6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

M-Media
ဇူလိုင်လ ၁၈ ရက်နေ့၊ ၂၀၁၃
www.fmprc.gov.cn

W020130718333399583391

ဆီဒိုးနားတွင်ကျင်းပသည့် ကုန်သွယ်မှုမြှင့်တင်ရေးညီလာခံတွင် ချောင်ကျင်းဒါရိုက်တာ ၀မ်ယိ စကားပြောနေစဉ်

(ဓာတ်ပုံ – တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

တရုတ်ပြည် အနောက်တောင်ပိုင်းအခြေဆိုက် ချောင်ကျင်းနိုင်ငံခြားရေး မြို့ပြကုန်သွယ်မှုနှင့် စီးပွားရေးကော်မရှင်က အသွင် ကူးပြောင်း ဆဲ မြန်မာပြည်၏ ပွင့်လင်း လာမှုများကြောင့် ၄င်းတို့အတွက် အခွင့်အရေးကြီးဖြစ်သည်ဟု ပြောကြားလိုက်သည်။

ရန်ကုန်တွင် ယခုလ ၁၆ ရက်နေ့က ကျင်းပသည့် ကုန်သွယ်မှုမြှင့်တင်ရေးညီလာခံတွင် ချောင်ကျင်းဒါရိုက်တာ ၀မ်ယိက ယင်းသို့ ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်က ဖော်ပြထားသည်။ ချောင်ကျင်းကုမ္ပဏီမှာ တရုတ်အစိုးရ၏ တိုက်ရိုက်ကွပ် ကဲမှုအောက်၌ တည်ရှိပြီး တရုတ်ပြည်တွင်မူ အကြီးဆုံးနှင့် သက်တမ်းအနုဆုံး မြို့ပြရေးရာ စီးပွားရေးကော်မရှင်ကြီး ဖြစ်သည်။

ချောင်ကျင်းက အာဆီယံနိုင်ငံများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများရှိကြောင်း သိရသည်။ ၀မ်ယိကမူ မြန်မာနှင့် စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ ခရီးသွား လာရေးများတွင်သာမက တယ်လီဖုန်းဆက်သွယ်ရေးစသည်များတွင်ပါ အဆက်အဆံတိုးချဲ့ဖို့ မျက်စိကျနေကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ချောင်ကျင်းတင်ပြထားသည့် စီးပွားရေးအကွက်တစ်ခုမှာ ကူမင်းနှင့် ရုအိလိတို့ကိုဖြတ်ပြီး စစ်တွေနှင့်ဆက်သွယ်ကာ ရန်ကုန်ထိပေါက် မည့် ချောင်ကျင်း-ရန်ကုန်လမ်းမကြီးဖြစ်သည်။ ၀မ်ယိက ရန်ကုန်သည် လူနေမှု ထူထပ်နေသဖြင့် တရုတ်မှ လူနေမှုအထူထပ်ဆုံးမြို့၏ တ၀က်ခန့်လူဦးရေ ပင်ဖြစ်နေကြောင်း ဆိုသည်။

ဝမ်ယိ၏ မျက်စိကျမှုကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ရန်ဟောင်လင်းက ထောက်ခံလိုက်ပြီး ၄င်းက တရုတ်၏ တိုးတက်မှုကြောင့် အသွင် ကူးပြောင်းနေသည့် မြန်မာနိုင်ငံကဲ့သို့သော ပတ်ဝန်းကျင်နိုင်ငံများ အကျိုးခံစားရကြောင်း ပြောကြားသည်။

ရန်ဟောင်လင်းက ချောင်ကျင်းအား မြန်မာနှင့် အလျင်အမြန်ဆက်ဆံဖို့ မျှော်လင့်ထားသည်။

Leave a Reply