5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်နဝါရီ ၂၄၊ ၂၀၁၄
M-Media
ရှာဖွေတင်ဆက်သူ-ကိုလေး

hatem_ben_arfa_in_action

အမည်အပြည့်အစုံ    – ဟာတင်မ် ဘင် အာဖာ (Hatem Ben Arfa)
မွေးသက္ကရာဇ်    – ၇. ၃. ၁၉၈၇
ကစားသည့်နေရာ    – အလယ်တန်း တောင်ပံကစားသမား
လက်ရှိကလပ်    – နယူးကာဆယ်
နိုင်ငံ        – ပြင်သစ်

ဟာတင်မ် ဘင် အာဖာမှာ ပြင်သစ်လက်ရွေးစင် ကစားသမားဖြစ်ပြီး ယခုလက်ရှိတွင် အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းတွင် ကစားနေသူဖြစ်သည်။ ဘင်အာဖာအား ၁၉၈၇ ခုနှစ် မတ်လ ၇ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ မွေးဖွားခဲ့သည်။ ဖခင်ဖြစ်သူမှာလည်း တူနီးရှား လက်ရွေးစင် ကစားသမားတစ်ဦးဖြစ်သည်။ ဘင်အာဖာမှာ တိုက်စစ်အားသန်သည့် ကွင်းလယ်တောင်ပံ ကစားသမားဖြစ်ပြီး ပြင်သစ်နိုင်ငံ၏ ပါရမီရှိသော ကစားသမားအဖြစ် အသိအမှတ်ပြုခြင်းခံရသည်။ သို့သော်လည်း စည်းကမ်း မလိုက်နာမှုကြောင့် မီဒီယာများနှင့် ကစားသမားများ၏ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရသည်။

ဘင်အာဖာမှာ ကစားသမားဘ၀ကို ပြင်သစ်ရှိ ကလပ်အသင်းများစွာတွင် စတင်ခဲ့ပြီး  ၁၉၉၉ ခုနှစ်တွင် ပြင်သစ်ဘောလုံးသမားများကို လေ့ကျင့်ပေးသည့် Clairefontaine ဘောလုံး အကယ်မီသို့ တက်ရောက်ခွင့်ရခဲ့သည်။ ဘောလုံးအကယ်ဒမီသို့ တက်ရောက်နေစဉ်အတွင်း စနေ၊ တနင်္ဂနွေနေ့များတွင် ဘင်အာဖာမှာ FC Versailles အသင်းတွင် ကစားခဲ့သည်။

လိုင်ယွန်

ထို့နောက် ၂၀၀၂ ခုနှစ် အသက် ၁၅ နှစ်အရွယ်တွင် လိုင်ယွန်အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အသင်း၏ လူငယ်အသင်းတွင် ပါဝင်ခဲ့သည်။ လူငယ်အသင်းတွင် ၂ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၀၄ ခုနှစ်တွင် လိုင်ယွန်အသင်းကြီးနှင့် သုံးနှစ် စာချုပ်ချုပ်ဆိုခဲ့ကာ ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမားဘ၀အား စတင်ခဲ့သည်။

ထိုစဉ်ကတည်းက ပရီးမီးယားလိဂ်မှ ချယ်ဆီးအသင်းနှင့် ဟော်လန်မှ အေဂျက်အသင်းတို့က ဘင်အာဖာအား ခေါ်ယူရန် စိတ်ဝင်စားခဲ့သည်။ ထို့နောက် အသင်းဖော် ဘန်ဇီမာနှင့်အတူ လိုင်ယွန်အသင်းကြီးတွင် စတင်ကစားခဲ့ရသည်။ အစောပိုင်းတွင် လူစားဝင်ကစားသမားဖြစ်ခဲ့ပြီး၂၀၀၄ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် လိုင်ယွန်အသင်းအတွက် ပွဲထွက်ကစားသမားဖြစ်စတင်ကစားခဲ့ရကာ ၂ လအကြာတွင် လိုင်ယွန်အသင်းအတွက် ပထမဆုံး ဂိုးကို စတင်သွင်းယူပေးနိုင်ခဲ့သည်။ ဘင်အာဖာမှာ လိုင်ယွန်အသင်းနှင့်အတူ ချန်ပီယံလိဂ်တွင်လည်းပါဝင်ကစားခဲ့ပြီး၊ ထိုနှစ်တွင် လိုင်ယွန်အသင်းနှင့်အတူ  ပြင်သစ်လိဂ်ဝမ်းတွင် ဗိုလ်စွဲနိုင်ခဲ့သည်။ လိုင်ယွန်အသင်းတွင် ၄ နှစ်ကြာ ကစားခဲ့သည့် ဘင်အာဖာမှာ အစောပိုင်းကာလတွင် တိုက်စစ်မှူးအဖြစ်ကစားခဲ့သော်လည်း ၂၀၀၇-၀၈ ရာသီတွင် တောင်ပံကစားသမားအဖြစ် ပြောင်းလဲကစားခဲ့ရသည်။ သို့သော်လည်း အချိန်တိုအတွင်း နေရာသစ်နှင့် အသားကျခဲ့ပြီး ပရော်ရှင်နယ် ဘောလုံးသမားများအဖွဲ့က ပေးအပ်သည့် ၂၀၀၇-၀၈ ရာသီ အကောင်းဆုံး လူငယ်ကစား သမားဆုကိုလည်း ရရှိခဲ့သည်။ ဘင်အာဖာမှာ လိုင်ယွန်အသင်းတွင် ကစားခဲ့သည့် လေးနှစ်အတွင်း ပြင်သစ်လိဂ် ဖလားအား လေးကြိမ် ဆွတ်ခူးနိုင်ခဲ့သည်။

Hatem Ben Arfa

မာဆေးလ်

ထို့နောက် ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် ဘင်အာဖာမှာ မာဆေးလ်အသင်းသို့ ယူရို ၁၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။ ထိုစဉ်က ဘင်အာဖာအား  ပရီးမီးယားလိဂ် ကလပ်များဖြစ်ကြသည့် အဲဗာတန်၊ မန်ယူနှင့် အာဆင်နယ်၊ လာလီဂါကလပ် ရီးယဲလ်မက်ဒရစ်တို့က ခေါ်ယူရန် စိတ်ဝင်စားခဲ့သော်လည်း ဘင်အာဖာက မာဆေးလ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အပြောင်းအရွှေ့မှာ အလွယ်တကူဖြစ်ခဲ့ခြင်းမဟုတ်ဘဲ လိုင်ယွန်အသင်းနှင့် မာဆေးလ်တို့ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီးမှ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဘင်အာဖာမှာ ကျောနံပါတ် ၂၀ ကို ၀င်ဆင်ကစားခဲ့ပြီး ရာသီအစကတည်းက မာဆေးလ်အသင်း၏ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပြီး ပထမဆုံးပွဲတွင်ပင် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့သည်။ ထို့နောက် အလယ်တန်းကစားအဖြစ် ဘင်အာဖာမှာ အသင်းအတွက် ကစားပေးခဲ့သည့် ပထမ ၁၁ ပွဲတွင် ၆ ဂိုး သွင်းယူပေးနိုင်သည်အထိ ခြေစွမ်းပြခဲ့သည်။ သို့သော်လည်း လီဗာပူးလ်အသင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲမစတင်မီ သွေးပူလေ့ကျင့်ခန်းလုပ်နေချိန်တွင် အသင်းဖော် မိုဒက်စ်တီ အမ်ဘာမီနှင် အချင်းများခဲ့သည်။ ထို့နောက် ပြင်သစ်လိဂ်ဝမ်းပွဲစဉ် ပီအက်စ်ဂျီနှင့်ပွဲတွင် သွေးပူလေ့ကျင့်ခန်းလုပ်ရန် နည်းပြ အဲရစ်ဂီရတ်၏ ညွှန်ကြားမှုအား ငြင်းဆန်ခဲ့သောကြောင့် နည်းပြ၏ ငြိုငြင်မှုကို ခံခဲ့ရသည်။ နောက်ပိုင်းတွင် ဘင်အာဖာမှာ ၎င်း၏လုပ်ရပ်မှားယွင်းကြောင်း ၀န်ခံခဲ့ပြီး၊ နည်းပြဖြစ်သူကိုလည်း တောင်းပန်ခဲ့သည်။

၂၀၀၉-၁၀ ဘောလုံးရာသီ

၂၀၀၉-၁၀ ဘောလုံးရာသီတွင် ဘင်အာဖာမှာ ကျောနံပါတ် ၁၀ ဂျာစီ ၀တ်ဆင်ခဲ့ပြီး ရာသီအစပွဲစဉ်များတွင် ခြေစွမ်းပြခဲ့သည်။ သို့သော်လည်း အသင်း၏ လေ့ကျင့်ခန်းအစီအစဉ်အား လွဲချော်ခဲ့မှုကြောင့် အောက်တိုဘာ ၈ ရက်နေ့တွင် ဘင်အာဖာအား မာဆေးလ်အသင်းမှ ဒဏ်ငွေ ယူရို ၁ သောင်း ဒဏ်တပ်ခဲ့သည်။ ဘင်အာဖာကမူ တူနီးရှားရှိ ၎င်း၏ ဆွေမျိုးများထံသို့ သွားရောက်လည်ပတ်ပြီးနောက် ပြန်လာချိန်တွင် လေယာဉ်အချိန်နောက်ကျခဲ့ခြင်းကြောင့် လေ့ကျင့်ခန်းအစီအစဉ်အား လွဲချော်ခဲ့ခြင်းဖြစ်သည်ဟု ဖြေရှင်းခဲ့သည်။ တစ်လကြာပြီးနောက် လေ့ကျင့်ခန်းအစီအစဉ်တွင် အသင်းနည်းပြ ဒီဒီယာ ဒက်ချမ့်စ်နှင့် စကားများခဲ့ပြီး၊ နောက်ပိုင်းတွင် ဘာင်အာဖာက ပြန်လည်တောင်းပန်ခဲ့သည်။

ထိုရာသီ၏ ပထမရာသီဝက်တွင် ပြဿနာများကြောင့် ဘင်အာဖာမှာ ၁၅ ပွဲသာ ပါဝင်ခွင့်ရခဲ့ပြီး ပွဲချိန်ပြည့် ၂ ပွဲသာ ကစားခဲ့ရသည်။ သို့သော်လည်း ဒုတိယ ရာသီဝက်တွင် ပြသခဲ့သော ဘင်အာဖာ၏ ခြေစွမ်းကို အသင်းနည်းပြ ဒက်ချမ့်စ်နှင့် အားကစားဒါရိုက်တာ ဂျိုဆေး အန်နီဂိုတို့က ချီးကျူးခဲ့ကြသည်။ မာဆေးလ်အသင်းနှင့်အတူ ၂၀၀၉-၁၀ လိဂ်ဖလားအား ဆွတ်ခူးနိုင်ခဲ့ပြီး ကစားသမားဘ၀တစ်လျှောက် ငါးကြိမ်မြောက် ဖလားလည်းဖြစ်ခဲ့သည်။ ထို့နောက် ၂၀၁၀ ခုနှစ်တွင် ပြင်သစ်ရှုံးထွက်ဖလားကို မာဆေးလ်အသင်းနှင့် ရရှိခဲ့သည်။ မာဆေးလ်အသင်းတွင် ၂ နှစ်ကြာကစားခဲ့ပြီးနောက် ၂၀၁၀ ခုနှစ် သြဂုတ်လတွင် အင်္ဂလန်ကလပ် နယူးကာဆယ်အသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့သည်။

နယူးကာဆယ်

၂၀၁၀-၂၀၁၁

နယူးကာဆယ်အသင်းတွင် ကျောနံပတ် ၃၇ ၀တ်ဆင်ခဲ့ပြီးကစားခဲ့ပြီး စက်တင်ဘာ ၁၈ ရက်နေ့တွင် အဲဗာတန်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသောပွဲတွင် အသင်းအတွက် ပထမဂိုး သွင်းယူပေးနိုင်ခဲ့သည်။ သို့သော်လည်း အောက်တိုဘာလ မန်စီးတီးအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် နစ်ဂဲလ် ဒီဂျုံးနှင့်ထိခိုက်မိပြီး ဘယ်ခြေထောက်၏ အရိုးနှစ်ခုစလုံး ကျိုးခဲ့သည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့တွင် နယူးကာဆယ်အသင်းက ဘင်အာဖားအား အမြဲတမ်းကစားသမားအဖြစ် လေးနှစ် စာချုပ်ချုပ်ဆိုခဲ့သည်။ သို့သော်လည်း ပြောင်းရွှေ့ကြေးကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိချေ။

ဘင်အာဖာ ဒဏ်ရာကြောင့် အနားယူနေရသည့် ကာလတစ်လျှောက်တွင် ပဲရစ်မြို့ရှိ Clairefontaine ဘောလုံးအကယ်ဒမီတွင် ကုန်ဆုံးခဲ့ပြီး၊ ၂၀၁၁ ခုနှစ် ဧပြီလတွင်မှ အသင်းနှင့် လေ့ကျင့်ခန်းပြန်လည်ဆင်းနိုင်ခဲ့သည်။ သို့သော်လည်း ၂၀၁၀-၁၁ ဘောလုံးရာသီ၏ လက်ကျန်ပွဲစဉ်များကို ပါဝင်နိုင်ခြင်းမရှိခဲ့ပေ။

၂၀၁၁-၁၂

ဘောလုံးရာသီမစတင်မီ အမေရိကန်တွင် ကစားခဲ့သည့် နယူးကာဆယ်အသင်း၏ ရာသီအကြိုခြေစမ်းပွဲတစ်ခုတွင် ဘင်အာဖာမှာ ခြေကျင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး ပြင်သစ်သို့ပြန်၍ ဆေးကုသမှုခံယူခဲ့ကာ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင်မှ နယူးကာဆယ်အသင်းတွင် ပြန်လည်ကစားပေးနိုင်ခဲ့သည်။ ထို့နောက် နယူးကာဆယ်အသင်း၏ ပွဲစဉ်များတွင် ပုံမှန်ကစားခွင့်ရခဲ့သည့် ဘင်အာဖာမှာ ခြေစွမ်းကောင်းများကို ပြသခဲ့ပြီး ဂိုးများလည်း လှလှပပ သွင်းယူနိုင်ခဲ့သောကြောင့် ဘီဘီစီနှင့် The Independent သတင်းစာတို့က ချီးကျူးခဲ့ကြသည်။

၂၀၁၂-၁၃

ယူရို ၂၀၁၂ ဘောလုံးပြိုင်ပွဲတွင် နိုင်ငံအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရသောကြောင့် ရာသီ အစပွဲစဉ်များတွင် ခက်ခဲမှုများရှိခဲ့သော်လည်း နောက်ပိုင်းတွင်း ခြေစွမ်းကောင်းများကို ပြသနိုင်ခဲ့ပြီး၊ ဘောလုံးရာသီအတွင်း ဘင်အာဖာမှာ ဒဏ်ရာနှစ်ကြိမ်တိုင်တိုင်ရရှိသည်။ သို့သော်လည်း ၂၀၁၃-၁၄ ဘောလုံးရာသီတွင် ခြေစွမ်းပြ၍ ရလဒ်ကောင်းများရရှိနေသည့် နယူးကာဆယ်အသင်းတွင် ဘင်အာဖာမှာ အမာခံကစားသမားဖြစ်လာခဲ့ပြီး အသင်း၏ တောင်ပံတစ်လျှောက် မွှေနှောက်ထိုးဖောက်ကာ ပြိုင်ဘက်နောက်တန်းကစားသမား၏ အထူးဂရုစိုက်စရာ ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။

နိုင်ငံတကာ ကစားသမားဘဝ

ဘင်အာဖာမှာ ပြင်သစ်အသင်းတွင်လည်း လူငယ်ကစားသမားဘ၀ကတည်းက ပါဝင်ကစားခဲ့သည်။ ပြင်သစ် ယူ ၁၇ အသင်းနှင့်အတူ ၂၀၀၄ခုနှစ် အသက် ၁၇ နှစ်အောက် ဥရောပချန်ပီယံရှစ်ဖလားအား ဆွတ်ခူးနိုင်ခဲ့သည်။ ဘင်အာဖာမှာ ယူရို ၂၀၀၈ ခြေစစ်ပွဲအဖြစ် ဖာရိုးကျွန်းစုအသင်းနှင့် ကစားခဲ့သောပွဲတွင် လက်ရွေးစဉ်အသင်းအတွက် ပထမဆုံး ကစားပေးခဲ့သည်။ ထို့နောက် လက်ရွေးစင်အသင်းနှင့် ၂ နှစ်ကြာဝေးကွာနေခဲ့ပြီး ၂၀၁၀ ခုနှစ် သြဂုတ်လတွင် နော်ဝေအသင်းနှင့်ကစားခဲ့သည့် ခြေစမ်းပွဲတွင် ပြန်လည်ပါဝင်လာခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ယူရို ၂၀၁၂တွင် ဘင်အာဖာမှာ နိုင်ငံအသင်းအတွက် ကိုယ်စားပြုခွင့်ရခဲ့သည်။

အောင်မြင်မှုများ

ကလပ်

လိုင်ယွန်

– ပြင်သစ်လိဂ်ဝမ်းချန်ပီယံ ၄-ကြိမ် (၂၀၀၄-၀၅၊ ၂၀၀၅-၀၆၊ ၂၀၀၆-၀၇၊ ၂၀၀၇-၀၈)
– ပြင်သစ်ရှုံးထွက်ဖလား ၁-ကြိမ် (၂၀၀၇-၀၈)
– ပြင်သစ် ချန်ပီယံဖလား ၂-ကြိမ် (၂၀၀၅-၀၆၊ ၂၀၀၆-၀၇)

မာဆေးလ်

– ပြင်သစ်လိဂ်ဝမ်းချန်ပီယံ ၁-ကြိမ် (၂၀၀၉-၁၀)
– ပြင်သစ်လိဂ်ဖလား ၁-ကြိမ် (၂၀၀၉-၁၀)
– ပြင်သစ်ချန်ပီယံဖလား ၁-ကြိမ် (၂၀၁၀)

နိုင်ငံတကာ

– ဥရောပ ယူ-၁၇ ချန်ပီယံ ၁-ကြိမ် (၂၀၀၄)

တစ်ဦးချင်း
– ပရော်ဖက်ရှင်နယ်ကစားသမားဖွဲ့၏ တစ်နှစ်တာ အကောင်းဆုံး လူငယ် အားကစားသမားဆု (၂၀၀၇-၀၈)
– ပရော်ဖက်ရှင်နယ်ကစားသမားအဖွဲ့၏ တစ်လတာ အကောင်းဆုံး ဘောလုံးသမားဆု (၂၀၁၀ခုနှစ် ဖေဖော်ဝါရီလ)

Leave a Reply