2 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
2 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
2 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
3 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
3 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
3 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
3 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
3 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
3 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
3 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

လေးနှစ်နီးပါပိတ်ဆို့ ခံထားရသော ဂါဇာကမ်းမြောင်ရှိ မွတ်စလင်တို့ သည် အလုပ်လက်မဲ့များ အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာသည့် ကြားမှာ ပင် ဥပုဒ် ထွက် အီးဒ်ပွဲတော်ကိုသောကြာနေ့တွင်  ပျော်ရွင်စွာ ကျင်းပနိုင်ခဲကြပါသည်။ အီးဒ်နေ့ရက်အတွင်း  ကွယ်လွန်သူ မိဘဘိုးဘွား များ၏ သင်္ချိုင်းသို့ ဂါဝရပြု ဇေယာရသ် သွားခဲ့ကြသကဲ့သို့ ဆွေမျိုး သားချင်းများထံ အလည် ပတ်သွားရောက်ခြင်း ကလေးငယ် များလက်ဆောင်များ အပြန်အလှန် ပေးအပ်ခြင်းတို့ဖြင့် ဆင်နွဲခဲ့ကြသည်။

အစ္စရေးတို့ ပိတ်ပင်ထားသည့်ကြားမှပင်  ဂါဇာသို့  ကုန်ပစ္စည်းများ စုပြုဝင်ရောက်လျက်ရှိသောလည်း  ဆိုင်အများစု ကတော့ ဂါဇာမွတ်စလင်များ အီးဒ်အတွက် ငွေများများစားစားမသုံးစွဲနိုင်ကြကြောင်း ညီတွားနေကြသည်။
ဆိုင်မှာ ပစ္စည်းတွေ အများကြီးတင်ထားထား က ဂါဇာ စီးပွားရေးကောင်းနေတယ်လို့ မဆိုနိုင်ပါဘူး မိသာစုတော်တော်များများက မ၀ယ်နိုင်ကြပါဘူး ဟု ဆိုင်ပိုင်ရှင် ဂျာမားလ် ဖာရ်ဟန် ကဆိုပါသည်။
လေးနှစ်ကြာနေတဲ့ အစ္စရေးတွေရဲ့ ပိတ်ဆိုမှုဒဏ် တွေကြောင့် ဂါဇာမွတ်စလင်တွေ ခံနိုင်ရည်တွေ မရှိကြတော့ပါဘူး မိသာစုအလိုက်ဈေးကိုလာကြပေမဲ့လည်း မိသားစု တချိုကသာ  အီးဒ်အတွက် လိုတာ ၀ယ်နိုင်ကြပါတယ် ၊ အများစူကတော့ ဟို ဈေးမေး ဒီဈေးမေးနဲ့ သူတို့ မျက်နှာမှာ ၀မ်းနည်းတဲ့ အရိပ်ယောင်တွေကိုပဲ မြင်ခဲ့ရပါတယ် ´ဟု သူ က ပြောပါသည်။
ဈေးလာဝယ် သူ ဂါဇာမှ အမေတစ်ဦးကလည်း  ` အီးဒ်နေ့က  အရေးကြီးတဲ့ ဘာသာရေးပွဲတော်ပါ  ဒီပွဲတော်မှာ ကျွန်တော် တို့ ရဲ့ ကလေးတွေ ပျော်ရွှင်မှုတွေရသင့်ပါတယ်..ဒါပေမဲ ဒီက အခြေနေက ဆိုးဝါးနေတော့ လဲ ကလေးတွေမျက်နှာ ရွှင်ပျနိုင်ဖို့ မိဘတွေက ကြိုးစား ပြုံးပြနေရတာပါ.. ´ဟု ကြေကြေကွဲကွဲနှင့် ဆိုပါသည်။
အစ္စရေးတို့ ၏ ဖိနှပ် မှုမျိုးစုံတို့ကြောင့် ဂါဇာတွင် ထောင်သောင်းချီက အလုပ်လက်မဲများ ဖြစ်နေခဲ့ရကာ လေကြောင်းတိုက်ခိုက်မှုများကြောင့်လည်း မိသာစုများ အိုးမဲ အိမ်မဲများ ဖြစ်ခဲ့ရသည်။
ပြီးခဲ့သော ရမဒန် သီတင်းပတ်အတွင်းမှာ ပင် အစ္စရေး တို့ တိုက်ခိုက်မှုများကြောင့် နေအိမ်အတော်များများ ပြိုလဲခဲ့သည်။
ပါလက်စတိုင်းအုပ်စုကွဲနှစ် ခုဖြစ်သော ဂါဇာမှ ဟားမတ်စ်အဖွဲနှင့် အနောက်ဘက်ကမ်းမှ  ဖာတာအဖွဲတို့ အကြားပြန်လည် သင့်မြတ်နိုင်မှ သာသူတို့ အတွက် အမှန်တကယ်ပျော်ရွှင်ရမည့် အီးဒ်ပွဲတော်ချိန်ခါ ဖြစ်ကြောင်း ဂါဇာမှ မွတ်စလင်တစ်ဦး က ဆိုပါသည်။ အနောက်နိုင်ငံများမှ ထောက်ခံထားသော ပါလက်စတိုင်း အစိုးရအဖွဲ ခေါင်းဆောင် မာဟ် မုဒ် အာဘာစ် ၊ ဖာတာ အဖွဲ့နှင့် အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟု အကြား ငြိမ်းချမ်းရေ ဆွေးနွေးပွဲ အသစ်ကို အမေရိကန်သမ္မတ အိုဘားမားမှ စက်တင်ဘာ ၂ရက်နေ့တွင် ကမကထပြု ကာ ကျင်းပပေးခဲ့သည်။

Leave a Reply