5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၀၊ ၂၀၁၃
M-Media
မေးမြန်းသူ – ဆူးထက်၊ အိမေ၊

မြန်မာမွတ်စလင်မ်များနှင့် ၂၀၁၃ ရမဿွန်(ဥပုတ်လ)နဲ့ ပတ်သက်ပြီး  မွတ်စလင်မ် လူကြီးတချို့အား ဆက်သွယ်မေးမြန်းချက်

မြန်မာနိုင်ငံမှာ ကျရောက်တော့မယ့် ရမဿွာန်လမြတ်မှာ မွတ်စလင်မ်တွေအနေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မွတ်စလင်မ်လူကြီးများကို M-Media မှ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

ဆရာဂျာဝိဒ်သန်း(စာရေးဆရာ)

OLYMPUS DIGITAL CAMERA
M-Media  –  ရမဿွာန်မှာ ပြည်တွင်းရှိ မွတ်စလင်တွေအတွက် လုံခြုံရေးအခြေအနေ ဘယ်လိုထင်ပါလဲ။
ဆရာဂျာဝိဒ်သန်း  –  မွတ်စလင်တွေနည်းပါးတဲ့ ဗလီတစ်ခုကို လုံခြုံရေးအတွက် နာမည်မှည့်တဲ့နေရာမှာ “ဆုတောင်းပြည့်ဝတ်ကျောင်းတော်” လို့ဆိုပြီး ဆရာကြီးဃာဇီဟာရှင်မ် တို့ကမှည့်ခေါ်ခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဘာသာခြားညီနောင်တွေဟာဆိုရင် ဒီကျင့်စဉ်ကျင့်ရပ်တွေနဲ့ ပတ်သက်ပြီး နှောင့်ယှက်ပေးဖို့ဝန်လေးကြမှာပါ။ ဘာသာတရားရဲ့ ကောင်းတဲ့လုပ်ဆောင်ချက်မှာ အနှောင့်အယှက်ပေးရင် တန်ပြန်ထိခိုက်မှာ ကြောက်ကြပါတယ်။ ဒါကြောင့် ရမဿွာန်လမှာ ဘာမှမဖြစ်ပါဘူးလို့ မျှော်လင့်ပါတယ်။

M-Media  –  ရမဿွာန်လမှာ ပြည်တွင်းမှာရှိတဲ့ မွတ်စလင် တွေအတွက် လုံခြုံရေးကို ဘယ်လိုပြင်ဆင်ထားသင့်ပါသလဲ။
ဆရာဂျာဝိဒ်သန်း  –  တရာဝီနဲ့ပတ်သတ်ပြီး စူရာဟ်အတိုလေးတွေ ဖတ်လို့ရပါတယ်။ ရကအသ် ၁၆-၁၈-၂၀ ရကအသ်တွေဖတ်လို့ရပါတယ်။ အဲလို ဖတ်လိုက်ရင် မိုးမချုပ်ခင် မိမိနေထိုင်ရာအိမ်ကို ပြန်ရောက်ပါတယ်။

M-Media  –  ပြည်တွင်းမှာရှိတဲ့ မွတ်စလင်တွေ ဆောင်ရန်/ရှောင်ရန်လေးတွေ ဖြည့်စွက်ပြောကြားပေးပါ။
ဆရာဂျာဝိဒ်သန်း  –  ဆောင်ရမယ့်ဟာတွေက မိမိတို့အိမ်မှာချက်ပြုတ်ရင် ပတ်ဝန်းကျင်က ညီနောင်တွေကို အစားအသောက်တွေ မျှဝေပေးရမယ်။
ရှောင်ရမယ့်ဟာကတော့ မိမိကျင့်စဉ်တွေနဲ့ပတ်သတ်ပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်ရဘူး။
ဘာသာခြားတွေနဲ့လည်းအတတ်နိုင်ဆုံး ချစ်ခင်ရင်းနှီးကို ရှာရမယ်။ အကောင်းဆုံးလုပ်သင့်တာကတော့ –
(၁)  ဆင်းရဲသားရပ်ကွက်တွေမှာ မွတ်စလင် အခမဲ့ ဆေးပေးခန်းဆိုပြီးဖွင့်သင့်တယ်။
(၂)  ဆင်းရဲသားဈေးသည်တွေကိုလည်း အတိုးမဲ့ငွေချေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ပတ်ဝန်းကျင်မှာရှိတဲ့ ညီနောင်တွေရဲ့ချစ်ခင်မှုကိုရနိုင်ပါတယ်။

= = = = = = = = = = = = = =

ဦးကိုနီ (တရားရုံးချုပ်ရှေ့နေ)

OLYMPUS DIGITAL CAMERA
M-Media  –  ဥပုသ်လမှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ်တွေ အတွက် လုံခြုံရေး အခြေအနေ ဘယ်လို ထင်ပါသလဲ။
ဦးကိုနီ  –  ဥပုသ် သီလဆောက်တည်တဲ့ အချိန်မှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ်များရဲ့ လုံခြုံရေးက လုံးဝ အစိုးရပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတစ်နိုင်ငံ အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေ အားလုံးရဲ့ လုံခြုံမှုကို တာဝန်ယူပေးထားတာက အစိုးရ ဖြစ်တယ်။ အစိုးရ အဖွဲ့ထဲမှာမှ ပြည်ထဲရေး ၀န်ကြီးဌာန ဖြစ်ပါတယ်။ ဥပုသ်လမှာ မွတ်စလင်မ်တွေ လုံခြုံစိတ်ချစွာနဲ့ ဥပုသ်သီလ ဆောက်တည်နိုင်ဖို့ အတွက်ကို ပြည်ထဲရေး ၀န်ကြီးဌာနက တာဝန်ယူပေးဖို့ လိုပါတယ်။

M-Media  –  ဥပုသ်လမှာ မွတ်စလင်တွေ အတွက် (ဥပမာ သရာဝီ ဆွလာသ်) ဖတ်ဖို့ လုံခြုံရေး အတွက် ဘယ်လိုများ ပြင်ဆင် ထားသင့်ပါသလဲ။
ဦးကိုနီ  –  အစ္စလာမ် ဘာသာဝင်တွေ ဥပုသ်လမှာ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဘုရားဝတ်ပြုခြင်း အစစအရာရာ လုံခြုံဘေးကင်းစွာနဲ့ ဆောင်ရွက်နိုင်အောင် ဒီတိုင်းပြည်ရဲ့ နိုင်ငံတော် အာဏာကို ရယူထားတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ အားလုံးက တာဝန်ယူ ဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။
ဘာကြောင့်လည်း ဆိုတော့ မြန်မာနိုင်ငံမှာ အစ္စလာမ် ဘာသာဟာ တရားဝင် တည်ရှိတဲ့ ဘာသာလို့ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံ အခြေခံမှာ အသိအမှတ် ပြုထားပါတယ်။ ဒီအကြောင်းကြောင့် တရားဝင်တည်ရှိနေတဲ့ ဘာသာတစ်ရပ် ဖြစ်တယ်။ အဲဒီ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄-ဃ မှာ ဘာသာရေးဆိုင်ရာ ဆောင်ရွက်စရာ ရှိသည်များကို လွတ်လွတ်လပ်လပ် ဆောင်ရွက် နိုင်ပါသည် ဟုရေးသားထားပါတယ်။ ဒါကြောင့် ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဗလီ သွားပြီး ၀တ်ပြု ဆုတောင်းခြင်း ဒါတွေ အားလုံးကို လွတ်လွတ်လပ်လပ်နဲ့ လုံလုံခြုံခြုံ စိတ်အေးချမ်းသာစွာ ၀တ်ပြုနိုင်ရန်အတွက် နိုင်ငံတော် အုပ်ချုပ်ရေး အပိုင်းကို တာဝန်ယူထားတဲ့ အစိုးရအဖွဲ့အစည်းမှ ဆောင်ရွက်ပေးနိုင်ပါတယ်။

M-Media  –  ပြည်တွင်းက မွတ်စလင်မ်တွေ အတွက် ဆောင်ရန်၊ ရှောင်ရန် ကိစ္စလေးတွေကို ဖြည့်စွက် ပြောကြားပေးပါ။
ဦးကိုနီ  –  မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ဗမာမွတ်စလင်မ်တွေဟာ လူနည်းစု ဖြစ်တယ်။ လူအများစုဖြစ်တဲ့ ဘာသာဝင်တွေနဲ့ သင့်သင့်မြတ်မြတ် နေထိုင်ခဲ့ကြတဲ့ သမိုင်းကို မမေ့ဘဲနဲ့ ထပ်ပြီးတော့ သင့်သင့်မြတ်မြတ် နေထိုင်နိုင်သွားအောင် အတတ်နိုင်ဆုံး သည်းခံပြီးတော့ မိမိတို့ လူနည်းစု အပေါ်၊ လူအများစုက နားလည်လာအောင် ကြိုးစားနေထိုင် ဿွားကြပါလို့ ပြောချင်ပါတယ်။ တကယ်တော့ လူအများစုက လူအနည်းစုကို ကာကွယ်ပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ အခြေခံ သဘောတရားပါ။
အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့ ရှောင်ရန်ကတော့ ကိုယ့်ဘာသာသာသနာ ကိစ္စကို ကိုယ်လုပ်ပါ။ ကိစ္စမရှိပါဘူး။ တစ်ချိန်တည်းမှာ သတိထားဖို့က ကိုယ့်လုပ်ရပ်တွေက သူများကို မထိခိုက်စေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် ကိုယ့်ဘာသာ သာသနာကို ကိုယ်လုပ်နေတာ မှန်သော်လည်း တစ်ချိန်တည်းမှာ သူများကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ အခါမျိုးလည်း ဖြစ်တတ်တယ်။ အဲဒါမျိုးတွေလည်း မဖြစ်အောင် တတ်နိုင်သမျှ သတိထားပါ။ သို့သော်လည်း ကိုယ့်ရဲ့ ထုံးတမ်းစဉ်လာ၊ ယဉ်ကျေးမှု အတိုင်း လုပ်စရာ ရှိတာကို လုပ်ပါ။ ကိုယ့်ကြောင့် သူများ စိတ်အနှောက်အယှက်ဖြစ်စေတာမျိုး မဖြစ်ပါစေနဲ့။ ဒါကတော့ အားလုံးသော ဘာသာတရားတိုင်းမှာ တာဝန်ရှိတယ်။ ဘယ်ဘာသာမဆို ကိုယ်ယုံကြည်ရာ ကိုယ်လုပ်နိုင်တယ်။ ဒါပေမယ့်လို့ သူများကိုတော့ မထိခိုက်ရဘူးပေါ့လေ။ အဲဒီ့ အခြေခံသဘောတရားလေးကို မမေ့ကြပါနဲ့။

= = = = = = = = = = = = = =

ဦးအောင်တင် (ကနေဒါ-မြန်မာဒီမိုကရေစီအရေးလုပ်ရှားသူ)

M-Media  –  ဥပုသ်လမှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်စလင်မ်တွေ အတွက် လုံခြုံရေး အခြေအနေ ဘယ်လို ထင်ပါသလဲ။
ဦးအောင်တင်  –  မြန်မာ့သမိုင်းမှာ မြန်မာမွတ်စလင်မ်ဆန့်ကျင်ရေး အမြင့်ဆုံးဖြစ်နေတဲ့ ယနေ့ကာလမျိုးမှာ မွတ်စလင်မ်ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ၊ လှုပ်ရှားမှုတွေကို ထိထိရောက်ရောက် တားဆီးတာ၊ အစွန်းရောက် ရာဇဝတ်မှုကျူးလွန်သူတွေကို တားဆီးဟန့်တားတဲ့ အပြစ်ဒဏ်ပေးတာတွေကို နိုင်ငံတော်အစိုးရက လုပ်ဆောင်ခြင်း မရှိသေးတာကို တွေ့ရှိနေရဆဲဖြစ်သဖြင့် မွတ်စလင်မ်တွေရဲ့ လုံခြုံရေးက အထူးစိုးရိမ်နေရဆဲဖြစ်တယ်။

M-Media  –  ဥပုတ်လမှာ မွတ်စလင်တွေအတွက် (ဥပမာ သရာဝီ ဆွလာသ်) ဖတ်ဖို့ လုံခြုံရေး အတွက် ဘယ်လိုများ ပြင်ဆင် ထားးသင့်ပါသလဲ။
ဦးအောင်တင်  –  မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ အားလုံးကို ပြန်လည်သုံးသပ်မယ်ဆိုရင် လူ့အဖွဲ့အစည်းတိုင်းမှာ သာမန်အားဖြင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆမှု (သို့မဟုတ်) အမှုအခင်းတစ်ခုကို အဆင်သင့်ပြင် စောင့်ဆိုင်းနေတဲ့ အဖျက်အင်အားစုက အစိုးရလုပ်သူများရဲ့ မသိကျိုးကျွပြုမှုအပေါ် အခွင့်ကောင်းယူပြီး စနစ်တကျ ရက်ရက်စက်စက် အကြမ်းဖက်ဿွားနေတာကိုချည်း တွေ့နေရတယ်။ မတော်တဆမှု၊ အမှုအခင်းတစ်ခုဆိုတာ နေရာတိုင်း၊ အချိန်တိုင်းမှာ ဖြစ်တတ်တာမို့ လုံခြုံရေးအရ စိတ်မချရသော နေရာဒေသတိုင်းမှာ သရာဝီနှင့် ဖဂျရ်ကို သာသနာ့ပညာရှင်များ၏ လမ်းညွှန်ချက်အတိုင်း လိုက်နာဆောင်ရွက်သင့်တယ်။ မြန်မာမွတ်စလင်မ်တွေရဲ့ အသက်အိုးအိမ် လုံခြုံရေးကို အထိအခိုက် မခံသင့်ကြဘူး။

M-Media  –  ပြည်တွင်းက မြန်မာမွတ်စလင်မ်တွေ အတွက် ဆောင်ရန်၊ ရှောင်ရန် ကိစ္စလေးတွေကို ဖြည့်စွက် ပြောကြားပေးပါ။
ဦးအောင်တင်  –  ဒါတွေကတော့ ပြောမယ်ဆိုရင် များလှတယ်။ စဉ်းစားမိသလောက်ပြောမယ်။
၁။ ခုလိုအခြေအနေမျိုးမှာ လမ်းပေါ်က အထိမ်းအကွပ်မဲ့တဲ လူစုလူဝေးတွေ၊ လမ်းပေါ်က ပျော်ပွဲရွှင်ပွဲတွေကို တတ်နိုင်သလောက် ရှောင်ပါ။
၂။ မိမိရပ်ကွက်၊ မိမိလမ်း၊ မိမိအလုပ်ခွင်မှာ ဘာသာပေါင်းစုံနဲ့ ရင်းနှီးမှုကို တည်ဆောက်ပါ။ တစ်ချို့တွေက အခွင့်အရေးယူတာ၊ ကိုယ့်ကို အပေါ်စီးက ဆက်ဆံတာတွေကိုလည်း အညံ့ခံတဲ့သဘောလည်း မဟုတ်ဘဲ စိတ်ရှည်ရှည်ထားပေးပါ။
၃။ ဘာသာခြားများရဲ့ လူမှုရေး၊ သာရေး နာရေးတွေမှာ ပါဝင်ပါ။ ဟန်ဆောင်ပန်ဆောင် မဟုတ်ဘဲ စိတ်ပါလက်ပါ ကူညီပါ။ မိမိနေထိုင်တဲ့ လူ့အဖွဲ့အစည်းက မိမိကို လိုအပ်နေ၊ ကြိုဆိုနေအောင် နေထိုင်ပြုမူပါ။
၎။ မိမိက တတ်နိုင်သော်လည်း ပတ်ဝန်းကျင်က မနာလိုဖြစ်အောင် ကြွားကြွား လွှားလွှား မနေကြပါနဲ့။
၅။ ကိုယ်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲု့လိုက်လျောညီထွေစွာ ပြုမူ နေထိုင် ဝတ်စားဆင်ယင်နိုင်အောင် ကြိုးစားပါ။
၆။ မွတ်စလင်မ်ဆိုတာ လူ့အဖွဲ့အစည်းမှာ တန်ဖိုးရှိတဲ့၊ လူမျိုး ဘာသာမရွေး လူသားတိုင်းကို ကူညီစာနာတတ်တဲ့၊ အကျင့်စာရိတ္တအားဖြင့် ခိုင်ကျည်တဲ့၊ ရည်မွန် ယဉ်ကျေးတဲ့၊ လူရည်လူသွေး မြင့်မားတဲ့၊ လေးစားလောက်တဲ့ လူတွေကို ခေါ်တယ်ဆိုတာကို မြင်လာအောင် ကြိုးစားကြပါ။ ဒါမှသာ ကျနော်တို့ဟာ ကမ္ဘာမြေပေါ်မှာ အလ္လာဟ်အရှင်မြတ်ရဲ့ စစ်မှန်သော ကိုယ်စားလှယ်များဖြစ်ကြမယ်။

Leave a Reply