10 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၁ ၊ ၂၀၁၄
M-Media
ဘာသာပြန်ဆိုသူ-O’Laie Manzu

5-4-2014

တရားဝင်နိုင်ငံရေးပါတီ တခုဖြစ်သည့် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဥိးနေမျိုးဝေမှ ၄င်းရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာထပ်မှာ အကြမ်းဖက်ရန် လှုံဆော် ရေးသားမှုများ

တူနီးရှား သမ္မတဟောင်း Zine El Bindine Ben Ali ဟာ ၂၀၁၁ ခုနှစ် ဇန္နဝါရီလမှာ သူ့နိုင်ငံကနေ ထွက်မပြေးမီ “ဆင်ဆာ တားမြစ်မှုတွေအားလုံး ပယ်ဖျက်ပေးမယ်” လို့ ကတိပေးတဲ့ မိန်ခွန်း ၇ မိနစ်ကြာကြာပြောကြားခဲ့ပါတယ်။ ကာလအတန်ကြာ ထိန်းချုပ်ထားတဲ့ အင်တာနက်ကြီးကလည်း သူကတိပေးပြီး နာရီပိုင်း အတွင်း ဖွင့်ပေးလိုက်တဲ့ အတွက် တူနီးရှားပြည်သူတွေ လွတ်လပ်စွာ အင်တာနက် အသုံးပြုနိုင်ခဲ့ပါတယ်။

ဒီလိုအပြောင်းအလဲကတော့ ရှားပါးတယ် လို့ ဆိုနိုင်ပါတယ်။ Reporters without Borders ကထုတ်ပြန်တဲ့ “အင်တာနက် ရန်သူများ” အစီရင်ခံစာမှာ ‘အကယ်လို့နိုင်ငံ တစ်နိုင်ငံက အင်တာနက်ကို ထိန်းချုပ် လိုက်ပြီဆိုရင် တော်ယုံနဲ့တော့ လျော့ပေါ့ပေးလေ့ မရှိဘူး’ လို့ ဖော်ပြထားပါတယ်။

တရုတ်၊ အီရန်၊ ဥဇဘက်စ္စတန် နဲ့ စာရင်းရှည်ကြီးထဲက အခြားနိုင်ငံ တွေကလည်း ပို မကောင်းလာတဲ့အပြင် တနေ့တခြား ပိုမိုဆိုးရွားလာနေပါတယ်။ ဒါပေမယ့် ပထမဆုံးသော အင်တာနက်ကို စတင် ပိတ်ပင်ခဲ့တဲ့ မော်လဒိုက် နဲ့ နီပေါ နိုင်ငံတို့ကတော့ အီဂျစ်နိုင်ငံက အင်တာနက် ထိန်းချုပ်မှု ပြန်ပြီး မလျော့ပေါ့ပေးခင် ကတည်းက ပိတ်ပင်တာတွေကို ပြန်လည် ရုတ်သိမ်းပေးခဲ့ပါတယ်။ မော်ရိုကိုလည်း ဒီအတိုင်းပါဘဲ။

တူနီးရှားလိုဘဲ မြန်မာနိုင်ငံဟာလည်း အာဏာရှင် အုပ်ချုပ်ရေးကို ကျောခိုင်းပြီး ဒီမိုကရေစီ စနစ်ဆီကို ခြေလှမ်းသစ်တွေနဲ့ တဖြည်းဖြည်း ချီတက်လာနေပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြီးစိုးခဲ့တဲ့ စစ်အုပ်ချုပ်ရေးကနေ ပြည်သူ့ အုပ်ချုပ်ရေး ကို စတင်ပြောင်းလဲလာခဲ့ပါတယ်။ နောက် တစ်နှစ်လောက် အကြာမှတော့ တစ်ချိန်က ကမ္ဘာပေါ်မှာ အတင်းကြပ်ဆုံးလို့ ဆိုရနိုင်တဲ့ သတင်းမီဒီယာတွေနဲ့ အင်တာနက် အပေါ် ထိန်းချုပ်မှုကြီးကို ပယ်ဖျက်ခဲ့ပါတယ်။

ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးမှုတွေ၊ ပွင့်လင်းတဲ့ သတင်း မီဒီယာတွေကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ကြံ့ကြံ့ခံ တော်လှန်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ လုပ်ရပ်တွေနဲ့ ရပ်တည်ချက်တွေကြောင့် ငြိမ်းချမ်းရေး နိုဘလ်ဆုကို  ချီးမြှင့်ခြင်းခံခဲ့ ရပေမယ့် သူမကိုယ်နှိုက်က မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုခြင်း မပြုနိုင်ဘူးဆိုရင် အစိုးရဆီမှာ ဘာမှမျော်လင့်လို့ ရမှာ မဟုတ်ပါဘူး။

အခုတော့ မြန်မာပြည်သူတွေဟာ အွန်လှိုင်းပေါ်မှာ ဖွင့်ချင်တာဖွင့်-ကြည့်ချင်တာကြည့်လို့ ရနေပါပြီ။ ပြည်ပရောက် သတင်းအဖွဲ့အစည်းတွေလည်း ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ကြပြီ။ သူတို့ အွန်လိုင်းက လွှင့်တင်နေတာတွေကိုလည်း ပြည်တွင်းမှာ ဖွင့်ယူကြည့်ရှုနိုင်ပြီ။ တချိန်က ပိတ်ပင်ထားတဲ့ အီးမေလ်းတွေ၊ ဆိုရှယ် မီဒီယာတွေလည်း အင်တာနက်နှေးကွေးနေတာတောင်မှ တော်တော်လေး ခေတ်စားလာပါပြီ။ သန်းချီတဲ့ အင်တာနက် အသုံးပြုသူတွေ အနက် ၈၀ ရာခိုင်နှုန်းကျော်ခန့် အကြားမှာ ဖေ့စ်ဘွတ်က တော်တော်လေးကို ခေတ်စားနေပါတယ်။

မုန်းစကားတွေရဲ့ နှောက်ယှက်ဒဏ်

ဒါပေမယ့် ဒီလွတ်လပ်ခွင့်တွေ အတူ ပေးဆပ်ရတာတွေ ရှိပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ မွတ်စလင် လူမျိုးစုအပေါ် အမုန်းပွားစေတဲ့ မှတ်ချက်တွေက အွန်လိုင်းမှာ ပြန့်လွင့်နေတယ်လို့ လွန်ခဲ့တဲ့ ၂ နှစ်လောက်က New York Times က ဖော်ပြခဲ့ပါတယ်။ ၂ နှစ်လောက်အကြာမှာ အစိုးရကိုယ်နှိုက် အသိအမှတ် မပြုတဲ့ ရိုဟင်ဂျာ မွတ်စလင် လူမျိုးစုနဲ့ ဗုဒ္ဓဘာသာဝင်တွေအကြား တင်းမာမှုတွေ ပိုဆိုးလာသလို အွန်လိုင်းမှာလည်း အချေအတင်ဖြစ်လာခဲ့ပါတယ်။ ရိုဟင်ဂျာတွေကို ဖယ်ရှားပြစ်ဖို့ တောင်းဆိုတာတွေ   လူမှုကွန်ရက်တွေပေါ်မှာ ပေါ်လွင်လာခဲ့ပါတယ်။

ဖေ့ဘွတ်တွေပေါ်မှာ အမုန်းပွားစေတဲ့ မှတ်ချက်တွေနဲ့ ဝါဒဖြန့်တာကို အခကြေးငွေယူပြီး အလုပ်တစ်ခု အဖြစ် လုပ်ကိုင်နေကြတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်နေသလို အကြမ်းဖက်မှုတွေ ချုပ်ငြိမ်းသွားအောင် ငြိမ်းချမ်းရေး စကားတွေနဲ့ မျှမျှတတ ဖျန်ဖြေပေးနေတာတွေလည်း လူမှုကွန်ယက်မှာ  ပြန့်နှံ့နေပါတယ်လို့ အချို့က ထောက်ပြကြပါတယ်။

မကြာသေးမှီက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံက သတင်းမီဒီယာတွေနဲ့ ပါတ်သက်ပြီး နိုင်ငံတကာ က စာနယ်ဇင်းသမားတွေကို တွေ့ဆုံပြောကြားခဲ့ရာမှာ ‘အတိုင်းအတာ တစ်ခုအထိဘဲ လွတ်လပ်တယ်’လို့ ယေးယေးလေး သုံးသပ်သွားပြီး ‘စာနယ်ဇင်းသမားတွေက  အမှန်တရားဖက်ကို ရပ်တည်ဖို့လိုအပ်တယ်’ ဆိုတာကိုဘဲ ဇောင်းပေးပြောဆို သွားခဲ့ပါတယ်။ တချိန်တည်းမှာ ရိုဟင်ဂျာတွေရဲ့ အခက်အခဲနဲ့ ပါတ်သက်ပြီး မေးမြန်းရာမှာ ဝိုးတဝါးသာဖြေကြားခဲ့ပြီး တရားဥပဒေ စိုးမိုးမှု အရေးကြီးတယ်ဆိုတဲ့ ဖက်ကို ဦးလှည့်ခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံး တစ်ချက်လေးတောင် မပြောခဲ့ပါဘူး။

မြန်မာနိုင်ငံက သတင်းမီဒီယာတွေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တိုင်ရာ ဆွေးနွေးမှုတွေ ပိုပြီး ရှုပ်ထွေးနေတယ်ဆိုတဲ့ အထဲမှာ ဒေါ်စုရဲ့ မှတ်ချက် တွေလည်းပါ ပါတယ်။ ပြောဆိုရတာ အခက်အခဲရှိတယ်ဆိုတဲ့ ကိစ္စတွေကို တုန့်ပြန်ဖြေရှင်းတဲ့ အကောင်းဆုံးနည်းနာကတော့  အကျယ်တဝန့် ထုတ်ဖော်ပြောဆိုဖို့ဘဲ ဖြစ်တယ်လို့ သုံးသပ်ကြတာတွေရှိပါတယ်။ ဒါပေမယ့် အတိုက်အခံခေါင်းဆောင် ကိုယ်နှိုက်က အငြင်းပွားစရာ ကိစ္စတွေနဲ့ စပ်လျဉ်းပြီး ပြောဆိုမှု ပိတ်ပင်နေတာကို မကျော်လွားနိုင်ဘူးဆိုရင်တော့ ပြောဆိုဖြေရှင်းတဲ့ နည်းဗျူဟာက သိပ်ပြီး  အလုပ်ဖြစ်ပုံ မပေါ်ပါဘူး။ ဆင်ဆာဖြတ်တယ်ဆိုရင်လည်း မလိုလားအပ်တဲ့ ထုတ်ဖော်ပြောဆိုမှုတွေ ဖုံးအုပ်ထားနိုင်တယ် ဆိုပေမယ့် ဒီကိစ္စတွေကို ကိုင်တွယ်ဖို့ ပိုပြီး ခက်ခဲတက်ပါတယ်။

စာနယ်ဇင်းပါမောက္ခ Dr. Cherian George က အမုန်းစကားတွေ တားမြစ်တဲ့ ကိစ္စတွေနဲ့ပါတ်သက်ပြီး စာပေ အမြောက်များရေး ခဲ့ပါတယ်။ မြန်မာနိုင်ငံလိုမျိုး ရှေးရိုးစွဲ လူ့အသိုင်းအဝိုင်းမှာ အပြောအဆိုတွေ တားမြစ်တာနဲ့ ပါတ်သက်ပြီး ကြည့်မယ်ဆိုရင် “ တင်းမာမှုတွေ အပေါ်  နှုတ်ဆိတ်စေဖို့ ရည်ရွယ်ပြီး ဟန်ချက်ညီညီ နေထိုင်နိုင်ရေး အတွက် ဆင်ဆာ တည်းဖြတ်မှု ကို နိုင်ငံတော်က ပြုလုပ်နိုင်ပါတယ်။ အနာတရ ခံစားချက်တွေကို ပိတ်ပင်စေတဲ့ ဥပဒေတွေပြဋ္ဌာန်းမယ် ဆိုရင် အဲဒီဥပဒေတွေက သည်းခံနိုင်မှုနည်းတဲ့ အုပ်စုတွေကို အသိုင်းအဝိုင်းကြားမြှောက်ပေးတာလည်း ဖြစ်နိုင်ပါတယ်။” လို့ ရေးသားထားပါတယ်။

တချိန်တည်းမှာ လူနည်းစု အခွင့်အရေးတွေကို ကာကွယ်ဖို့ ပျက်ကွက်တာဟာ “လူနည်းစုတွေကို တိုက်ခိုက်တဲ့ လက်ယာဝါဒီတွေကို တရားဝင် ခွင့်ပြုထားသလိုဖြစ်နေတယ်” လို့လည်း ရေးသားထားပါတယ်။

ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးမှုတွေ၊ ပွင့်လင်းတဲ့ သတင်း မီဒီယာတွေကလည်း မရှိမဖြစ် လိုအပ်ပါတယ်။ ကြံ့ကြံ့ခံ တော်လှန်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ လုပ်ရပ်တွေနဲ့ ရပ်တည်ချက်တွေကြောင့် ငြိမ်းချမ်းရေး နိုဘလ်ဆုကို  ချီးမြှင့်ခြင်းခံခဲ့ ရပေမယ့် သူမကိုယ်နှိုက်က မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ပွင့်ပွင့်လင်းလင်းပြောဆိုခြင်း မပြုနိုင်ဘူးဆိုရင် အစိုးရဆီမှာ ဘာမှမျော်လင့်လို့ ရမှာ မဟုတ်ပါဘူး။ ပဋိပက္ခတွေ ကို ပြေပြေလည်လည်ဖြေရှင်းပေးနိုင်တဲ့ ခေါင်းဆောင်ကောင်း မရှိဘူးဆိုရင်၊ ဒီတာဝန်ဟာ စာနယ်ဇင်း လောကဆီကို ရောက်လာပါတယ်။

စည်းမျဉ်းတွေနဲ့ ဆန့်ကျင်၍

ဒေါ်အောင်ဆန်းစုကြည် စကားပြောဆိုခဲ့တဲ့ အခမ်းအနားမှာဘဲ စစ်အစိုးရလက်ထက်က ထောင်ဒဏ် ၄ နှစ် ကျခံခဲ့ရတဲ့ ဘလော့ဂါ နေဘုန်းလတ် ကတော့ အမုန်းစကားနဲ့ အကြမ်းဖက်မှုအားပေးတာ တွေရဲ့ အကြား အရေးကြီးတဲ့ ကွာခြားချက်ကို ထောက်ပြခဲ့ပါတယ်။ ဖြစ်ပျက်ပြီးသွားမှ ထိန်းချုပ်တာတွေဟာ လုပ်သင့်လုပ်ထိုက်တယ်ဆိုပေမယ့် မဖြစ်ခင်ထိန်းချုပ်တာက ပိုပြီး အပြုသဘောဆောင်တယ်လို့လည်း သူကဆိုပါတယ်။

အမှန်တကယ်တော့ အမုန်းစကားကို ဘယ်လိုထိန်းချုပ်သလဲဆိုတာ တရားရေး နယ်ပယ် တစ်ခုနဲ့ တစ်ခုအကြား အတော်လေးကို ကွာခြားပါတယ်။ ချီလီ၊ ကနေဒါ နဲ့ နယ်သာလန်တို့မှာဆိုရင် အကာအကွယ်ပေးထားတဲ့ အုပ်စုတွေအပေါ် အမုန်းပွားစေတဲ့ ထုတ်ဖော်မှုမျိုးဆိုရင် ရာဇဝတ်မှုသင့်တဲ့ ဥပဒေတွေ အကျယ်တဝန့်ပြဋ္ဌာန်းထားသလို အချို့နိုင်ငံတွေက ခပ်ပေါ့ပေါ့သာ ကိုင်တွယ်ပါတယ်။ ဥပမာ အိန္ဒိယ မှာဆိုရင် အမိန့်တွေ၊ လူ့ဂုဏ်တွေ၊ စိတ်ဓါတ်တွေ ယိုယွင်းပျက်စီးစေမယ့် ထုတ်ဖော်ပြောဆိုမှုမျိုးကို တားမြစ်ထားပြီး ပိုလန် မှာတော့ ဘာသာရေးခံယူချက်တွေကို စော်ကားရင် ဥပဒေအရ အပြစ်ပေးနိုင်တဲ့ အထိ ပြဋ္ဌာန်းထားပါတယ်။

ကမ္ဘာ့ အင်တာနက်နယ်ပယ်မှာ ဒီလို တားမြစ်မှုတွေက အသုံးပြုသူတွေကို လောင်ပိတ်ထားသလိုပါဘဲ။ တခါတခါ မလိုလားအပ်တဲ့ သတင်း အချက်အလက်တွေ ရှိပေမယ့်လည်း သတင်းအချက်အလက် ရယူနိုင်ရေးလမ်းကြောင်းတွေက နိုင်ငံတွေအကြား ကွာခြားတာကြောင့် မတူညီမှုတွေကလည်း ကြီးထွားနေပါတယ်။ အမုန်းစကားတွေကို ရယူနိုင်ခြင်းဟာ လူ့အခွင့်အရေး တစ်ရပ်မဟုတ်ဘူး လို့ တချို့က ပြောကြပါလိမ့်မယ်။ မှန်ပါတယ်။ နိုင်ငံတော်ရဲ့ ဆင်ဆာ တားမြစ်မှုခံရတာ အမုန်းစကားတွေ တစ်ခုတည်းမဟုတ်ပါဘူး။ ဘယ်လိုဘဲ ဖြစ်ဖြစ် ပြဿနာတွေ  ပိုမိုကြီးထွားစေတဲ့ အရင်းအမြစ်တွေကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုဘဲ အမုန်းစကားတွေကို ဆင်ဆာဖြတ် ပိတ်ပင်တားမြစ်ရုံ သက်သက်ဘဲ ဆိုရင် ပြဿနာဟာ ရေရှည်ပြေလည်သွားမှာ မဟုတ်ပါဘူး။

မှတ်ချက်။ Jillian C York ရေးသားပြီး Al Jazeera မှာဖော်ပြခဲ့တဲ့ Internet Freedom in Myanmar: A curse or an opportunity? ဆောင်းပါးကို O’Laie Manzu မှ ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်းဖြစ်ပါတယ်။

Leave a Reply