5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ်- ၂၆၊ ၂၀၁၃
M-Media

ရှစ်လေးလုံး ငွေရတုအခမ်းအနားတက်ရောက်ခဲ့သည့် အလယ်တန်းပြဆရာမအား ထုတ်ပယ်ခဲ့သောကြောင့် ရှုတ်ချခံရသည့် ပညာရေးဝန်ကြီးဌာန

ရှစ်လေးလုံး ငွေရတုအခမ်းအနားသို့ တက်ရောက်ခဲ့သည့် အလယ်တန်းပြဆရာမအား ရာထူးမှ ထုတ်ပယ်ခဲ့သည့် ပညာရေးဝန်ကြီးဌာနအား ရှုတ်ချကန့်ကွက်ကြောင်းကို တက္ကသိုလ် ဆရာ/ဆရာမများအသင်းက ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
_____________________________
ပဋိပက္ခများကြောင့် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ဖို့ တောင်းဆိုဦးမည်မဟုတ်ဟု ဓမ္မကွန်ရက်ပြော

လက်ရှိ မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေးအခြေခံတဲ့ ပဋိပက္ခတွေကြောင့် နားလည်မှုလွဲမှာစိုးတဲ့အတွက် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဌာန်းပေးသွားဖို့ တောင်းဆိုမှာ မဟုတ်ဘူးလို့ ထေရဝါရ ဓမ္မကွန်ရက်က သြဂုတ် ၂၅ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။ (ကမာရွတ်မီဒီယာ)
_____________________________
မြန်မာစစ်တပ်ရဲ့ အိန္ဒိယ နယ်မြေသို့ ကျူးကျော်မှု အငြင်းပွား

မြန်မာ-အိန္ဒိယနယ်စပ်မြို့ဖြစ်တဲ့ မိုရေးမြို့ကို မြန်မာစစ်တပ်က ကျော်ဖြတ်ပြီး အိန္ဒိယနိုင်ငံ Chandal ခရိုင်၊ Holenphai ရွာမှာ ကျူးကျော် စခန်းချထားတယ်လို့ Time of India သတင်းစာမှာ ရေးသားဖော်ပြထားသော်လည်း မြန်မာစစ်တပ်ကတော့ မြန်မာပိုင်နယ်မြေသာ ဖြစ်တယ်လို့ ပြောဆိုထားတာကြောင့် မည်သို့ဆောင်ရွက်မည်ကို ဗဟိုအစိုးရအဖွဲ့ကို မဏိပူရပြည်နယ် အစိုးရက အကြောင်းကြားထားပါတယ်။
_____________________________
တရုတ်နိုင်ငံတွင်မြေပြိုမှုဖြစ်ပွား

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ယူနန်ပြည်နယ် ယီလျန်ကောင်တီဒေသတွင် မိုးများစွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင်မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဆေးရုံအဆောက်အဦးတစ်ခု ပြိုကျခဲ့သည်ဟု သိရသည်။ လူနာများနှင့် ဆေးရုံဝန်ထမ်းများအား ပြောင်းရွှေ့ကယ်ဆယ်ထားပြီး သေကြေဒဏ်ရာရမှုစာရင်းကို အတိအကျမသိရသေးပေ။
_____________________________
အီရတ်နိုင်ငံတွင် ပစ်ခတ်သတ်ဖြတ်မှုများဖြစ်ပွား လူ ၄၅ ဦးသေဆုံး

အီရတ်နိုင်ငံတစ်ဝှမ်းတွင် ယမန်နေ့က ဗုံးခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်သတ်ဖြတ်မှုများ သီးခြားစီဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၄၅ ဦးသေဆုံးခဲ့ကာ ၁၁၃ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
_____________________________
ဂျပန်မှအစားအသောက်တင်သွင်းမှုအား ဘာရိန်းပြန်လည်ခွင့်ပြုတော့မည်

ပင်လယ်ကွေ့နိုင်ငံတစ်ခုဖြစ်သည့် ဘာရိန်းနိုင်ငံသည် ဂျပန်နိုင်ငံမှ အစားသောက်များအားပြန်လည်တင်သွင်းခွင့်ပြုတော့မည်ဟုသိရသည်။ ၂၀၁၁ခုနှစ် ဂျပန်နျူးကလီယား ဓာတ်ပေါင်းဖို အကျပ်အတည်းကိစ္စဖြစ်ပွားကတည်းက ဘာရိန်းနိုင်ငံသည် ဂျပန်နိုင်ငံမှ အစားအသောက်များ တင်သွင်းမှုအား ပိတ်ပင်ထားခဲ့ပြီး ယခု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အရှေ့အလယ်ပိုင်းနိုင်ငံများသို့သွားရောက်လည်ပတ်နေစဉ်အတွင်း ယခုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်သည်။ ဘာရိန်းနိုင်ငံမှာ ဂျပန် အစားအသောက်များအားပြန်လည် တင်သွင်းခွင့်ပြုသည့် ပထမဦးဆုံး ပင်လယ်ကွေ့နိုင်ငံဖြစ်ပြီး အခြားသောပင်လယ်ကွေ့နိုင်ငံများမှလည်း ပြန်လည်ခွင့်ပြုရန် ဂျပန်က မျှော်လင့်နေသည်။
_____________________________
အစ္စလာမ်ကြောက်ရောဂါအား ကုသရန် ဗြိတိသျှမွတ်စလင်စစ်သားများကို အသုံးပြုမည်

ဗြိတိန်နိုင်ငံတစ်ဝှမ်းတွင် ကျယ်ပြန့်လာသည့် အစ္စလာမ်ကြောက်ရောဂါအား မွတ်စလင်စစ်သားများဖြင့်ကုသရန်ဗြိတိန်အစိုးရက စီစဉ်နေသည်ဟုသိရသည်။ ဗြိတိန်ရှိကျောင်းများသို့ မွတ်စလင်စစ်သား၊ စစ်သမီးများအားစေလွှတ်ကာ အစ္စလာမ်ဘာသာဝင်များမှာ ဗြိတိသျှအင်ပါယာအတွက် အစ္စလာမ်ဘာသာဝင်မဟုတ်သူများနှင့် တစ်ပြေးညီတာဝန်ထမ်းဆောင်နေကြသည်ကို ကျောင်းသားကျောင်းသူများ သိရှိနိုင်စေရန်ပြုလုပ်သွားမည်ဟု အစိုးရအကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
_____________________________
မက္ကဆီကို တောင်ပိုင်းတွင် ရထားမှောက်

မက္ကဆီကို တောင်ပိုင်းတွင် ကုန်တင်ရထား တိမ်းမှောက်သဖြင့် ရထားခေါင်မိုးပေါ်တွင် လိုက်ပါလာသူများ အနက်မှ ၅ဦး သေဆုံးခဲ့ရသည်။
_____________________________
အာဖဂန် သမ္မတ ပါကစ္စတန်ရောက်

အာဖဂန် သမ္မတ Hamid Karzai သည် နောင်နှစ်တွင် နိုင်ငံခြားတပ်များ ရုပ်သိမ်းသွားပါက နိုင်ငံ ငြိမ်းချပ်းရေးအတွက် တာလီဘန်နှင့် ညှိနှိုင်း ဆွေးနွေးရာတွင် ပါကစ္စတန်က ကူညီပေးရန် တောင်းဆိုခဲ့သည်။
_____________________________
မနီလာတွင် ဆန္ဒပြ

ဖီလစ်ပိုင်နိုင်ငံတွင် အကျင့်ပျက် ဖြစားမှုကို ဆန့်ကျင်ရန် လူ ၆၀ ၀၀၀ ခန့် စုဝေး ဆန္ဒပြခဲ့သည်။ မွေးမြူရေးလုပ်ငန်းတွင် ရန်ပုံငွေ အလွဲသုံးစား ပြုမှုဖြင့် ဆန္ဒပြခြင်းဖြစ်သည်။
_____________________________
၄၅မိနစ်ကြာနှလုံးခုန်ရပ်တန့်ပြီးမှ ရှင်သန်လာသူ

Ohioမှ ၃၇နှစ်အရွယ် Tony Yahle သည် နှလုံးရောဂါပြင်းထန်၍ အရေးပေါ် ဆေးရုံတင်လိုက်ရပြီး နှလုံးခုန်ရပ်တန့်သွား၍ ၄၅မိနစ်ကြာ ဆရာဝန်များက ကြိုးစားခဲ့ရာ နှလုံးပြန်လည်ခုန်လာသည်။
_____________________________
မုတ်သုံ မုန်တိုင်း Ivo

မုန်တိုင်း Ivo သည် မက္ကဆီကို ကမ်းခြေတစ်လျောက် တိုက်ခတ်လာရာမှ အရှေ့ဘက်သို့ ဦးတည် တိုက်ခတ်နေပြီး အရှိန်လျော့သွားနိုင်ခြေရှိသည်။
_____________________________
တနင်္ဂနွေနေ့က အီရတ်တွင် တိုက်ခိုက်မှုများဖြစ်ပေါ်

Baghdad နှင့် Mosul မြို့များတွင် ပေါက်ကွဲမှုများ ဖြုစ်ပေါ်ခဲ့ရာ ၂၇ဦးထိ သေဆုံးမှု ရှိခဲ့သည်။

Leave a Reply