5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၁၉၊ ၂၀၁၃
M-Media
သတင်း – ဆူးထက်

လူငယ် ကွန်ရက်တွေ စုပေါင်းပြုလုပ်တဲ့ အာဇာနည်တွေ ကျဆုံးခဲ့တဲ့ အတွင်းဝန်ရုံးရှေ့က အာဇာနည်နေ့အခမ်းအနား

016

(၆၆)-နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၁၉ရက်နေ့၊ မနက် (၁၀)နာရီက ဗိုလ်တထောင် မြို့နယ်၊ မဟာဗန္ဓုလလမ်း ပေါ်ရှိ ၀န်ကြီးများ ရုံးရှေ့တွင် ကွန်ရက် အသီးသီးမှ လူငယ်များက ဦးဆောင်၍ ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများအား ဦးညွှတ်အလေးပြုကြကာ ဥသြဆွဲ၍ အမှတ်တရ စကားများ ပြောကြားခဲ့ကြကြောင်းသတင်းရရှိသည်။

အဆိုပါ ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ဦးဆောင်သူ တစ်ဦးမှ “ကြာခဲ့ပြီ ဖြစ်တဲ့ နှစ်နှစ်ဆယ်လောက် အာဇာနည်နေ့ကို မဖော်ထုတ်ခဲ့တဲ့ အတွက် အရမ်းပဲ အောင်းမေ့ သတိရပါတယ်။ ၀န်ကြီးများရုံးရှေ့မှာ ပြုလုပ်ဖြစ်တဲ့ အကြောင်းကတော့ အာဇာနည် ခေါင်းဆောင်တွေဟာ ဒီနေရာမှာ ကျဆုံးခဲ့တာပါ။ ၀န်ကြီးများရုံးကိုလည်း ဘာလုပ်မယ် ညာလုပ်မယ်လို့ ကြားရပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုံ့ချပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံသား ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ လုပ်ပိုင်ခွင့်ရှိတဲ့အတွက် ဒီနေရာမှာ လာရောက် အလေးပြုရခြင်း ဖြစ်ပါတယ်” ဟုထည့်သွင်းပြောကြားခဲ့သည်။

“အာဇာနည်ဆိုတာ ပြည်သူ့ အခက်အခဲကို ကယ်တင်တာ၊ ကယ်တင်ချင်ယောင်ဆောင်တာ မဟုတ်ဘူး။ အာဇာနည်ဆိုတာ ပြည်သူ့ဘက်က တကယ် ရပ်တည်တာ ရပ်တည်ချင်ယောင်ဆောင်တာ မဟုတ်ဘူး။ အာဇာနည်ဆိုတာ ပြည်သူ့အတွက် စွန့်လွှတ် အနစ်နာခံတာ။ စွန့်လွှတ် အနစ်နာ ခံချင်ယောင် ဆောင်တာမဟုတ်ဘူး။ အာဇာနည်ဆိုတာ ပြည်သူကို ဖေးမတာ၊ ဖေးမချင်ယောင် ဆောင်တာမဟုတ်ဘူး။ အယောင်ဆောင်တွေ မဟုတ်ဘူး ” ဟု ကိုနိုင်ဦးမှ ထည့်သွင်းပြောကြားခဲ့သည်။

011

အဆိုပါ အခမ်းအနားတွင် ကဗျာရွတ်ဆိုကြရာတွင် ကဗျာဆရာ ဆောင်းခမှ
အများအကျိုးအတွက်
အများ မလုပ်ချင်တဲ့ အလုပ်ကို
အသက်ကိုပင် စွန့်လွတ်အနစ်နာခံပြီး တာဝန်ကျေပွန်အောင် လုပ်ဆောင်သူကို
အာဇာနည်လို့ ခေါ်တယ်တဲ့…

၁၉၄၇-ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်၊
နံနက် (၁၀)နာရီ၊ (၃၇)မိနစ်၊
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့၊ မြန်မာပြည်ပေါ်
အဲ့ဒီနေ့က
ဟီရိုရှီးမားမှာလို အဏုမြူ ဗုံးကျခဲ့တယ်..

အာဇာနည် ခေါင်းဆောင်များ
သွေးမြေကျ
ခန္ဓာ သေဆုံးသွား…

တို့ပြည်သူများ
မျက်ရည်ကျ
စိတ် သေဆုံးသွား…ဟုထည့်သွင်း ရွက်ဆိုခဲ့ကြောင်း သိရသည်။

“အာဇာနည်ကြီးများ မရှိတော့ပြီးတဲ့နောက်” ခေါင်းစဉ်ဖြင့် သရုပ်ဖော် တင်ဆက်ခြင်း၊ ပူးပေါင်း ပါဝင်ကြသော အဖွဲ့အစည်း အသီးသီးမှ ရင်တွင်း အမှတ်တရ စကားများပြောကြားခဲ့ရာ –
ဦးဆောင်သူများထဲမှ တစ်ဦးက “နှစ်ပေါင်း ၂၀ကျော်ကျော် အတွင်းမှာ ဒီပွဲလေးဟာ ပထမဆုံး အကြိမ် ပြုလုပ်ဖြစ်တာပါ။ ကျွန်တော်တို့ မြန်မာပြည်သူတွေ အနေနဲ့ အာဇာနည်နေ့ ရောက်မှ သတိရတာ မဟုတ်ဘဲ၊ ဒီအာဇာနည်တွေ ဘယ်လိုမျိုး လုပ်ဆောင်ခဲ့လဲ၊ ဘယ်လိုမျိုး ကျင့်ကြံခဲ့သလဲ ဆိုတာကို ကျွန်တော်တို့ အမြဲတမ်း နှလုံးသွင်းထားပြီးတော့ တိုင်းပြည်တိုးတက်ဖို့ အတွက် ဒီမိုကရေစီ အပြောင်းအလဲ ဖြစ်စဉ်မှာ ကျွန်တော်တို့ ဘယ်လိုမျိုး လုပ်ပေးလို့ ရသလဲဆိုတာမျိုးကို အမြဲတမ်း စဉ်းစားပြီးတော့ အာဇာနည်တွေရဲ့ စိတ်ဓာတ်ကို လူငယ်တွေရဲ့ ရင်ထဲမှာ အမြဲတမ်း ထည့်ထားဖို့ လိုမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ လူငယ်တွေကသာ တိုင်းပြည်ကို ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်” ဟုထည့်သွင်း ပြောကြားခဲ့သည်။

026

ယင်းနောက် အခမ်းအနားကို ၁၀နာရီ ၃၇မိနစ်တွင် ကျဆုံးသွားသော အာဇာနည်များအား အလေးပြုခြင်း၊ ဥသြသံဆွဲခြင်းများကို မဟာဗန္ဓုလလမ်းမပေါ်ရှိ သွားလာနေသော ပြည်သူများ ဖြစ်သော မော်တော်ယဉ်မောင်းသူများမှ ပါဝင်ကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ကျွန်မ ဒီနေ့လို မြင်ကွင်းမျိုးကို ပြန်လည် မြင်ရတော့ မျက်ရည် မဆယ်နိုင်အောင် ၀မ်းသာမိပါတယ်။ ဒီလိုမျိုးကို ၈၈နောက်ပိုင်းထဲက တစ်ခါမှ မကြုံဖူးတော့ပါဘူး။ အန်တီ့ အသက်က ၅၀ကျော် ၆၀နီးပါး ရှိနေပါပြီ။ အန်တီတို့ လက်ထက်တုန်းကဆိုရင် ဒီနေ့လို အာဇာနည်နေ့မှာ ၁၀-နာရီ ၃၇-မိနစ် ရောက်ပြီ ဆိုရင် ဥသြဆွဲသံကြီး ကြားရတယ်။ ကိုယ်ရောက်နေတဲ့ နေရာမှာ ရပ်ပြီး၊ လုပ်နေတဲ့ အလုပ်ကိုချပြီး ငြိမ်သက်စွာ အလေးပြုခဲ့ကြတာပါ။ ဒီနေ့ အဲလိုပြန်လည် ကြုံတွေ့ရတဲ့အတွက် အတိုင်းမသိ ၀မ်းသာတယ်။ ဒီလိုပြုလုပ်ပေးတဲ့ လူငယ်တွေကို တကယ်ပဲ ချီးကျူးပါတယ်။”လို့ မျက်ရည်များကိုဖယ်သုတ်ရင်း ပြောကြားခဲ့ပါတယ်။

ယခု ၆၆-နှစ်မြောက် အာဇာနည်နေ့ကို ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် အဖွဲ့အစည်းမျိုးစုံမှ ကျင်းပပြုလုပ်ခဲ့ကြပြီး အာဇာနည်ဗိမာန်သို့ သွားရောက် ဂါရ၀ပြုသူများဖြင့် စည်ကားသိုက်မြိုက်နေပါသည်။

၆၆-နှစ်မြောက် အာဇာနည်နေ့သည် လွန်ခဲ့သော နှစ်ပေါင်း များစွာက ပျောက်ကွယ်နေသည့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးမှု အထိမ်းအမှတ် သြဥဆွဲသံကို ယခုနှစ်တွင် ပြန်လည်၍ ပြုလုပ်လာကြပါသည်။

အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော ၁၀း၃၇ နာရီတွင် ဥသြဆွဲသံများ၊ ကားများမှ ဟွန်းရှည်တီးသံများ ဖြင့် ပျောက်ကွယ်နေသော အာဇာနည်နေ့၏ အငွေ့အသက်ကို လူထုအကြား ပထမဦးဆုံး ပြန်လည် ခံစားရသော နေ့တစ်နေ့ဖြစ်ကြောင်း သိရသည်။

အာဇာနည်ဗိမာန်တွင်လည်း လာရောက် ဂါရ၀ပြုကြသူများလည်း အဆက်မပြတ် လာရောက်နေကြကြောင်း သိရသည်။

၆၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ဓါတ်ပုံမှတ်တမ်းများကြည့်ရန်။ Click here

Leave a Reply