5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စင်ကာပူ အမ်အာရ်တီ
စက်တင်ဘာ ၁၉ ရက်နေ့ မနက်အစောပိုင်းတွင် ခါတစ်အမ်အာရ်တီ(Khatib MRT station) ဘူတာတွင် မြန်မာလုပ်သားတစ်ဦး ရထားတိုက်ခံရကြောင်း သတင်းရရှိသည်။

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု၏ ပရောဂျက်စူပါဗိုက်ဆာဖြစ်သည့် သန်းစောသည် အရက်သောက်ထားသည်ဟုယူဆရပြီး ၁၉ ရက်နေ့မနက် ၁၂.၄၅ မိနစ်တွင် မီးရထားလမ်းပေါ်သို့ ပြုတ်ကျကာ ရထားတိုက်ခံရခြင်းဖြစ်သည်။ စင်ကာပူရဲတပ်ဖွဲ့မှ သူ့အားရထားအောက်မှဆွဲထုတ်ယူရန် မိနစ် ၂၀ ကြာမြင့်ခဲ့သော်လည်း သူ၏ဘယ်ဘက်ခြေထောက်အောက်ပိုင်းကို ဖြတ်ပြစ်ပြီးမှ ဆွဲထုတ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

သူသည်ရထားတွဲသုံးတွဲမြောက်၏ အောက်ဖက်တွင်ပိတ်မိနေခဲ့ကြောင်း စင်ကာပူရဲတပ်ဖွဲ့ Singapore Civil Defence Force မှဖော်ပြခဲ့သည်။ အသက်သုံးဆယ်ကျော်အရွယ်ရှိသည့် သန်းစောကို နီးစပ်ရာ ခူးတက်ပွက်ဆေးရုံသို့တင်ပို့ခဲ့သော်လည်း ဆေးရုံရောက်ပြီး တစ်နာရီအကြာတွင် သေဆုံးသွားခဲ့သည်။

စင်ကာပူသယ်ယူပို့ဆောင်ရေးအာဏာပိုင် (Land Transport Authority) အနေဖြင့် ဘူတာရုံများတွင် စင်္ကြန်အကာများကို ထပ်မံကာရံလျက်ရှိရာ ဖော်ပြပါမှုခင်းဖြစ်ပွားခဲ့သည့် ခါတစ်ဘူတာရုံတွင်မူ စင်္ကြန်အကာများတပ်ဆင်မထားရသေးဘဲ ခရီးသည်များကို စင်္ကြန်ပေါ်မှ မီးရထားလမ်းပေါ်သို့ လိမ့်ကျမှုမှ အကာအကွယ်မပေးနိုင်သေးပေ။

စင်ကာပူသယ်ယူပို့ဆောင်ရေးအာဏာပိုင်က ၂၀၁၂ အမီ စင်္ကြန်အကာများကို အပြီးတည်ဆောက်လျက်ရှိရာ ယင်းအတွင်ဒေါ်လာငွေ ၁၂၆ မီလီယံကုန်ကျကြောင်းနှင့် စင်္ကြန်အကာတံခါးပေါင်း ၁၉၂၀ ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယခုနှစ်အတွင်း မီးရထားလမ်းပေါ်သို့ လိမ့်ကျခြင်းသို့မဟုတ် ရည်ရွယ်ချက်ရှိရှိခုန်ချခြင်းမျိုးအမှုပေါင်း ၆ ခုရှိသွားပြီဖြစ်သည်။ အမှု ၄ ခုမှာ လူသေမှုဖြစ်ပွားခဲ့သည်။

(news.asiaone.com)

Tags:

Leave a Reply