5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မတ် ၆ ၊ ၂၀၁၄
M-Media

ယူကရိန်းအရေး ဥရောပ နိုင်ငံခြားရေးဝန်ကြီး၂ ဦး ပြောဆိုခဲ့ကြသည့် ဖုန်းအသံဖိုင် အွန်လိုင်းတွင်ထွက်ပေါ်၊ ကိဗ်မြို့တိုက်ခိုက်မှုတွင် စနိုက်ပါဖြင့် ပစ်ခတ်ခြင်းမှာ အတိုက်အခံများက လုပ်သည်ဟု သိရ

5– ယူကရိန်းမြို့တော် ကိဗ်တွင်ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုအတွင်း စနိုက်ပါများဖြင့် ပစ်ခတ်မှုများမှာ သမ္မတယာနူကိုဗစ်ခ်ျ၏ လက်ချက်မဟုတ်ဘဲ အတိုက်အခံခေါင်းဆောင်များက ခိုင်းခြင်းဖြစ်သည်ဟု အီးယူ နိုင်ငံခြားရေးဝန်ကြီးနှင့် အက်စတိုးနီးယား နိုင်ငံခြားရေး ၀န်ကြီးတို့ ဖုန်းပြောဆိုမှုမှတစ်ဆင့်သိရသည်။

အက်စတိုးနီးယား နိုင်ငံခြားရေးဝန်ကြီး Urmas Paet မှာ ကိဗ်မြို့တွင် အကြီးအကျယ် ဆန္ဒပြနေသည့် ဖေဖော်ဝါရီ ၂၅ ရနေ့တွင် ကိဗ်မြို့သို့ ရောက်ခဲ့ပြီး ၎င်းကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီး ကက်သရင်းအက်ရှ်တန်သို့ ဖုန်းဖြင့် ပြောကြားခဲ့သည်။ ၁၁ မိနစ်ခန့်ရှိသည့် ၎င်းတို့နှစ်ဦး ပြောဆိုသည့် အသံဖိုင်မှာ ပေါက်ကြားခဲ့ပြီး အွန်လိုင်း စာမျက်နှာတွင် ပျံ့နှံ့လျက်ရှိသည်။

ဆန္ဒပြသူများအား စနိုက်ပါဖြင့် ပစ်ခတ်နှိမ်နင်းမှုအား သမ္မတ ယာနူကိုဗစ်ခ်ျက ပြုလုပ်ခြင်း မဟုတ်ဘဲ အတိုက်အခံခေါင်းဆောင်များက ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သေနတ်မှန်သူများအား ကုသပေးနေသည့် ဆရာဝန် အိုလ်ဂါ ဘိုဂိုမိုလတ်၏ ပြောကြားချက်အရ ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အား စနိုက်ပါဖြင့် ပစ်ခတ်သူများမှ တစ်ဦးတည်းဖြစ်ကြောင်း Urmas Paet က အက်ရှ်တန်အား ပြောဆိုခဲ့သည်။

ဘိုဂိုမိုလတ်မှာ အဆိုပါဆန္ဒပြမှုများအတွင်း စနိုက်ပါမှန်သူများအား လိုက်လံကုသပေးသည့် ဆရာဝန်တစ်ဦးဖြစ်ပြီး၊ ဒဏ်ရာရရှိသူများကို အိမ်နီးချင်းနိုင်ငံများသို့ ပို့ဆောင်ကုသပေးရာတွင် ကူညီခဲ့သူလည်းဖြစ်ကာ စနိုက်ပါဖြင့် ပစ်ခတ်မှုများကို အစဉ်တစိုက် ဆန့်ကျင်လာခဲ့သူလည်းဖြစ်သည်။ ၎င်းက Urmas Paet အား ဓာတ်ပုံအချို့ကို ပြသခဲ့ပြီး၊ လက်ရေးလက်သား၊ ကျည်ဆံ စသည်တို့ကို ကြည့်ခြင်းအားဖြင့် စနိုက်ပါဖြင့် ပစ်ခတ်မှုများမှာ တစ်ဦးတည်းဟု ပြောနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ကိဗ်မြို့သို့ တစ်ရက်တာ သွားရောက်ခဲ့သည့် Urmas Paet က စနိုက်ပါဖြင့်ပစ်ခတ်မှုများကို စက်ဆုပ်ဖွယ်ကောင်းသော လုပ်ရပ်များအဖြစ်ပြောကြားခဲ့ပြီး၊ အလွန်ဝမ်းနည်းမိကြောင်း၊ ယူကရိန်းပြည်သူများကလည်း အတိုက်အခံများကို မယုံကြည်ကြကြောင်း စသဖြင့် ပြောကြားခဲ့သည်။

အက်ရှ်တန်ကမူ ထိုကဲ့သို့သော ဖြစ်ရပ်များမှာ အလွန်ဆိုးရွားပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ချင်ကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။ ၎င်းတို့ ၂ ဦး၏ အဆိုပါ ဖုန်းပြောကြားမှုကို ယူကရိန်း သမ္မတဟောင်း ယာနူကိုဗစ်ခ်ျကို သစ္စာခံသော ယူကရိန်းလုံခြုံရေး ဆားဗစ် SBU မှ ကြားဖြတ်ဖမ်းယူခဲ့ခြင်းဖြစ်ပြီး အင်တာနက်စာမျက်နှာတွင် လွှင့်တင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် လကုန်ပိုင်းက မြို့တော်ကိဗ်တွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း အနည်းဆု့း လူ ၉၄ ဦးသေဆုံးခဲ့ပြီး ၉၀၀ခန့် ဒဏ်ရာရခဲ့သည်။
Ref: RT

Tags:

Leave a Reply