5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

M-Media
နိုဝင်ဘာလ ၅ ရက်၊ ၂၀၁၃

နိုဝင်ဘာ ၃ က ရခိုင်ကမ်းရိုးတမ်းတွင်း နစ်မြှုပ်ခဲ့သည့် လှေစီးမွတ်စလင်များအတွက် အမေရိကန်သံရုံး ၀မ်းနည်းကြောင်းဖော်ပြ

263408_128217593926735_6023359_nနိုဝင်ဘာ ၃ ရက်နေ့က ရခိုင်ကမ်းရိုးတမ်းတွင်း နစ်မြှုပ်ခဲ့သည့် မွတ်စလင် အယောက် ၇၀ တင်ဆောင် လာသော လှေကိစ္စနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၀မ်းနည်းကြောင်းဖြင့် ၄င်းတို့၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ ၌ ဖော်ပြခဲ့ပါသည်။ မြန်မာ ဘာသာပြန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နိုဝင်ဘာလ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းနေ မွတ်စလင် အယောက် ၇၀ နီးပါးစီးနင်း လိုက်ပါလာသည့် လှေမှာ ရခိုင်ကမ်းရိုးတန်းတွင် နစ်မြှုပ်သွားခဲ့ပါသည်။ ထို့သတင်းကြောင့် အမေရိ ကန်နိုင်ငံအနေဖြင့် နက်နက်နဲနဲ ၀မ်းနည်းပါကြောင်း ဖော်ပြအပ်ပါသည်။ ရခိုင်ပြည်နယ် တွင်း နေ ထိုင်ကြသူ များ၏ လူ့အခွင့်အရေးနှင့် လုံခြုံရေးအခြေအနေများမှာ ထိခိုက် လွယ်နေသေး သည့် အတွက်လည်း ကျွန်ုပ်တို့ (အမေရိကန်နိုင်ငံ) မှ နက်ရှိုင်းစွာ စိုးရိမ်လျက် ရှိနေသေးကြောင်း (ဖော်ပြ အပ်ပါသည်။) ကျွန်ုပ်တို့အနေဖြင့် (မြန်မာ) အစိုးရအား ဒေသခံ အာဏာပိုင်များနှင့်သာမက လူသား ချင်းစာနာနားလည်မှုဖြင့် အကူအညီပေးနေသည့်အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်ပြီး အန္တရာယ်၏ (သားကောင်များဖြစ်ရန်) လွယ်ကူနေသည့် လူအများအား အကာအကွယ်ပေးရန်နှင့် ၄င်းတို့၏အခြေအနေအတွက် တာရှည်ခံမည့်အဖြေများကို အကောင်အ ထည်ဖော်ရန် တောင်းဆို အပ်ပါသည်။

Ref:U.S. Embassy Rangoon

Leave a Reply