11 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

DVB မြန်မာပိုင်းမှ ကူးယူဖော်ပြပါသည်။

မနှစ်က တောင်ကုတ်မြို့ တွင် မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးလိုက်တယ်လို့ သံတွဲခရိုင် သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့က အဖွဲ့ဝင် ဦးဝင်းနိုင်က ပြောပါတယ်။

ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ သံတွဲမြို့ကို နေပြည်တော်ရဲတပ်ဖွဲ့က ရောက်လာပြီး ဖမ်းဆီးမှုကို သတင်းမပေါက်ကြားအောင် စီစဉ်ဖမ်းဆီးခဲ့တာဖြစ်ပြီး သံတွဲထောင်မှာ ချုပ်နှောင်ထားတယ်လို့ သူက ပြောပါတယ်။

“နေပြည်တော်က ဆင်းလာတဲ့ရဲက သံတွဲရဲကို အကူအညီတောင်းပြီးတော့ သံတွဲမှာရှိတဲ့ ရဲတွေရဲ့ဖုန်းတွေကိုပါ သိမ်းလိုက်တယ်။ ပြီးတော့ ကားပေါ်တက်ဆိုပြီးတော့ ပထမတော့ သူက မြောက်ဘက်ကို အယောင်ပြတာပေါ့။ သွားတာက တောင်ကုတ်သွားတာ။ မြောက်ဘက်က ကျောက်ကြီးဆိုတဲ့ရွာကို အယောင်ပြတာ။ ကျောက်ကြီးကိုဖုန်းဆက်တော့လည်း ဖုန်းတွေက ပိတ်ထားတယ်။ နောက် ၁၀ နာရီ ၄၀ မိနစ်မှာ ကျနော့်ဆီကို ဖုန်းဝင်လာတယ်။ ကား ၄ စီးဖြတ်သွားတယ်။ ရဲတွေလည်းပါသွားတယ်ပေါ့။ ဒီတော့ အခြေအနေတခုကို စောင့်ကြည့်ရမယ်ပေါ့။ သွားတာကိုတော့ သိတယ်။ အပြန်မှာ ၆ ယောက်ဖမ်းမိတယ်၊ ပြီးခဲ့နှစ် ဇွန် ၃ ရက်နေ့က သတ်တဲ့အမှုနဲ့ ၇ ဦး ဖမ်းဖို့ရာမှာ ၁ ဦးက လွတ်သွားတယ်တဲ့။ တောင်ကုတ်ကျတော့လည်း ရဲတွေကို လက်ကိုင်ဖုန်းတွေ သိမ်းပြီးတော့ ဘယ်အိမ်၊ ဘယ်သူဆိုတာကို သူတို့က စုံစမ်းပြီးသားဖြစ်နေတာ” လို့ ပြောပါတယ်။

သံတွဲမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ အထက်က စီစဉ်တာဖြစ်လို့ ပြောလို့ မရဘူးလို့ ဖြေပါတယ်။

သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံးကတော့ ဒီကိစ္စကို သူတို့မသိပါဘူးလို့ ဖြေပါတယ်။ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေကို ဆက်သွယ်ရာမှာ သူ့ရဲ့ကိုယ်ရေးအရာရှိက သတင်းညှိနှိုင်း အစည်းအဝေးလုပ်နေလို့ မအားသေးဘူးလို့ ဖြေပါတယ်။

တောင်ကုတ်ဒေသခံတွေကို မေးမြန်းတဲ့အခါ ဒီကိစ္စကို ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းကျမှ ကြားသိရပြီး နယ်မြေခံတပ်ကလူတွေတောင် မသိဘူးလို့ ပြောပါတယ်။ ဒီမနက်မှာတော့ တောင်ကုတ်မြို့မှာ ရဲလုံခြုံရေးတိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။

မနှစ် ဇွန် ၃ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မွတ်စလင် ၁၀ ဦးကို အမည်မသိ လူအုပ်စုတစုက သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

သံတွဲမြို့ကနေ ရန်ကုန်ကို သွားတဲ့ကားတစီးကို တောင်ကုတ်မြို့အရောက်မှာ ကားပေါ်ပါ မွတ်စလင် ၈ ဦးနဲ့ သံတွဲမြို့ခံ ၂ ဦးကို အမည်မသိ လူအုပ်စုတစုက တုတ်၊ ဓားတွေနဲ့ ရိုက်နှက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်မဖြစ်မီ မနက်ပိုင်းလောက်ကတည်းက ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှာ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတဦးရဲ့ပုံတွေ တောင်ကုတ်မြို့မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီအကြမ်းဖက်သတ်ဖြတ်မှုကြောင့် နောက်ပိုင်းမှာ ရခိုင်ပြည်နယ် နေရာအတော်များများမှာ နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

Link =>http://burmese.dvb.no/archives/41684

Leave a Reply