6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၇ ၊ ၂၀၁၃
M-Media

တိုင်းရင်းသားအဖွဲ့များကိုယ်တိုင် အခြေခံဥပဒေအသစ် ရေးဆွဲမည်

ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA တို့ပူးပေါင်း၍ ၃-လအတွင်း အပြီးရေးဆွဲမည်ဖြစ်ပြီး ကုန်ကြမ်းတွေ အဆင်သင့်ဖြစ်နေတာကြောင့် ၃-လအတွင်း ရေးဆွဲမှာဖြစ်ကြောင်း မပြီးခဲ့ရင် ၁-လ အချိန်ထပ်ယူပြီး လုပ်ဆောင်မှာဖြစ်ကြောင်း၊ ယခင် နှစ်ပေါင်း ၂၀ လောက် လုပ်ဆောင်ထားသည့် မူဝါဒများထဲမှ ကောင်းရာများကို ယူပြီး ရေးဆွဲမှာဖြစ်ကြောင်းကို ဖွဲ့စည်းပုံသစ် ရေးဆွဲရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားခဲ့ကြောင်း ဧရာဝတီ သတင်းစာမျက်နှာတွင် ဖော်ပြထားပါတယ်။
—————————
အစိုးရ၀န်ကြီးဌာနတွေထံမှ သတင်းရယူဖို့ ခက်ခဲသလို မီဒီယာတွေအနေနဲ့လည်း ကျင့်ဝတ်တွေ လေးစားလိုက်နာရန် လိုအပ်ဟု ဦးရဲထွဋ်ပြောကြား

တချို့သောဝန်ကြီးဌာနများတွင် တိကျပြတ်သားသည့် မူဝါဒမရှိမှုရယ်၊ ပြောရေးဆိုခွင့်ရှိသူကို လိုအပ်တဲ့သတင်းအချက်အလက်တွေ ပြည့်စုံစွာ ပေးထားနိုင်မှု မရှိတာရယ်ကြောင့် အစိုးရ ၀န်ကြီးဌာနတွေထံမှ သတင်းယူဖို့ ခက်ခဲသော်လည်း မီဒီယာများအနေနှင့်လည်း စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို လေးစားရန်နှင့် မူလပြောရေးဆိုခွင့်ရှိသူပြောသည့်စကားအား လွဲမှားစွာ သုံးလိုက်မှုမျိုး၊ သတင်းအား အတည်မပြုပဲ ထည့်သွင်းဖော်ပြလိုက်တာမျိုးတွေကြောင့် နားလည်မှုတွေ လိုအပ်နေသေးကြောင်း၊ နှစ်ဖက်စလုံးမှ ကျင့်ဝတ်နဲ့အညီလုပ်ဆောင်ပြီး တိကျတဲ့ မူဝါဒများ ရှိပါက ပိုပြီးကောင်းမွန်လာမှာဖြစ်ကြောင်း ပြောကြားခဲ့တာကို RFA သတင်းဌာနမှ တဆင့် သိရပါတယ်။
——————————
တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားပါတီများ ယနေ့ တွေ့ဆုံခဲ့ရာတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့ ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပြောကြားလိုက်ကြောင်း ကမာရွတ်မီဒီယာမှ သိရှိရပါတယ်။

ဗြိတိန်ဆန့်ကျင့်ရေးဆန္ဒပြပွဲများ ဗျူနိုအေရီးစ်တွင်ပြုလုပ်

yasaman.hashemi

ဗြိတိန်နှင့် ပိုဆိုင်မှု အငြင်းပွားနေသည့် မာလ်ဗိနက်စ်(ဖောက်ကလန်) ကျွန်စုအား အာဂျင်တီးနားက ပိုင်ဆိုင်ကြောင်းထောက်ခံသည့် ဆန္ဒပြပွဲတစ်ခုကို အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရီးစ်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်ဟုသိရသည်။ ဆန္ဒပြသူများမှာ ဗြိတိန် ဆန့်ကျင်ရေးကြွေးကျော်သံများအား ကျွေးကျော်ခဲ့ကြပြီး အာဂျင်တီးနားအလံ ကိုင်ဆောင်ကာ မြို့အနှံ့ ချီတက် ဆန္ဒပြခဲ့ကြသည်။ ထိုဆန္ဒပြပွဲတွင် ဗြိတိန်အလံနှင့် ဗျူနိုအေရီးစ်တွင် ကျင်းပနေသည့် နိုင်ငံတကာအိုလံပစ်ကော်မတီ အစည်းအဝေးအား တက်ရောက်ရန် ရောက်ရှိနေသည့် ဗြိတိန် ဘုရင်မကြီး၏သမီး မင်းသမီးအန်နီ၏ပုံတူကားချပ်အား မီးရှို့ခြင်းလည်းပါဝင်ခဲ့သည်။
Press TV
………………………………………………………..
ဆီးရီးယားအားတိုက်ခိုက်ခြင်းမှာ ကမ္ဘာ့ကြီးအတွက်အန္တရာယ်ဟု ဒုနိုင်ငံခြားရေးဝန်ကြီးပြော

ဆီးရီးယားနိုင်ငံ၏ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဖိုင်ဆယ် မစ်က်ဒဒ်က ဆီးရီးယားအားအနောက်နိုင်ငံများက စစ်ရေးအရ၀င်ရောက်ရန်ပြင်ဆင်နေမှုကို သတိပေးလိုက်ပြီး ထိုကဲ့သို့ လုပ်ဆောင်ပါက ကမ္ဘာကြီးအတွက် အန္တရာယ်ဖြစ်လာလိမ့်မည်ဟု ပြောကြားလိုက်သည်။ “ဆီးရီးယားကိုတိုက်ခိုက်မယ်ဆိုတဲ့စစ်ပွဲဟာ အန္တရာယ်များတဲ့ စစ်ပွဲပါ။ ပြီးတော့ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုကို ခြိမ်းခြောက်တာလည်းဖြစ်ပါတယ်” ဟု al-Ekhbaria TV ချန်နယှ်နှင့် ယမန်နေ့က ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။
Press TV
…………………………………………….
အမည်မသိ ယာဉ်ငယ်တစ်ခုအား လပေါ်သို့ နာဆာလွှတ်တင်

လပေါ်ရှိလေထုနှင့် ပတ်ဝန်းကျင်အားလေ့လာရန် အမည်ပေးထားခြင်းမရှိသည့် ယာဉ်ငယ် တစ်ခုအား နာဆာမှ ယမန်နေ့က လွှတ်တင်ခဲ့သည်။ ပေ၉၀အရှည်ရှိသည့် ဒုံးကျည်ဖြင့်လွှတ်တင်ခဲ့သည့် အဆိုပါယာဉ်ငယ်မှာ လပေါ်ရှိလေထု၏ အသေးစိတ်အချက်အလက်များစုဆောင်းရန်၊ လမျက်နှာပြင်နားရှိ အခြေအနေနှင့် ဖုန်မှုန့်များဖြင့်ပြည့်နှက်နေသော လပတ်ဝန်းကျင်အခြေအနေတို့အား လေ့လာရန်ရည်ရွယ်၍ လွှတ်တင်ခဲ့ခြင်းဖြစ်သည်ဟု နာဆာက သတင်းထုတ်ပြန်ခဲ့သည်။
CNN
…………………………………………………….
HIV ပိုးရှိနေသူသည်ဟုဖွင့်မပြောဘဲ အမျိုးသမီး ၃၀၀ ကျော်နှင့် လိင်ဆက်ဆံခဲ့သည့် အမျိုးသား တရားစွဲခံရ

အမေရိကန်နိုင်ငံ မစ်ဇူရီပြည်နယ်ရှိ HIV ပိုးရှိနေသူအမျိုးသားတစ်ဦးမှာ ၎င်း၏အခြေအနေအား မပြောပြပဲ အမျိုးသမီး ၃၀၀ ကျော်နှင့် လိင်ဆက်ဆံခဲ့ကြောင်း မစ်ဇူရီ ရဲတပ်ဖွဲ့မှ ယမန်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။ ဒေးဗစ် လီ မန်ဂန်ဟုအမည်ရသည့် ထိုအမျိုးသားမှာ ၂၀၀၃ ခုနှစ်ကတည်း HIV ပိုရှိနေကြောင်း သိရှိနေပြီး ငြင်းပယ်ခံရမည်ကိုကြောက်ရွံ့သည့်အတွက် ၎င်း၏ လိင်ဆက်ဆံဖက်များအား အဖြစ်မှန်ကိုထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ဟု ဖွင့်ဟခဲ့သည်။ အသက် ၃၆နှစ်အရွယ်ရှိ မန်ဂန်မှာ HIV ပိုးဖြန့်ဝေမှုအတွက် ၎င်းနှင့်အတူနေခဲ့သူတစ်ဦး၏ တရားစွဲဆိုမှုကိုရင်ဆိုင်နေရပြီး ထိုကဲ့သို့တရားစွဲဆိုမှုများအား ထပ်မံ၍ ရင်ဆိုင်ရနိုင်သည်ဟု မစ်ဇူရီ ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
CNN
……………………………………………….
တာလီဘန်သုတ်သင်မှု စစ်ဆင်ရေးအတွင်း တာလီဘန် ၃၅ ဦးသေဆုံး

လွန်ခဲ့သည့် ၂၄ လေးနာရီအတွင်းပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတွင် တာလီဘန်တိုက်ခိုက်ရေးသမား ၃၅ ဦးအား သုတ်သင်နိုင်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။ ထိုအစီရင်ခံစာတွင် “စစ်တပ်မှပံ့ပိုးပေးထားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် နေတိုးဦးဆောင်သည့် မဟာမိတ်တပ်များက လွန်ခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံတစ်ဝှမ်း တာလီဘန်တိုက်ခိုက်ရေးသမား ၃၅ဦးအား သုတ်သင်နိုင်ခဲ့သည်” ဟု ဖော်ပြထားသည်။ အဆိုပါစစ်ဆင်ရေးအတွင်း စစ်သွေးကြွလေးဦးမှာ ဒဏ်ရာရရှိခဲ့ပြီး အခြား ၈ ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
………………………………………………
အငြင်းပွားနေသည့်ရေပိုင်နက်ထဲသို့ တရုတ် ကမ်းခြေစောင့် သင်္ဘောလေးစီး ၀င်ရောက်

တရုတ်နှင့် ဂျပန်တို့ ပိုင်ဆိုင်မှုနှင့်ပက်သက်၍ အငြင်းပွားနေသည့် အရှေ့တရုတ်ပင်လည်အနီးရှိကျွန်းစုရှိရာ ရေပိုင်နက်ထဲသို့ တရုတ်ကမ်းခြေစောင့် သင်္ဘောလေးစီးမှာ ယမန်နေ့က၀င်ရောက်ခဲ့သည်ဟုသိရသည်။ အဆိုပါ သင်္ဘောလေးစီးမှာ ဂျပန်ကပိုင်ဆိုင်သည်ဟု ကြေညာထားသည့် ကျွန်း ၅ ကျွန်းအနက်မှ Uotsurijima အမည်ရှိကျွန်း၏ ရေပိုင်နက်ထဲသို့ ယမန်နေ့ ဒေသစံတော်ချိန် ည ၈ နာရီ ၁၅ မိနစ်တွင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ထိုရေပိုင်နက်အတွင်း ၂ နာရီကြာရှိနေခဲ့သည်ဟု ဂျပန် Jiji press သတင်းဌာက ဖော်ပြခဲ့သည်။ အရှေ့တရုတ်ပင်လယ်အနီးရှိ အငြင်းပွားနေသည့် အဆိုပါကျွန်းစုအား တရုတ်မှ Diaoyuကျွန်းဟု အမည်ပေးထားပြီး ဂျပန်က Senkaku ဟု အမည်ပေးထားသည်။
CN
………………………………………………..
ဘက်ကင်ဟမ် နန်းတော်အားကျော် ၀င်ရန်ကြိုစားသူ တစ်ဦး ဖမ်းဆီးခံရ

အင်္ဂလန်နိုင်ငံ ဘက်ကင်ဟမ်နန်းတော်၏ ခြံစည်ရိုးကိုကျော်ကာ ၀င်ရောက်ရန်ကြိုးစားခဲ့သည့် လူတစ်ဦးအား ဖောက်ထွင်းမှု၊ ပိုင်နက်ကျူးလွန်မှုနှင့် ရာဇ၀တ်မှုတို့ဖြင့် ဗြိတိန်ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟုသိရသည်။ ပြည်သူများလေ့လာကြည့်ရှုရန် နေ့ခင်းပိုင်းတွင်ဖွင့်ပေးထားသည့် ဧရိယာတွင် ဗြိတိန်စံတော်ချိန် တနင်္လာနေ့ည ၁၀ နာရီ မိနစ် ၂၀ တွင် ထိုသူအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အခြားသူတစ်ဦးကိုလည်း ဘုရင်မကြီး၏ အိမ်တော်အပြင်ဘက်တွင်တွေ့ရှိခဲ့ရပြီး ဖောက်ထွင်းရန် ပူးပေါင်းကြံစည်မှုဖြင့် ထိန်းသိမ်းထားသည်ဟု ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
BBC

Tags:

Leave a Reply