်တွေကတစ်ဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခဲ့တယ်။ သေဆုံးသူ ၁၈၆ ဦး၊ ဒဏ်ရာရသူ ၁၆၀၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၄၀၀ ဦး အထိ ရှိခဲ့တယ်။

တရုတ်အစိုးရအနေနဲ့ ဒေသတွင်းမှာ အကြမ်းဖက်ဝါဒတွေ ထိုးဖောက်ဝင်ရောက်လာမှာကို စိုးရိမ်နေရပြီဖြစ်တယ်။ နိုင်ငံသားတွေရဲ့အခွင့်အရေးကို အပြည့်အ၀ကာကွယ်ပေးဖို့ နဲ့ တရားဥပဒေစိုးမိုးဖို့ ကိုင်တွယ်သွားရပါမယ်။

တစ်ပြိုင်နက်တည်းမှာဘဲ အရှေ့တာကစ္စတန် ဖြစ်တဲ့ စင်းကျန်းနယ်မှာ ကိုယ်ပိုင်ယဉ်ကျေးမှု နဲ့ ဘာသာရေးကျင့်သုံးခွင့်ကို ဥပဒေပြုပေးရပါမယ်။

တရုတ်ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေလင့်ကစား စင်းကျန်းဥဂါးရ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် တရားဝင် အသိအမှတ်ပြုရမှာပါ။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနဲ့အညီ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်၊ ပြည်သူမှ အစိုးရကို ရွေးချယ်တင်မြှောက်ခွင့်၊ ဒေသနှင့်လိုက်လျောညီထွေဖြစ်မယ့် ကိုယ်ပိုင်ဥပဒေပြုခွင့် ရှိရပါလိမ့်မယ်။

“ ငါနဲ့မတူ ငါ့ရန်သူ ” စံနစ်ဟာ အကြမ်းဖက်မှုကိုသာ ပိုမို မွေးဖွားလာစေပါတယ်။ သံလက်သီး သို့မဟုတ် အပြင်းစား ရိုက်ချိုးချက် ပေါ်လစီဟာ တာရှည်ရပ်တည်နိုင်မှာ မဟုတ်ပေဘူး။

အရှေ့တာကစ္စတန်မှာ  မျိုးဖြုတ်သုတ်သင်မှုကိစ္စက နိုင်ငံတကာသဘောတူညီချက် ရှေ့မှောက်မှာပင် ကာလကြာရှည်ဖြစ်ပွားနေခဲ့ပြီးပါပြီ။ ဒါကို အဆုံးသတ်လိုက်ဖို့ အချိန်တန်ပါပြီလို့ အာဒိုဂန်က မှတ်ချက်ပြုသုံးသပ်ပြောဆိုလိုက်ပါတယ်။

**  အီဂျစ်ပညာရှင် အဗ်ဒလ် ရဟ်မာန် ရာ့ရှ်ဒန် (Abdelrahman Rashdan) ရေးသားသော Arguing Genocide in Xinjiang (East Turkestan) ဆောင်းပါးကို မြင့်မိုရ်မောင်မောင် မှ ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်  **

Ref: OnIslam

Leave a Reply