4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
4 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
4 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

I keep six honest serving-men

(They taught me all I knew)

Their names are What and Why and When

And How and Where and Who.

(Rudyard Kipling)

ကျတော်တို့ဟာ ဘ၀မှာ အမျိုးမျိုးသော ပူပင်သောကတွေ၊ ပြသနာတွေကို ရင်ဆိုင်ဖြေရှင်းကြရပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာ အသုံးဝင်မယ့် နည်းလမ်းလေးတစ်ခုကိုပြောပြချင်ပါတယ်။ အဲဒီနည်းလမ်းလေးကတော့ အဆင့်သုံးဆင့်ပါဝင်ပါတယ်။

(၁) အချက်အလက်တွေကို တတ်နိုင်သလောက်ပြည့်စုံအောင်စုဆောင်းပါ။

(၂)ရလာတဲ့အချက်အလက်တွေကို သေချာလေ့လာသုံးသပ်ပါ။

(၃)ဆုံးဖြတ်ချက်ချပါ။ အဲဒီ ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်ပါ။

ဒီနည်းကို အရစ်တိုတယ် ပြောခဲ့တာပါ။ သူကိုယ်တိုင်လည်းအသုံးချခဲ့ပါတယ်။ ကျတော်တို့ရဲ့ နေ့တွေ ညတွေကို လောကငရဲ ဖြစ်အောင်လုပ်နေတဲ့ ဒီပူပင်သောကတွေကို ဖြေရှင်းချင်တယ်ဆိုရင်တော့ ကျတော်တို့လည်း ဒီနည်းကို သုံးသင့်ပါတယ်။

ကဲ.. ပထမဆုံး အဆင့်ကို ကြည့်ရအောင်။ အချက်အလက်တွေကို တတ်နိုင်သလောက်စုဆောင်းပါ..တဲ့။ ဘာလို့ အချက်အလက်စုဆောင်းဖို့ အရေးကြီးတာလဲ?။ ဘာလို့လဲ ဆိုတော့ လိုအပ်တဲ့ အချက်အလက်တွေ ကို မကိုးကားပဲနဲ့ ဘယ်လိုမှ ပြသနာတွေကို လိမ်လိမ်မာမာ ဖြေရှင်း နိုင်မှာ မဟုတ်ပါဘူး။ လုပ်သမျှတွေဟာ ဆင်ကန်းတောတိုးသလိုဖြစ်နေမှာပါပဲ။ ဒါကျတော့် အယူအဆ လို့ ထင်ပါသလား?။ မဟုတ်ဘူးခင်ဗျ။ ကိုလန်ဘီယာ တက္ကသိုလ်မှာ နှစ်ပေါင်းနှစ်ဆယ်လောက် ကျောင်းအုပ်ကြီးလုပ်လာတဲ့ ဟာဗတ်ဟော့စ် ရဲ့အယူအဆဗျ။ သူဟာ ကျောင်းသားပေါင်း နှစ်သိန်း လောက်ရဲ့ သောကဗျာပါဒ တွေကို ကူညီဖြေရှင်းပေးခဲ့ဘူးတယ်။ “ အခြေအနေမှန်ကို နားမလည်မှု့ဟာ ပူပင်သောကတွေအားလုံးရဲ့ အကြောင်းရင်းပဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့ ပူပင်သောကတွေအားလုံးရဲ့ တ၀က်လောက်က လုံလောက်တဲ့ အချက်အလက်မရသေးခင် ဆုံးဖြတ်ချက်ချဖို့ ကြိုးစားနေတဲ့သူတွေ ကြောင့်ဖြစ်ရတာဗျ။” လို့ သူကပြောပါတယ်။ “ဆိုကြပါစို့ဗျာ.. ကျတော့်မှာ ပြသနာတစ်ခုရှိတယ်။ ဒါပေမယ့် ဒီပြသနာကို နောက်တပတ် အဂါင်္နေ့မှ ရင်ဆိုင်ရမယ်ဆိုပါစို့။ ကျတော် အင်္ဂါနေ့ မရောက်မချင်း ဘာမှ ဆုံးဖြတ်ချက်ချမထားဘူး။ ဒီကြားထဲမှာ ဒီပြသနာနဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို ရနိုင်သလောက် စုဆောင်းတယ်၊ လေ့လာတယ်။ ကျတော် ဘာမှ ပူပင်နေတာလဲ မရှိဘူး။ အိပ်ရေးလဲ မပျက်ဘူး။ ဒီလို သေချာ ပြင်ဆင်ထားတယ်ဆိုရင် အဂါင်္နေ့ရောက်တာ နဲ့ ပြသာနာက သူ့ဟာသူ ဖြေရှင်းပြီးသားဖြစ်သွားတာပဲ။”

ကျတော်ကျောင်းအုပ်ကြီးကို ဆက်မေးပါတယ်။ “ဒီလိုလုပ်တော့ ဆရာ့မှာ ဘာသောက၊ ဘာပူပင်မှု့မှ မရှိတော့ဘူးလား”။ “အရိုးသားဆုံးပြောရ ရင်တော့ ကျတော့်ရဲ့ ပူပင်မှု့တွေ အကုန်နီးနီး ပျောက်ကုန်တာအမှန်ပဲဗျ။ လူတစ်ယောက်ဟာ ကိုယ်ရင်ဆိုင်နေရတဲ့ ပြသနာရဲ့ အချက်အလက်တွေ ကို ဓမ္မဓိဌန် ကျကျ ရှာဖွေစုဆောင်းနိုင်မယ်၊ ဘက်မလိုက်ပဲ ဝေဖန်ပိုင်းခြားနိုင်မယ်ဆိုရင် သူရဲ့ ပြသနာတွေဟာ များသောအားဖြင့် သူ့ဟာသူ ဖြေရှင်းပြီးသားဖြစ်သွား တာပဲဗျ” ။

အချက်အလက်တွေကို ကျတော်တို့ဘယ်လိုစုဆောင်းကြမလဲ။ ကိုလန်ဘီယာတက္ကသိုလ်ကျောင်းအုပ်ကြီးပြောသလိုပဲ အချက်အလက်တွေကို ဓမ္မဓိဌန်ကျကျရှာဖွေစုဆောင်းရမယ်၊ ဘက်မလိုက်ပဲဝေဖန်ပိုင်းခြားနိုင်ရမယ်။ တနည်းအားဖြင့်ပြောရရင် ကျတော်တို့ရဲ့ စိတ်ခံစားချက်တွေကို ခဏဘေးဖယ်ထားနိုင်ရမယ်။ တကယ်တမ်းကျ ကျတော်တို့ ပူပင်သောက တွေဖြစ်နေတဲ့အချိန်မှာ ဒီလိုခေါင်းအေးအေး စဉ်းစားနိုင်ဖို့ဆိုတာ သိတ်တော့ မလွယ်ဘူးဗျ။ ဒါပေမယ့် ကျတော် သုံးတဲ့နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

(၁) ပူပင်နေတဲ့ ပြသနာအတွက် အချက်အလက်တွေကို စုဆောင်းတဲ့နေရာမှာ ကိုယ့်အတွက်ကို စုဆောင်းတယ်လို့ မမှတ်ယူပဲ တခြားသူတစ်ယောက်အတွက် စုဆောင်းပေးတယ်လို့ သဘောထားလိုက်ပါ။ အဲလိုလုပ်တဲ့အတွက် အတိုင်းအတာတစ်ခုအထိ ခေါင်းအေးအေး ထားပြီး စဉ်းစားနိုင်လာတယ်။

(၂)ကိုယ့်ကိုယ် ကို အခြားတဖက်အတွက်လျှောက်လဲချက်ပေးမယ့် ရှေ့နေတစ်ယောက်အဖြစ်သဘောထားပြီး ဆန့်ကျင်ဘက် အချက်အလက် တွေကို သေချာစုဆောင်းပါ။ တနည်းအားဖြင့်ဆိုရင် အဆိုးဆုံးဖြစ်လာနိုင်တဲ့ အချက်အလက် တွေကို စုဆောင်း ပါ။

ပြီးရင် ကိုယ်ရရှိထားတဲ့ နှစ်ဘက်လုံးကအချက်အလက်တွေကို ချရေးကြည့်ပါ။ ကိစ္စအတော်များများဟာ အဲဒီအစွန်းနှစ်ဘက် ကြားမှာ အဖြေပေါ် လာပါလိမ့်မယ်။

ကျတော်ပြောချင်တာက စာဖတ်သူရော ကျတော်ရော အိုင်းစတိုင်းရော လုံလောက်တဲ့ အချက်အလက်မရရှိပဲ ဘယ်ပြသနာကိုမှ ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘူးဆိုတာပါပဲ။ အက်ဒီဆင်ဟာ သူ့ဘ၀တလျှောက်လုံးမှာ သူရင်ဆိုင်ရတဲ့အခက်အခဲတွေရဲ့ အချက်အလက်တွေကိုချရေးထားတဲ့ မှတ်စုစာအုပ်ပေါင်း နှစ်ထောင့်ငါးရာကျော်ရှိပါတယ်။

ကဲ..ဒီတော့ ပြသနာတစ်ခုခုကို ရင်ဆိုင်ရတဲ့အခါမှာ အရင်ဆုံးလုပ်ရမယ့် စည်းမျဉ်းကတော့ အချက်အလက်တွေကို စုဆောင်းဖို့ပဲ။ ဒါပေမယ့် အချက် အလက်တွေစုဆောင်းနေရုံသက်သက်နဲ့တော့ ပြသနာဖြေရှင်းနည်းက ထွက်လာမှာမဟုတ်ပါဘူး။ စုဆောင်းထားတဲ့ အချက်အလက်တွေကို ခွဲခြမ်း စိတ်ဖြာဖို့ ဘာသာပြန်ဖို့လိုပါတယ်။

ဒီနေရာမှာ ကျတော်ဘာတွေ့သလဲဆိုတော့ အချက်အလက်တွေကို သေချာ စာရွက်ပေါ်မှာ ချရေးလိုက်တာဟာ ဒီအချက်အလက်တွေကို ခွဲခြမ်းစိတ် ဖြာဖို့ ပိုလွယ်တယ်ဆိုတာပါပဲ။ ရရှိလာတဲ့ အချက်အလက်တွေရယ် ၊ ပြီးရင်ကိုယ် ရင်ဆိုင်နေရတဲ့ အခက်အခဲရယ်ကို သေချာချရေး လိုက်မယ်ဆိုရင် ဒီအခက်အခဲကို ဖြေရှင်းဖို့ အတော်ခရီးရောက်သွားပြီဗျ။ “သေချာချရေးထားတဲ့ ပြသနာတစ်ခုဟာ တ၀က်ဖြေရှင်းပြီးသားဖြစ်တယ်” လို့ဆိုရိုးရှိတယ် မို့လား။

ကျတော်ပြောခဲ့တာတွေကို လက်တွေ့ပုံဖော်ဖို့ အဖြစ်အပျက်လေးတစ်ခုပြောပြချင်ပါတယ်။ တခါတလေကျ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါဆိုတာတွေပြော နေတာထက်စာရင် အဖြစ်အပျက်တစ်ခုခု ကိုပြောပြလိုက်တာက ပိုမှတ်မိလွယ်တယ်လေ။ ကျတော် ဂါးလန်းလစ်ခ်ျဖီးလ် ဆိုသူတစ်ယောက်အ ကြောင်းပြောပြမယ်။ သူက ကမ္ဘာ့အရှေ့ဖျားမှာ အောင်မြင်နေတဲ့ စီးပွားရေးသမား တစ်ဦးပါ။ ကျတော်နဲ့ သိတာတော့ အတော်ကြာပါပြီ။ ၁၉၄၂ ဂျပန်တွေ ရှန်ဟိုင်းကို ကျူးကျော်ဝင်ရောက်လာတုန်းက မစ္စတာလစ်ခ်ျဖီးလ် က ရှန်ဟိုင်းမှာပါ။ သူ့အဖြစ်အပျက်ကို သူပြောတဲ့အတိုင်းပဲ ရေးလိုက်ပါတယ်။

“ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ၀င်တိုက်ပြီး သိတ်မကြာခင်ပဲ ရှန်ဟိုင်း ကိုဝင်လာတယ်ဗျ။ အဲဒီတုန်းက ကျတော်က ရှန်ဟိုင်းက အာရှအသက်အာမခံ ကုမ္ပဏီမှာ မန်နေဂျာလေ။ ဂျပန်တွေက ကျတော့် ကုမ္ပဏီ စာရင်းတွေရှင်းဖို့ အရာရှိတစ်ဦးလွှတ်လိုက်တယ်။ တကယ်တော့ သူက ဂျပန်စစ်ဗိုလ်။ ကုမ္ပဏီပိုင်ဆိုင်မှု့တွေ စာရင်းလုပ်တဲ့နေရာမှာ ကျတော်က သူ့ကိုကူညီရမယ်ဆိုပြီး ဂျပန်တွေက တခါတည်းအမိန့်ထုတ်လိုက်တယ်။ ကျတော်မှာ ဘာမှ ရွေးချယ်စရာမရှိဘူးလေ။ သူတို့နဲ့ ပူးပေါင်းရင်ပူးပေါင်း မပူးပေါင်းရင်တော့ သေဖို့ပဲ။ ဒီတော့ ကျတော်လဲ သူတို့ပြောသလိုလုပ်ရတော့တာပေါ့။ ဒါပေမယ့် ကျတော့်စာရင်းထဲမှာ ဒေါ်လာ ၇၅၀၀၀၀ လောက်တန်တဲ့ အာမခံတစ်ခုကိုတော့ ချန်ထားလိုက်တယ်။ ဘာလို့လဲ ဆိုတော့ ဒီအာမခံက ကျတော်တို့ ရှန်ဟိုင်း ရုံးနဲ့ မဆိုင် ပဲ ဟောင်ကောင်ရုံးနဲ့သာ ဆိုင်တဲ့ဟာမို့လို့ပါ။ တချိန်တည်းမှာပဲ ကျတော်ကြောက်နေတာက ဂျပန်တွေကျတော့်ရဲ့ စာရင်းထိမ် ချန်မှု့ကို တွေ့သွားမှာကိုပဲ။ ကံဆိုးတာက ကျတော်ကြောက်တဲ့အတိုင်းပဲ ဖြစ်လာတာပါပဲ။ ”

“အဲဒီအချိန်က ရုံးခန်းမှာ ကျတော်မရှိဘူးဗျ။ ဒါပေမယ့် ကျတော့် စာရင်းကိုင်တော့ရှိတယ်။ သူပြောပုံအရတော့ ဂျပန်စစ်ဗိုလ်ဟာ အရမ်းကိုဒေါသ ထွက်နေတယ်။ ပြီးတော့ ကျတော့်ကိုလည်း သူခိုး၊ သစ္စာဖောက်လို့ ခေါ်တယ်။ ဂျပန်တပ်မတော်ကို ဆန့်ကျင်တယ်လို့လဲ စွပ်စွဲတယ်။ ဒီပုံအတိုင်းဆို ရင်တော့ ကျတော့်ကို ကင်ပေတိုင်စခန်း ထဲပို့တော့မှာပဲ။ ကျတော့်မှာ ကင်ပေတိုင်စခန်းအပို့ခံရတဲ့ အသိတစ်ယောက်ရှိတယ်။ အဲဒီမှာ အနှိပ်စက်ခံ ရတာနဲ့ ဆယ်ရက်လောက်နေတော့ သေတာပါပဲ။ အခု ကျတော်ကိုယ်တိုင် အဲဒီစခန်းကို အပို့ခံရမယ့် ကိန်းဆိုက်လာပြီ”

“ကျတော်ဘာလုပ်ရမလဲ။ ကျတော်ဒီသတင်းကို ကြားတာက တနင်္ဂနွေနေ့ နေ့လယ်မှာ။ ကြောက်လိုက်တာဆိုတာ တော့ ပြောစရာကိုမရှိဘူး။ ဒါပေမယ့် ကျတော့်မှာ ပြသနာကို ဖြေရှင်းတဲ့ နည်းတစ်ခုရှိတယ်။ ကျတော် အခက်အခဲတစ်ခုခုနဲ့ ပတ်သတ်ပြီး ပူပင်သောက ရောက်လာပြီ ဆိုတာနဲ့ မေးခွန်းနှစ်ခုကို လက်နှိပ်စက် နဲ့ရိုက်ကြည့်တတ်တယ်။

(၁) ငါ ဘာကို ပူပင်နေတာလဲ (တနည်းအားဖြင့် ဆိုရင် –ပြသနာကဘာလဲ)

(၂) ဒီပြသနာနဲ့ ပတ်သတ်ပြီး ငါ ဘာလုပ်နိုင်သလဲ

ဒီမေးခွန်းနှစ်ခု နဲ့ အဖြေ ကို ချပြီးရိုက်ကြည့်လိုက်တာနဲ့ အဲဒီပြသနာကို ကျတော် ရှင်းရှင်းလင်းလင်းခေါင်းအေးအေး နဲ့ စဉ်းစားနိုင်လာတယ်။ အဲဒါနဲ့ ကျတော်လဲ အခန်းကိုပြန် လက်နှိပ်စက်ကိုထုတ်ပြီး ဒီမေးခွန်းနှစ်ခုနဲ့ အဖြေကို ချရိုက်လိုက်တယ်။

(၁) ငါ ဘာကိုပူပင်နေတာလဲ

တနလာင်္နေ့ မနက်မှာ ငါ့ကို ကင်ပေတိုင်စခန်း အပို့ခံရမှာကို ငါကြောက်နေတာ။

(၂) ဒါနဲ့ပတ်သတ်ပြီး ငါဘာလုပ်နိုင်သလဲ

ကျတော်အချိန်တော်တော်ကြာစဉ်းစားပြီးတော့ လုပ်နိုင်တဲ့နည်းလမ်း လေးခု နဲ့ ဒါတွေရဲ့ အကျိုးဆက်တွေကို ကျတော်ချရေးလိုက်တယ်

(၁) ငါ ဂျပန်စစ်ဗိုလ်ကို သွားရှင်းပြမယ်။ ခက်တာက သူက ငါပြောတာကို တစ်လုံးမှနားမလည်ဘူး။ စကားပြန်ကနေ တဆင့်ရှင်းပြပြန်ရင်လဲ သူ့ကို ပိုပြီး ဒေါသထွက်အောင်လုပ်သလိုဖြစ်လာနိုင်သေးတယ်။ အခင့်မသင့်ရင် ချက်ချင်း ကင်ပေတိုင်စခန်း အပို့ခံရနိုင်တယ်။

(၂) ထွက်ပြေးမယ်။ ဒါတော့ မဖြစ်နိုင်ဘူး။ သူတို့ငါ့ကို အမြဲ စောင့်ကြည့်နေတာ။ အခန်းထဲအ၀င်အထွက်တောင်လက်မှတ်ထိုးရတာ။ မလွတ်ခင် သေချာပေါက်ပြန်မိမှာ။ အဲဒါမှ တခါတည်း ပစ်အသတ်ခံရမှာ။

(၃) တနလာင်္နေ့ ရုံးမတက်ပဲ အခန်းမှာပဲ နေလိုက်မယ်။ ဒီလိုဆိုရင်လည်း ဂျပန်စစ်ဗိုလ်က ပိုပြီး သံသယ၀င်လာမယ်။ မတော်လို့ စစ်သားတွေလွှတ်ပြီး ဘာစကားမှပြောခွင့်မရပဲနဲ့ ကင်ပေတိုင်စခန်းကို တန်းပို့လိုက်ရင် ဒုက္ခ။

(၄)တနလာင်္နေ့မှာ ပုံမှန်အတိုင်းရုံးသွားမယ်။ ဘာမှ မဖြစ်သလိုနေလိုက်မယ်။ ကံကောင်းရင်ဂျပန်စစ်ဗိုလ် အလုပ်ရူပ်ပြီးငါ့ကိစ္စကို မစဉ်းစားနိုင်တာလဲ ဖြစ်နိုင်တယ်။ တကယ်လို့စဉ်းစားမိရင်လဲ အဲဒီအချိန်လောက်ဆို သူဒေါသပြေလောက်ပြီး ငါဘာကြောင့်စာရင်းချန်ထားရတယ်ဆိုတာ သူသဘော ပေါက်သွားတာလဲ ဖြစ်ချင်ဖြစ်နိုင်တယ်။ ကဲ..တကယ်လို့သဘောမပေါက်လို့ငါ့ကို မေးလားမြန်းလားလုပ်လာ ရင်တောင် အဲဒီအချိန်မှဆို ငါ အေးအေးဆေးဆေးရှင်းပြလို့ ရသေးတယ်။ ဒီတော့ တနလာင်္နေ့မှာပုံမှန်အတိုင်းရုံတက်မယ်။ ဘာမှမဖြစ်သလိုနေလိုက်မယ်ဆိုရင် ငါ့မှာ ကင်ပေတိုင်စခန်းအပို့မခံ ရဖို့ အခွင့်အလမ်း ပိုများတယ်။”

“နံပတ်လေးအစီအစဉ်ကို လုပ်မယ်လို့ဆုံးဖြတ်လိုက်တာနဲ့တပြိုင်နက် ကျတော်ပူပင်နေတာတွေ သက်သာသွားတယ်ဗျ။ တနလာင်္နေ့ရုံးတက်တော့ ကိုယ်တော်က ထုံးစံအတိုင်း စီးကရက်ခဲပြီးထိုင်နေတယ်။ ကျတော့်ကိုလည်း တချက်ကြည့်လိုက်တယ်။ ဘာမှတော့မပြောဘူး။ ဒီလိုနဲ့ ခြောက်ပတ်လောက်နေတော့ ဘုရားမလို့ မောင်မင်းကြီးသား တိုကျိုပြန်သွားတယ်။ ကျတော့်သောကတွေလည်း အေးသွားတာပေါ့ဗျာ”

“ကျတော် ပြောခဲ့သလိုပဲ တနင်္ဂနွေနေ့နေ့လယ်မှာ ကျတော်လုပ်နိုင်တဲ့ အစီအစဉ်တွေကိုချရေးတယ်။ ပြီးတော့ ဒါတွေနဲ့ပတ်သတ်ပြီးဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကိုရေးတယ်။ နောက်ဆုံးမှာ ဘာလုပ်သင့်တယ်ဆိုတာ ဆုံးဖြတ်နိုင်တယ်။ ဒီလိုလုပ်နိုင်တာဟာ ကျတော့်အသက်ကို ကယ်လိုက် တာပဲဗျ။ ဒီလိုမဟုတ်ပဲ တနင်္ဂနွေတနေ့လုံး ဘာဆုံးဖြတ်ချက်မှလည်း မချနိုင်ပဲ ပူပင်သောကတွေရောက်နေမယ်။ ၊ ညလည်းမအိပ်နိုင်ဖြစ် နေမယ် ဆိုရင် နောက်နေ့မနက် ရုံတက်တဲ့အခါကျ ကျတော့်ရုပ်က မျက်တွင်းဟောက်ပက်နဲ့ တစ်ခုခုမဟုတ်တာလုပ်ထားလို့ ကြောက်နေတဲ့ပုံပေါက်နေမှာပဲ။ ဒါတစ်ခုတည်းနဲ့ကို ဂျပန်စစ်ဗိုလ်က ပိုပြီးမသကာင်္ဖြစ်ချင်စရာ ဖြစ်လာနိုင်တယ်။”

“ကျတော့်အတွေ့အကြုံအရဆိုရင် ဘာလုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို သေချာ ချနိုင်တာ ဟာတော်တော်တန်ဖိုးရှိတယ်ဗျ။ ပြသနာတစ်ခုခု ကြုံလာတာနဲ့ ဘာလုပ်လို့လုပ်ရမှန်းမသိ တောင်ပြေးရမလိုမြောက်ပြေးရမလိုဖြစ်နေတာဟာ ကျတော်တို့ကို ပိုပြီး ပင်ပန်းစေတယ်။ သေချာတဲ့ဆုံး ဖြတ်ချက်တစ်ခုကို ချလိုက်နိုင်တာနဲ့ ကျတော်တို့ရဲ့ ပူပင်မှု့တွေဟာ ငါးဆယ်ရာနှုန်းလောက်သက်သာသွားတယ်ဗျ။ နောက်အဲဒီဆုံးဖြတ်ချက်အ တိုင်း လုပ်လိုက်တာနဲ့ နောက်ထပ် လေးဆယ်ရာနှုန်းလောက် သက်သာသွားပြန်တယ်။ ဒီတော့ ကျတော်တို့ရဲ့ ပူပင်သောကတွေဟာ ဒီအဆင့်လေး ဆင့်ကိုလုပ်လိုက်တာနဲ့ ကိုးဆယ်ရာနှုန်းလောက်သက်သာသွားတယ်မဟုတ်လား။”

“(၁) ငါဘာကို ပူပင်နေတာလဲဆိုတာ ရှင်းရှင်းလင်းလင်းချရေးပါ။ (ပြသနာ အခက်အခဲ ရဲ့သဘောသဘာဝက  ဘာလဲ)

(၂) ငါဘာလုပ်နိုင်သလဲ ဆိုတာချရေးပါ ချရေးပါ။

(၃) ငါဘာလုပ်မယ်ဆိုတာကို ဆုံးဖြတ်ပါ။

(၄)ကိုယ်ဆုံးဖြတ်ထားတာကို ချက်ချင်းစလုပ်ပါ။”

မစ္စတာ ဂါးလန်းလီခ်ျဖီးလ် အခုအချိန်မှာ အာရှမှာ အောင်မြင်နေတဲ့ စီးပွားရေးသမားတဦးဖြစ်နေပါပြီ။ သူ့ရဲ့အောင်မြင်မှု့တွေဟာ ပြသနာကို သေချာဝေဖန်ပိုင်းခြားနိုင်မှု့၊ ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်မှု့တွေကြောင့်လို့ သူဝန်ခံသွားပါတယ်။ မစ္စတာလီခ်ျဖီးလ် ရဲ့နည်းလမ်းက ဘာလို့ထိရောက်တာလဲ။ ဘာလို့လဲဆိုတော့ ဒီနည်းဟာ တကယ်လက်တွေ့ကျတဲ့နည်း၊ ပြသနာရဲ့အရင်းအမြစ်ကို ဖြေရှင်းတဲ့နည်းဖြစ်လို့ပဲဗျ။

ကဲ…ဒီတော့ကျတော်တို့လည်း ကျတော်တို့ရဲ့ ပူပင်မှု့တွေကို ဒီနည်းရဲ့ ပထမဆုံးမေးခွန်းကိုမေးပြီး ဖြေရှင်းလိုက်ရအောင်။

ငါဘာကိုပူပင်နေတာလဲ??????

(Dale Carnegie ရဲ့ How to stop worrying and start living မှ ကောက်နုတ်ဘာသာပြန်ပါသည်)

လူမင်းဟန်

Leave a Reply