5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ၊ ၉ ၊ ၂၀၁၃
M-Media

E-cigarettes

ပဲရစ်။      ။ ဆေးလိပ်ဖြတ်လိုသူများအတွက် ဖန်တီးတီထွင်ခဲ့သော ဆေးရွက်ကြီးမပါဝင်သည့် လျှပ်စစ်စီးကရက်များသည် နီကိုတင်းကပ်ခွာများနည်းတူ ထိရောက်မှုရှိကြောင်း၊ သို့သော်လည်း ထိုအရာနှစ်မျိုးလုံးမှာ တော်သင့်ရုံသာ အောင်မြင်မှုရှိကြောင်း လေ့လာမှုတစ်ခုမှ စနေနေ့တွင် ဆိုသည်။

ထိုလေ့လာချက်သည် စီးကရက်ပြတ်တောက်စေရန် ကူညီပေးသော တဖြည်းဖြည်းခေတ်စားလာနေသည့် ပလပ်စတစ်ပိုက်တံထဲမှ အရည်တစ်မျိုးအားအပူပေးရာမှ ထွက်လာသောအငွေ့အားဖြင့် ရှူရှိုက်မှုရသကိုဖန်တီးပေးသည့်ကိရိယာ သို့မဟုတ် လျှပ်စစ်စီးကရက်ကို နီကိုတင်းကပ်ခွာများနှင့် ပထမဆုံးအကြိမ် နှိုင်းယှဉ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

နယူးဇီလန် (New Zealand) နိုင်ငံ အော့က်လဲန်ဒ် (Auckland)ရှိ သုတေသနပြုသူများသည် ဆေးလိပ်ဖြတ်ချင်နေသော ဆေးလိပ်သမား ၆၅၇ ဦးအားစုစည်း၍ အုပ်စုသုံးခုခွဲကာ လေ့လာခဲ့ကြသည်။ လူအယောက် ၂၉၀ ၀န်းကျင်စီပါဝင်သည့် အုပ်စုနှစ်ခုအား ၁၃ ပတ်ကြာ နီကိုတင်းကပ်ခွာများ နှင့် နီကိုတင်း အရသာထွက်စေသည့် လျှပ်စစ်စီးကရက်များကို တစ်လှည့်စီ အသုံးပြုစေခဲ့သည်။ လူ ၇၃ ဦးပါ နောက်ဆုံးအုပ်စုတွင်မူ  နီကိုတင်းမပါဝင်သည့် လျှပ်စစ်စီးကရက်များကိုသာ အသုံးပြုစေခဲ့သည်။

၆ လကြာပြီးနောက် စေတနာအလျောက်စမ်းသပ်ခံသူများအား မေးခွန်းများမေးခြင်း၊ ၄င်းတို့၏ အာငွေ့၌ မီးခိုးနှင့်အတူတွဲပါလာသော ကာဘွန်မိုနောက်ဆိုဒ်ဓာတ် ပါဝင်နှုန်းကို သရုပ်ခွဲခြင်း၊ စီးကရက်ဖြတ်တောက်ရာ၌ အောင်မြင်တိုးတက်မှုကို မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အောင်မြင်မှုရလဒ်အားဖြင့် နီကိုတင်းရသပါဝင်သည့် လျှပ်စစ်စီးကရက်အဖွဲ့က ၇.၃ ရာခိုင်နှုန်း၊ နီကိုတင်းကပ်ခွာအဖွဲ့သည် ၅.၈ ရာခိုင်နှုန်း နှင့် နီကိုတင်းမပါဝင်သည့် လျှပ်စစ်စီးကရက်အဖွဲ့မှာ ၄.၁ ရာခိုင်နှုန်း အသီးသီးဖြစ်ကြောင်း တွေ့ရသည်။

လျှပ်စစ်စီးကရက်အသုံးပြုသူများတွင် ကျန်းမာရေးချို့ယွင်းမှု တစ်စုံတစ်ရာမတွေ့ရှိရသော်လည်း၊ လေ့လာသူများမှာ ရေရှည်အတွက် ဘေးကင်းမှု ရှိမရှိကို မဆုံးဖြတ်နိုင်သေးကြောင်း၊ ထို့အတူ ဥရောပနိုင်ငံများအသင်း (European Union) မှ လျှပ်စစ်စီးကရက်များအား အဆင့်မြင့်ဆေးဝါးထုတ်ကုန်အဖြစ် အသိအမှတ်ပြုကာ တရားဝင်ကြေညာချက် ထုတ်ပြန်ပေးမည် မပေးမည်ကို ယခုထိ မသေချာသေးကြောင်း သိရသည်။

“ နီကိုတင်းရသ ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ လျှပ်စစ်စီးကရက်များသည် ဆေးလိပ်စွဲနေသူများအပေါ် ဆေးလိပ်ပြတ်သွားစေရန် ထူးထူးခြားခြား အထောက်အကူမဖြစ်စေပါ။ နီကိုတင်းကပ်ခွာများကဲ့သို့ပင် မဆိုစလောက်သော ပြောင်းလဲမှုသာ ရှိနေသည် ” ဟု လေ့လာချက်အတွင်း ထည့်သွင်းရေးသားထားကြောင်း The Lancet က ရေးသားဖော်ပြခဲ့သည်။

သို့သော်လည်း “ ဆေးရွက်ကြီးကန့်သတ်ထိန်းချုပ်မှု၌ လျှပ်စစ်စီးကရက်များအား အစားထိုးရန် မသေချာသေးကြောင်း၊ ယင်းအရာတို့၏ကောင်းကျိုး၊ ဆိုးကျိုးများကို အမြန်ဆုံး ရှင်းလင်းသေချာစွာထုတ်ပြန်နိုင်ရေးအတွက် ဆက်လက်သုတေသနပြုရန် လိုအပ်နေသေးကြောင်း ” ဟု ထပ်မံဖော်ပြထားခဲ့သည်။

အော့က်လန်ဒ် တက္ကသိုလ်မှ ခရစ္စ ဘူလင် (Chris Bullen) ဦးဆောင်ပြုလုပ်ထားသော သုတေသနစာတမ်းအား ဤရက်သတ္တပတ်အတွင်း စပိန်နိုင်ငံ၊ ဘာဆီလိုနာရှိ အသက်ရှုလမ်းကြောင်း လေ့လာမှုဆိုင်ရာ ဥရောပအဖွဲ့အစည်း (European Respiratory Society) ၏ ကွန်ဖရင့်၌ တင်ပြခဲ့သည်ဟု The Lancet မှ ဖော်ပြထား၏။

– AFP/xq

Leave a Reply