4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
4 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
4 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
4 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဗယ်လ်ဆုရှင် ဂျာမန်လူမျိုး စာရေးဆရာ Gunter Grass က “ဘာပြောကို ပြောရမလဲဆိုလျှင်” အမည်ရှိ သူ့ကဗျာတွင် အစ္စရေးနိုင်ငံ၏ နူကလိယ စီမံကိန်းနှင့်ပတ်သက်ပြီး အနောက်ကမ္ဘာ၏ ကလိန်ကျမှု၊ အစ္စရေး၏ အီရန်နိုင်ငံအပေါ် ရန်လိုနေမှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေမှုတို့ကို ထိထိမိမိ ဝေဖန်ဖော်ပြခဲ့သည်။ ထိုကဗျာသည် ဧပြီ ၄ ရက်နေ့ထုတ် ဥရောပ သတင်းစာများစွာတွင် ပါရှိခဲ့သည်။ ထိုကဗျာရေးသားချက်ကို တုန့်ပြန်သည်အနေဖြင့် အသက် ၈၄နှစ်ရှိပြီဖြစ်သော စာရေးဆရာကြီးကို အစ္စရေး ပြည်ထဲရေး ဝန်ကြီး Eli Yishai က ပြည်ဝင်ခွင့်ပိတ်ခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် Netanyahu ကလည်း ပြင်းထန်စွာ ဝေဖန်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီး Avigdor Lieberman ကလည်း ဂျူးဆန့်ကျင်ရေးသမားအဖြစ် ယိုးစွပ်ခဲ့သည်။ အီရန် ယဉ်ကျေးမှု ဒုတိယဝန်ကြီး Javad Shamaqdari ကတော့ စနေနေ့တွင် “ဒါက လှလှပပလေး သတိပေးထောက်ပြတာပါ”ဟုဆိုကာ Grass၏ ကဗျာကို ချီးကျူးခဲ့သည်။

အစ္စရေးသည် အနောက်အင်အားစုအကူအညီဖြင့် အီရန်ကို နူကလိယဗုံးပြုလုပ်ရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲကာ စစ်ရေးအရ အရေးယူရန် ပြင်ဆင်နေသည်။ သို့သော်လည်း အစ္စရေးနိုင်ငံ ကိုယ်တိုင်သည်ပင်လျှင် နူကလိယဗုံးများစွာ တရားမဝင်ပိုင်ဆိုင်ထားသည့် နိုင်ငံအဖြစ် နိုင်ငံတကာအသိုင်းအဝိုင်း၏ သံသယရှိခြင်းကို ခံနေရသည်။ ကုလသမဂ္ဂ နူကလိယလက်နက်စစ်ဆေးရေးမှူး များကို ရှောင်လွဲနိုင်ရန်အတွက် နူကလိယမပြန့်ပွားရေး စာချုပ်တွင် မပါဝင်စေရန် အစ္စရေးနိုင်ငံ၏ ငြင်းဆိုမှုက ထိုသံသယကို ပိုမိုခိုင်မာ သွားစေသည်။

ဂျာမန်ကဗျာဆရာ၏ ကလောင်စွမ်းက ဂျာမန်နိုင်ငံအပါအဝင် အနောက်အင်အားစု၏ အစ္စရေး၏ သံသယကြီးဖွယ် နူကလိယစီမံကိန်းများကို မမြင်ချင်ယောင်ဆောင်နေခြင်းနှင့် အစ္စရေး၏ လက်ဦးမှုယူကာ အီရန်ကို တိုက်ခိုက်ခြင်းဖြင့် အပြစ်မဲ့ အီရန်ပြည်သူတို့ သေကြေပျက်စီးနိုင်မှုများကို ဗူးပေါ်သလို ပေါ်လွင်စေပေသည်။ ဂျာမန်နိုင်ငံသည် လောလောလတ်လတ်တွင် အလုံးစုံပျက်စီးခြင်းဖြစ်စေနိုင်သော နူကလိယ ထိပ်ဖူးတပ်ဒုံးများ သယ်ဆောင်နိုင်သည့် ရေငုပ်သင်္ဘောများကို အစ္စရေးကို ရောင်းထားသည်။

ဂျာမန်လူမျိုး စာပေသမား Gunter Grass သည် ၁၉၉၉ခုနှစ်တွင် စာပေဆိုင်ရာ နိုဗယ်လ်ဆုကို ရရှိခဲ့ပြီး သူ၏ အကျော်ကြားဆုံး ဝတ္ထုမှာ “The Tin Drum” ဖြစ်သည်။

Ref:  Aljazeera & Wikipedia

Tags: ,

Leave a Reply