5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင်-၁၆၊ ၂၀၁၃
M-Media

ပနားမားနိုင်ငံမှ စစ်လက်နက်တင်ဆောင်လာသော မြောက်ကိုရီးယား သင်္ဘောကို ထိန်းသိမ်း

ကျူးဘားနိုင်ငံမှ ထွက်ခွာလာပြီး ပနားမားတူးမြောင်းသို့ ဖြတ်သန်းရန် ရောက်လာသည့် မြောက်ကိုရီးယား သင်္ဘောကို စစ်ဆေးရာမှ စစ်လက်နက်များတွေ့ရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းထားသည်။
————————————-
အမေရိကန်မှ Zimmerman ၏အမှု

အသားအရောင် ခွဲခြားမှု မဖြစ်စေရန် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရသော အမှုဖြစ်သည့် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၂၆ က Orlando အနီး ခြစည်းရိုး ကာရံထားသော အိမ်ယာ အဖွဲအစည်းတစ်ခုတွင် အစောင့်အဖြစ် မိမိဆန္ဒဖြင့် တာဝန်ယူထားသော George Zimmerman က ၁၇ နှစ် လူငယ် Trayvon Martin ကို ပစ်ခတ်ခဲ့ခြင်းသည် မိမိကိုယ်ကိုယ် ကာကွယ်မှုသာ ဖြစ်သည်ဟု ဂျူရီ အမျိုးသမီး ခြောက်ဦးက ဆုံးဖြတ်ခဲ့သည်။
————————————-
iPhone 5 ကို ဓာတ်အားသွင်းစဉ် ဓါတ်လိုက်သေဆုံးမှု Apple စစ်ဆေးမည်

ယခင်အပါတ်က ၂၃နှစ် အရွယ် တရုတ်နိုင်ငံ Xinjiang ပြည်နယ်မှ လေယာဉ်မယ် Ma Ailun သည် iPhone 5 ကို ဓာတ်အားသွင်းထားစဉ် ဖုန်းလက်ခံ ပြောဆိုသဖြင့် ဓါတ်လိုက် သေဆုံးခဲ့ရာ iPhone 5 ၏ ချွတ်ယွင်းချက် ဟုတ်မဟုတ် Apple ကုမ္ပဏီက စစ်ဆေးမည်ဟုဆိုသည်။
————————————–
နော်ဝေမှ နာဇီလက်သစ်ကို ပြင်သစ်တွင် ဖမ်းဆီး

အကြမ်းဖက် အစီအစဉ်တစ်ရပ်ကို လုပ်ဆောင်နေသည်ဟု သံသယ ရှိသောကြောင့် နော်ဝေနိုင်ငံသား နာဇီလက်သစ် Kristian Vikernes ကို ပြင်သစ်နိုင်ငံငံတွင် ဖမ်းဆီးလိုက်သည်။ ၎င်းသည် နော်ဝေ အကြမ်းဖက်သမား Anders Behring Breivik နှင့်လည်း ဆက်နွယ်မှု ရှိသူ ဖြစ်သည်။
—————
အီဂျစ်ယာယီခေါင်းဆောင်တွေနဲ့ အမေရိကန် ထိပ်တန်းသံတမန် တွေ့ဆုံ

အီဂျစ်နိုင်ငံရဲ့ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေမှာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်တဲ့ အစိုးရနဲ့ ကဏ္ဍစုံကလူတွေ ပါဝင်နိုင်ရေး ဖိအားပေး ပြောဆိုဖို့ အမေရိကန်အရာရှိတွေ ကိုင်ရိုမြို့မှာ ရောက်နေပါတယ်။အခုလ အစောပိုင်းတုန်းက သမ္မတ မိုဟာမက် မော်စီကို စစ်တပ်က ဖြုတ်ချလိုက်ပြီးတဲ့နောက်ပိုင်း အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိတဦးအနေနဲ့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Bill Burns အီဂျစ်နိုင်ငံကို ပထမဆုံးအကြိမ် ရောက်လာတာ ဖြစ်ပါတယ်။
——————-
တရုတ်စီးပွားဖွံ့ဖြိုးမှု နှေးကွေး

နိုင်ငံတော် စာရင်းအင်းဌာနက တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ ဒီနှစ် ပထမသုံးလပတ်မှာ ၇ ဒဿမ ၇ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ဇွန်လမှာပြီးဆုံးတဲ့ ဒုတိယ သုံးလပတ်မှာတော့ ၇ ဒဿမ ၅ ရာခိုင်နှုန်းကို ရောက်သွားတဲ့အကြောင်း ဖော်ပြထားပါတယ်။

Leave a Reply