5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၁၇ ၊ ၂၀၁၄
M-Media

– ဘာစီလိုနာအသင်းအနေဖြင့် အကောင်းဆုံး လုပ်ဆောင်နိုင်သည့်အရာမှာ နည်းပြဟောင်း ဂွာဒီယိုလာအား ပြန်လည်ခေါ်ယူခြင်းပင်ဖြစ်သည်ဟု ဘာကာ၏ ဂန္တ၀င်ကစားသမား ဂျိုဟန်ခရိုက်ဖ်က ပြောကြားလိုက်သည်။

389446_heroa

နည်းပြဟောင်း ဂွာဒီယိုလာ အသင်းမှထွက်ခွာသွားသည့် ယခုနှစ်ရာသီအစကတည်းက ဘာစီလိုနာမှာ ယခင်ပုံစံကောင်းကိုပြန်ရရန် ရုန်းကန်နေရပြီး ချန်ပီယံလိဂ်တွင် ကွာတားအဆင့်မှ ထွက်ခွာခဲ့ရကာ လာလီဂါတွင်လည်း ထိပ်ဆုံးမှ အက်သလက်တီကိုနှင့် လေးမှတ်အကွာ အဆင့် ၃ နေရာတွင်ရှိနေသည်။

ထို့ကြောင့် ဘာစီလိုနာအနေဖြင့် ဘောလုံးလောကတွင် လူရိုသေရှင်ရိုသေအနေအထားသို့ ပြန်ရောက်လိုပါက အကောင်းဆုံးနည်းလမ်းမှာ ဂွာဒီယိုလာအား ပြန်လည်ခေါ်ယူခြင်းပင်ဖြစ်သည်ဟု ဂျိုဟန်ခရိုက်ဖ်က ဆိုသည်။

“ဘာစီလိုနာအတွက် အကောင်းဆုံးအရာက ဂွာဒီယိုလာ ပြန်ရောက်လာဖို့ပါ” ဟု ခရိုက်ဖ်က Mundo Deportivo သတင်းစာသို့ ပြောကြားခဲ့သည်။

ထို့ပြင် ဘာစီလိုနာအသင်း၏ လက်ရှိ စီမံခန့်ခွဲရေးပိုင်းကိုလည်း ခရိုက်ဖ်က ဝေဖန်ခဲ့ပြီး အသင်းအား ဘောလုံးလောကမှ လူကသာလျှင် တာဝန်ယူကြီးကြပ်သင့်သည်ဟု ထပ်လောင်းပြောကြားခဲ့သည်။

ယခုလက်ရှိ ဘိုင်ယန်မြူးနစ်အသင်းအား ကိုင်တွယ်နေသော ဂွာဒီယိုလာမှာ ဘာစီလိုနာအား လေးနှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်၊ ယူအီးအက်ဖ်အေ စူပါဖလားတစ်ကြိမ်၊ ကလပ်အသင်းကမ္ဘာ့ဖလားနှင့် Copa del Rey တစ်ကြိမ်စီနှင့် လာလီဂါချန်ပီယံ သုံးကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

Tags:

Leave a Reply