5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၈ ၊ ၂၀၁၃
M-Media

နိုင်ငံရေးပါတီ ထူထောင်ဖို့ နှောင့်နှေးကြန့်ကြာနေရသည့် ၈၈ မျိုးဆက်

နိုင်ငံရေးပါတီဖွဲ့စည်းမည်ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့က ပြောဆိုခဲ့သော်လည်း ယနေ့အထိ အကောင်ထည် မဖော်နိုင်ခြင်းမှာ ၈၈-မျိုးဆက် တချို့သည် အရပ်ဖက် လူ့အဖွဲ့အစည်းတွင် ပါဝင်ရန်သာ အားသန်နေခြင်း၊ လက်ရှိအခြေအနေတွင် တိုင်းပြည်တည်ဆောက်ရေး၊ နိုင်ငံရေးအင်အားစုများ ညီညွတ်လာစေရန် ကြိုးပမ်းနေရပြီး ပါတီနိုင်ငံရေး ဆောင်ရွက်ရန် ကြီးမားသော စိန်ခေါ်မှုများရှိနေသောကြောင့်ဖြစ်သည်ကို ဧရာဝတီ သတင်းဌာနသို့ ပြောကြား ခဲ့ပါတယ်။
—————————–
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် အဖွဲ့ဝင်ဖြည့်စွက် ပြင်ဆင်ဖွဲ့စည်းခြင်း

နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက် နေ့စွဲပါ အမိန့်အမှတ် (၁၅/၂၀၁၃) ဖြင့် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတွင် ဦးဇေယျာအောင်(ပြည်ထောင်စုဝန်ကြီး)၊ ဦးဝင်းမြင့်(ပြည်ထောင်စုဝန်ကြီး) တို့အား အဖွဲ့ဝင်အဖြစ် ၂၀၁၃-ခု၊ စက်တင်ဘာလ ၆-ရက်နေ့တွင် ဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံး အင်တာနက်စာမျက်နှာတွင် ဖော်ပြထားပါတယ်။
—————————–
အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ အမျိုးသမီးကဏ္ဍ ဆွေးနွေး

အမျိုးသားညီညွတ်ရေးကွန်ဂရက်ပါတီ၏ ပသီအမျိုးသားရေးရာ (အမျိုးသမီးကဏ္ဍ) ဆွေးနွေးပွဲကို တာမွေမြို့နယ်ရှိ အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီရုံးချုပ်တွင် ယနေ့ နေ့လည် ၂-နာရီက ပြုလုပ်ခဲ့ပြီး၊ ပသီသမိုင်း၊ ရှေ့လုပ်ငန်းစဉ်များ၊ အမျိုးသမီးနှင့် နိုင်ငံရေး ခေါင်းစဉ်များရှင်းလင်းပြောပြပြီး တက်ရောက်လာကြသူ အမျိုးသမီးများမှ လက်ရှိ အမျိုးသမီးများ၏ အခန်းကဏ္ဍများအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ်။
————————–

နေတိုး၏ တိုက်ခိုက်မှု အတွင်း အရပ်သားများ သေဆုံးခဲ့သည်ဟု အာဖဂန်ပြော

တာလီဘန်များကြီးစိုးသည့် အာဖဂန်အရှေ့ပိုင်းပြည်နယ် တစ်ခုတွင် နေတိုးမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ၁၅ ဦးသေဆုံးပြီး အမျိုးသမီးများနှင့် ကလေးများ အပါအ၀င် ၉ ဦးမှာ အရပ်သားများ ဖြစ်ကြသည်ဟု အာဖဂန် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

သို့ရာတွင် နေတိုးကမူ စနေနေ့ကပြုလုပ်ခဲ့သည့် အဆိုပါ တိုက်ခိုက်မှုတွင် တာလီဘန် တိုက်ခိုက်ရေးသမားများသာ သေဆုံးခဲ့ပြီး အရပ်သားများ သေဆုံးမှု မရှိဟု ပြောကြားခဲ့သည်။

ထိုကဲ့သို့ အငြင်းပွားဖွယ် တိုက်ခိုက်မှုမှာ ပါကစ္စတန်နိုင်ငံ နယ်စပ်အနီးရှိ ကူနာပြည်နယ် ၀ါတာပူရ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
http://www.aljazeera.com/news/asia/2013/09/20139865515969391.html
………………………………………………………..
ဥရောပ၏ အစ္စရေးအား ထောက်ပံ့မှု ရပ်ဆိုင်းရန် အစီစဉ်အား ဆိုင်းငံ့ထားရန် ဂျွန်ကယ်ရီ တောင်းဆို

20139883420591734_20

အစ္စရေး အဖွဲ့အစည်းများသို့ ငွေကြေးထောက်ပံ့မှုများအား ရပ်ဆိုင်းရန် စီစဉ်ထားသည့် ဥရောပ၏ အစီအစဉ်အား ဆိုင်ငံ့ထားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းလိုက်သည်။

ဥရောပ နိုင်ငံခြားရေးဝန်ကြီးများနှင့် စနေနေ့က တွေ့ဆုံရာတွင် ပြောကြားလိုက်ခြင်းဖြစ်ပြီး သုံးနှစ်နီးပါးကြာ ရပ်ဆိုင်းခဲ့ရပြီးနောက် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့ကမှ ပြန်လည်စတင်နိုင်ခဲ့သည့် အစ္စရေး-ပါလက်စတိုင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲအား အားပေး ထောက်ခံရန် ဂျွန်ကယ်ရီက တောင်းဆိုခဲ့သည်။

ပါလက်စတိုင်း နယ်မြေဖြစ်ပြီး အစ္စရေးက မတရား သိမ်းပိုက်ထားသည့် အနောက်ဘက် ကမ်းခြေတွင် ဂျူးအိမ်ရာများအား တရားမ၀င် ဆောက်လုပ်နေခြင်းကြောင့် အစ္စရေးအားပေးနေသည့် ဘဏ္ဍာရေး အကူညီများကို ရပ်ဆိုင်းရန် ဥရောပသမ္မဂ္ဂမှ ဇူလိုင်လအတွင်းက ဆုံးဖြတ်ခဲ့သည်။
http://www.aljazeera.com/news/europe/2013/09/20139881229728695.html
………………………………………………..
ထောင်ဒဏ် ချမှတ်ခံခဲ့ရသည့် တရုတ်ဂျာနယ်လစ် တစ်ဦးလွတ်မြောက်

130908022939-shi-tao-golden-pen-award-story-top

တရုတ်အစိုး၏ မီဒီယာ ကန့်သတ် ချုပ်ချယ်မှုများအား ပေါက်ကြားစေမှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခြင်းခံခဲ့ရသူ တရုတ် ဂျာနယ်လစ်တစ်ဦးမှာ ယမန်နေ့က လွတ်မြောက်လာ ခဲ့သည်ဟု သိရသည်။

ရှီတာဟု အမည်ရသည့် အဆိုပါဂျာနယ်လစ် လွတ်မြောက်လာခြင်းအား တရုတ်စာရေးဆရာများ အစည်းအရုံး ဖြစ်သည့် PEN International မှ သတင်း ထုတ်ပြန်ခဲ့သည်။

ရှီတာမှာ လွတ်လပ်စွာပြောဆိုရေးသား ခွင့်ရရန် အဓိကထား လုပ်ဆောင်သည့်  Independent Chinese PEN Center အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည်။

ရှီတိုမှာ ၂၀၀၄ခုနှစ်က တရုတ်နိုင်ငံ၏ မီဒီယာကန့်သတ် ချုပ်ချယ်မှုများအား လူ့အခွင့်အရေး အဖွဲ့တစ်ခုသို့ပြောကြားခဲ့သောကြောင့် တရုတ်အစိုးရက ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ၁၅ လအလိုတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
http://edition.cnn.com/2013/09/08/world/asia/shi-tao-journalist-free/index.html?hpt=hp_t3
……………………………………………………….
တန်ဇန်းနီးယားလေယာဉ်ပျက်ကျမှုအတွင် တောင်ကိုးရီးယားနိုင်ငံသားနှစ်ဦးအသက်ရှင်

တန်ဇန်းနီးယားမြောက်ပိုင်းဒေသတစ်ခုဖြစ် အရူရှာဒေသတွင် လေယာဉ်ငယ်တစ်စီးပျက်ကျမှုဖြစ်ပွားခဲ့ပြီး ထိုလေယာဉ်တွင် ပါဝင်ခဲ့သည့် တောင်ကိုရီးယား ခရီးသွားနှစ်ဦးမှာ အသက် မသေခဲ့ဟုရဲတပ်ဖွဲ့က စနေနေ့တွင်ပြောကြားခဲ့သည်။

ထိုခရီးသွားနှစ်ဦးမှာ တန်ဇန်းနီးယား ကီဂိုမာဒေသမှာ မန်ယာရာဒေသို့ ခရီးသွားရန် အဆိုပါလေယာဉ်အား ငှားရမ်းခဲ့ခြင်ဖြစ်ပြီး အရှေ့ဘီးမှာ နည်းပညာပြဿနာနှင့် ကြုံတွေ့ခဲ့ရကာ အီသီးယိုးပီးယားလေယာဉ်မှူးဖြစ်သူက ဆင်းသက်ရန်ကြိုးစားစဉ် ပျက်ကြခဲ့သော်လည်း လေယာဉ်ပေါ်ပါသွားသူ သုံးဦးစလုံးမှာ မည်သည့်ထိခိုက်ဒဏ်ရာရှိမှုမှမရှိခဲ့ပေ။
http://news.xinhuanet.com/english/world/2013-09/08/c_132702410.htm
………………………………………………………..
ဆီရီးယားနယ်စပ်အနီးတွင် တူရကီ စစ်စခန်းဆောက်နေ

တူရကီစစ်တပ်သည် ဆီးရီးယားကမ်းရိုတမ်းမြို့တစ်ခုဖြစ်သည့် လာတာကီယာ နယ်စပ်အနီး Kel တောင်တန်းပေါ်တွင် စစ်စခန်းများ စတင်ဆောက်လုပ်နေပြီဟု ယနေ့ထုတ် Turkish Daily News သတင်းစာတွင် ဖေါ်ပြခဲ့သည်။

တူရကီနိုင်ငံတောင်ဘက် ဟတေးပြည်နယ်မှ စစ်လက်နက်ကိရိယာများတင်ဆောင်ထားသည့် တရပ်ကားကြီးများက Kel တောင်တန်းသို့ဦးတည်မောင်းနှင်နေပြီး စစ်သားများကလည်း တောင်ထိပ်ပေါ်တွင် စစ်လက်နက်ပစ္စည်များကို တပ်ဆင်နေကြသည်ဟု ထိုသတင်းစာတွင်ရေးသားထားသည်။ ဆီးရီးယားအားနိုင်ငံတကာမှဝင်ရောက်တိုက်ခိုက်ပါက တူရကီမှာတစ်ထောင့်တစ်နေရာမှ ပါဝင်လာနိုင်သည်ဟု တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan က လွန်ခဲ့သည့် သီတင်းပတ်က ပြောကြားထားသည်။
http://news.xinhuanet.com/english/world/2013-09/08/c_132702491.htm
………………………………………………………….
ဆီးရီးယားကို တိုက်ခိုက်မည့် အစီအစဉ်အား ကန်နိုင်ငံသားများ ကန့်ကွက်

ဆီးရီးယားအားတိုက်ခိုက်ရန်စီစဉ်နေသည့် အမေရိကန်သမ္မတ ဘာရက်အိုဘားမား၏ အစီအစဉ်အား စစ်ဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူများက ယမန့်နေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

တက်ကြွလှုပ်ရှားသူများနှင့် ဆီးရီးယားနိုင်ငံသားအချို့က နယူးယောက်မြို့ရှိ တိုင်းမ်စကွဲနှင့် သမ္မတအိမ်ဖြူတော် အရှေ့တွင်စုဝေးခဲ့ကြပြီး စစ်ပွဲအားဆန့်ကျင်သည့် ပိုစတာများအား ကိုင်ဆောင်ကာ အရှေ့အလယ်ပိုင်း၌နောက်ထပ်စစ်ပွဲဆင်နွှဲမှုအားဆန့်ကျင်သည့် ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြသည်။
http://www.presstv.ir/detail/2013/09/08/322678/americans-protest-against-syria-war/

Tags:

Leave a Reply