6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ-၁၁ ၂၀၁၃
M-Media

ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ ၏ လက်ကျန်ပွဲစဉ်များကို ယမန်နေ့က ကစားခဲ့ရာ ပရီးမီးယားလိဂ်တွင် ထိပ်ဆုံး၌ ရှိနေသည့်အသင်းများမှာ ရှုံးနိမ့်ခဲ့ကြသည်။ အာဆင်နယ်အသင်းမှာ အိုးထရက်ဖို့ဒ်တွင် ကစားသမားဟောင်းဗန်ပါစီ၏ သွင်းဂိုးဖြင့်ရှုံးနိမ့်ခဲ့သည်။ မန်စီတီးအသင်းမှာ အဝေးကွင်းတွင် ဇယားအောက်ခြေနားရှိ ဆန်းဒါးလန်းအသင်းအား ရှုံးနိမ့်ခဲ့ပြီး၊ စပါးအသင်းမှာလည်း ပြီးခဲ့သည့်တစ်ပါတ်က ချယ်ဆီးအသင်းအား အနိုင်ယူနိုင်ခဲ့သည့် နယူးကာဆယ်အသင်းအား အိမ်ကွင်းတွင် အရှုံးပေးခဲ့ရသည်။

မန်ယူ ၁-၀ အာဆင်နယ်

မန်ယူအသင်းအမှာ ဆိုဆီဒက်သင်းနှင့် ဂိုးမရှိသရေကျခဲ့သည့် လူစာရင်းအား လေးနေရာအပြောင်းအလဲလုပ်ခဲ့ပြီး၊ အာဆင်နယသင်းတါင်လည်း နောက်ခံလူ ဗာမေလန်နှင့် ကွင်းလယ်အဖျက် ဖလာမီနီတို့ပြန်လည်ပါဝင်လာခဲ့သည်။

ပထမပိုင်းအစတွင် နှစ်သင်းစလုံးကစားကွက်မမိခဲ့သော်လည်း ယခုပွဲ၏ တစ်လည်းတည်းသောအနိုင်ဂိုးကို ၂၇ မိနစ်တွင်ရရှိခဲ့သည်။ ၀ိန်းရူနီ၏ ထောင့်ကန်ဘောအား အာဆင်နယ်ကစားသမားဟောင်း ဗန်ပါစီက ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဒုတိယပိုင်းတွင် အာဆင်နယ်အသင်းမှာ ပထမပိုင်းထက်ကစားပုံကောင်းခဲ့သော်လည်း ထိရောက်သော ဖန်တီးမှုများမရှိခဲ့သည့်အတွက် ချေပဂိုးရရှိခဲ့ခြင်းမရှိဘဲ အိုးထရက်ဖို့ဒ်တွင် မန်ယူအသင်းအား အရှုံးပေးခဲ့ရသည်။ ယခုပွဲအနိုင်ကြောင့် မန်ယူအသင်းမှာ ၉ ပွဲဆက် ရှုံးပွဲမရှိသည့် ပရီးမီယားလိဂ်ဇယားတွင်လည်း အဆင့် ၅ သို့ တက်ရောက်လာနိုင်ခဲ့သည်။

RVP-AFP
………………………………….
ဆန်းဒါးလန်း ၁-၀ မန်စီးတီး

ချန်ပီယံလိဂ်တွင် ဂိုးပြတ်ဖြင့်အနိုင်ယူနိုင်ခဲ့ပြီး နောက်တစ်ဆင့်သို့ တက်ရောက်သွားခဲ့သည့် မန်စီးတီးအသင်းမှာ ဆန်ဒါးလန်းအသင်း၏ အလင်းရောင်ကွင်းတွင် အရှုံးပေးခဲ့ရသည်။

ဆန်ဒါးလန်းအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို မိနစ် ၂၁ မိနစ်တွင် ၀က်စ်ဘရောင်း၏ ဖြတ်တင်ဘောမှတစ်ဆင့် ဖိလစ်ဘာ့ဒ်စလေက ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ယခုနိုင်ပွဲမှာ တန်းဆင်းဇုန်သို့ရောက်နေသည့် ဆန်းဒါးလန်းအသင်း၏ ယခုနှစ်ရာသီ ဒုတိယမြောက်နိုင်ပွဲလည်းဖြစ်ခဲ့သည်။
……………………………………..
စပါး ၀-၁ နယူးကာဆယ်

ပြီးခဲ့သည့်တစ်ပါတ်က ချယ်ဆီးအသင်းအား အိမ်ကွင်းတွင် ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားနိုင်ခဲ့သည့် နယူးကာဆယ်အသင်းမှာ ယခုပွဲတွင်းလည်း ခြေစွမ်းထက်နေသည့် စပါးအသင်းအား အဝေးကွင်းတွင် တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ကစားနိုင်ခဲ့သည်။

ပွဲအစတွင် အိမ်ရှင်စပါးအသင်းက ဖိကစားနိုင်ခဲ့သော်လည်း ဦးဆောင်ဂိုးအား ဧည့်သည်အသင်းက စတင်ရရှိခဲ့သည်။ ထိုဂိုးအား ၁၃ မိနစ်တွင် ရီမီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

ဂိုးပေးလိုက်ရပြီးနောက် စပါးအသင်းမှာ ချေပဂိုးရရန် နယူးကာဆယ်အသင်းအား ဖိကစားခဲ့ပြီး ဂိုးသွင်းခွင်းများရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် အိမ်ကွင်းတွင် နယူးကာဆယ်အသင်းအား အရှုံးပေးခဲ့ရသည်။
……………………………….
နော်ဝစ်ခ်ျ ၃-၁ ၀က်စ်ဟမ်း

ညီ့းခဲ့သည့် တစ်ပါတ်က မန်စီးတီအား ၇ ဂိုးဂိုးမရှိဖြင့် အရှုံးပေးခဲ့ရသည့် နော်ဝစ်ခ်ျမှာ ယခုပွဲတွင် အနိုင်ရရှိခဲ့သော်လည်း ဦးဆောင်ဂိုးကို ၃၂ မိနစ်တွင် ၀က်စ်ဟမ်းအသင်းက စတင်ရရှိခဲ့ခြင်းဖြစ်သည်။ ကီးဗင်နိုလန်၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် ရာဗယ်လ် မော်ရစ်ဆင်က အနီးကပ်ကန်သွင်းယူခဲ့သည်။

နောက်ပိုင်းတွင် အိမ်ရှင်နော်ဝစ်ခ်ျအသင်းက ကစားအားပိုကောင်းလာခဲ့ပြီး ၅၄ မိနစ်တွင် ဂါရီ ဟူးပါးက ပင်နယ်တီမှတစ်ဆင့် ချေပဂိုးသွင်းယူပေးခဲ့သည်။ ၇၂ မိနစ်တွင် နော်ဝစ်ခ်ျတို့ ဒုတိယဂိုးရရှိခဲ့ပြီး ရောဘတ် စနော့ဒ် ဂရက်က ဖရီးကစ်မှတစ်ဆင့် သွင်းယူခဲ့ပြီး၊ နောက်ဆုံးပိတ်အနိုင်ဂိုးကို ဒုတိယပိုင်း နာကျင်အချိန်ပိုတွင် လီရွိုင်း ဖာရ်က သွင်းယူးပေးခဲ့သည်။

နော်ဝစ်ခ်ျအသင်းမှာ ယခုပွဲအနိုင်ကြောင့် တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ်ကတည်းက လန်ဒန်ကလပ်များကို အနိုင်မရရှိခဲ့သည့် စံချိန်အား ယခုပွဲအနိုင်ဖြင့်ချိုးဖျက်နိုင်ခဲ့သည်။ ၀က်စ်ဟမ်းအသင်းမှာ နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၄ ပွဲတွင် နိုင်ပွဲမရရှိသေးချေ။
……………………………………..
ဆွမ်ဆီး ၃-၃ စတုတ်

ဆွမ်ဆီးအသင်း၏ အိမ်ကွင်လေဘာတီတွင်ကစားခဲ့သည့် ယခုပွဲတွင် စတုတ်အသင်းမှာ ကံကောင်းထောက်မစွာဖြင့် သရေတစ်မှတ်အား ရရှိခဲ့ခြင်းဖြစ်သည်။

စတုတ်အသင်းမှာ ဦးဆောင်ဂိုးများကို စောစီးစွာရရှိခဲ့ပြီး ပထမိုင်း ၈ မိနစ်နှင့် ၂၅ မိနစ်တို့တါင် ဂျိုနသန်ဝေါလ်တာနှင့် စတီဖင် အိုင်ယာလန်တို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။

သို့သောလည်း ဒုတိယပိုင်း ၅၆ မိနစ်နှင့် ၇၄ မိနစ်တို့တွင် အိမ်ရှင်တို့ ချေပဂိုးရရှိခဲ့ပြီး ဘိုနီနှင့် နသန်ဒိုင်ယာတို့က သွင်းယူပေးခဲ့သည်။ ပွဲပြီးကာနီး ၈၆ မိနစ်တွင် ဆွမ်းဆီးတို့ အနိုင်ဂိုးရရှိခဲ့ပြီး ရှဲလ်ဗီ၏ ပေးပို့မှုမှတစ်ဆင့် ဘိုနီက သွင်းယူပေးခဲ့သည်။

ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ဆွမ်ဆီးကစားသမား ၀ိန်း ရုတ်လက်ဂ်ျက ဧရိယာအတွင်း လက်ဖြင့်ဘောလုံးအား လက်ဖြင့်ထိမိခဲ့သောကြောင့် ပင်နယ်တီပေးခဲ့ရပြီး ချာလီအဒမ်က အမှားအယွင်းမရှိကန်သွင်းနိုင်ခဲ့သောကြောင့် စတုတ်တို့ အဖိုးတန် သရေတစ်မှတ်ရရှိခဲ့ခြင်းဖြစ်သည်။

Leave a Reply