6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ၊ ၁၆၊
M-Media
03
အစ္စလာမ့်ထိပ်တန်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဆော်ဒီ၏ထိပ်တန်းဘာသာရေးအကြီးအကဲ ဓမ္မသတ်မှူးချုပ် ရှိုင်းခ် အဗ်ဒုလ် အဇီးဇ် အလ်ရှိုင်းခ် သည် တနင်္လာနေ့က ဟဂ်ျမိန့်ခွန်းတွင် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ရှုတ်ချဝေဖန်ပြောကြားခဲ့သည်။

“ အစ္စလာမ်ဟာ ဘာအကြောင်းနဲ့မှ အကြမ်းဖက်မှုကို ခွင့်မပြုထားပါဘူး။ ယနေ့ကမ္ဘာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ခြင်းနဲ့အစွန်းရောက်မှုအားလုံးကို အစ္စလာမ်က ရှုတ်ချထားပါတယ်။ ငြိမ်းချမ်းမှု၊ ညီညွတ်မှုအတွက် မွတ်စ်လင်မ်များက မေတ္တာနဲ့ရင်းပြီး ခင်းကျင်းဖော်ပြရမှာဖြစ်တယ် ” ဟု သူမှ ပြောကြားကြောင်း Dawn News မှ ဆိုသည်။

အာရပ်နွေဦး၏ပရမ်းပတာဖြစ်မှုကို ပွင့်လင်းစွာရည်ညွှန်းခြင်းမရှိသော်လည်း ကမ္ဘာ့မွတ်စ်လင်မ်လူ့အဖွဲ့အစည်းတို့အား ခွဲခြားမှုကိုရှောင်ကြဉ်ကြရန်၊ လက်တွဲစုစည်းကြရန် ဓမ္မသတ်မှူးချုပ်မှ အောက်ပါကဲ့သို့ တိုက်တွန်းလိုက်ကြောင်း The Nation က ဖော်ပြထား၏။

“ အို – မွတ်စ်လင်မ်အပေါင်းတို့။ ဖန်ဆင်းရှင်တော်မြတ်အား ကြောက်ရွံ့ကြပါကုန်။ သပ်က်ဝါ (အလ္လာဟ်အရှင်မြတ်အပေါ် ထားရှိသည့် အကြောက်တရား) ကို ဆင်ယင်ထားကြကုန်။ အစ္စလာမ့်လမ်းစဉ်နှင့်မညီသောနည်းလမ်းဖြင့် ငွေရှာသက်မွေးခြင်းမှ ရှောင်ကြဉ်ကြပါလော့။ အလ္လာဟ့်၏ကြိုးတော်အား မြဲမြံစွာ ဆုပ်ကိုင်ကြပြီး အတွေးအခေါ်လမ်းကြောင်းအသီးသီးအတွင်း ခွဲခြားခြင်းဖြင့် မကွဲပြားကြကုန်လင့်။ မတရားမှုကို ဆန့်ကျင်ခြင်း၌ စုစည်းညီညွှတ်ကြပါလေ ”။

Dawn News မှတင်ပြချက်အရ ဟဂ်ျကျင့်စဉ်၏အစိတ်အပိုင်းတစ်ရပ်ဖြစ်သော အရဖသ်တောင်ပေါ် စုဆုံရပ်နားရာဝယ် ဟဂ်ျခရီးသည်ပေါင်း ၁.၅ သန်းဝန်းကျင်အထိရှိ၍ ဓမ္မသတ်မှူးချုပ်သည် ၄င်းအနီး ဗလီဝတ်ကျောင်းတော်တစ်ခုမှ ဓမ္မမိန့်ခွန်း မိန့်ခြွေခဲ့သည်ဟု သိရသည်။

ကမ္ဘာ့စီးပွားရေးပြဿနာနှင့်စပ်လျဉ်း၍လည်း သူက “ မိမိတို့လုပ်ငန်းတွေထဲ ရင်းနှီးမြှုပ်နှံခြင်းဖြင့် မွတ်စ်လင်မ်တွေဟာ လူ့ဘောင်အသိုင်းအ၀ိုင်းကို ထောက်ပံ့ကူညီအားပေးဖို့လိုပါတယ် ” ဟု ပြောကြားသွားခဲ့သည်။

ဓါတ်ပုံ အညွန်း >> ၂၀၁၃ ခုနှစ် ဟဂ်ျကာလတွင် ကမ္ဘာတဝှမ်းမှ မွတ်စလင်မ် ၂ သန်းနီးပါး ဟဂ်ျပြလုပ်ရန် လာရောက်ခဲ့ကြသည်။
Ref: huffingtonpost

Leave a Reply