5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဧပြီ ၂၄၊ ၂၀၁၄
M-Media

– အရှေ့တရုတ် ပင်လယ်အတွင်း တရုတ်နှင့် ဂျပန်တို့ ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကျွန်းစုမှာ အမေရိကန်-ဂျပန် မဟာမိတ်ဆိုင်ရာ သဘောတူညီချက်နှင့် အကျုံးဝင်သည်ဟု တိုကျိုသို့ ရောက်ရှိနေသည့် အမေရိကန်သမ္မတ အိုဘားမားက သတင်းထောက်များအား ပြောကြားခဲ့သည်။
U.S. President Obama waves next to Japan's PM Abe after dinner at Sukiyabashi Jiro restaurant  in Tokyo
“အမေရိကန်ရဲ့ ပေါ်လစီကတော့ ရှင်းပါတယ်။ ဆန်ကာကူကျွန်းစုဟာ ဂျပန်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာပါ။ ဒါ့ကြောင့် အမေရိကန်-ဂျပန် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနဲ့ လုံခြုံရေးသဘောတူညီချက် အပိုဒ် ၅ နဲ့အကျုံးဝင်ပါတယ်။ ဒီကျွန်းစုကို စီမံခန့်ခွဲနေတဲ့ ဂျပန်ရဲ့ အုပ်ချုပ်မှုကို အခြေပျက်စေတဲ့ ဘယ်လို တစ်ဖက်သတ် ကြိုးပမ်းမှုမျိုးကိုမဆို ကျွန်တော်တို့ ဆန့်ကျင်ပါတယ်” ဟု အင်တာဗျူးတွင် အိုဘားမားက ဖြေကြားခဲ့မှုကို Yomiuri Shimbun သတင်းစာတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂဲလ်တို့ကလည်း ဂျပန်နိုင်ငံအား ထောက်ခံသည့်ကြေညာချက်များကို ထုတ်ပြန်ခဲ့သည်။

အိုဘားမား၏ အာရှခရီးစဉ်မှာ တစ်ပတ်တာကြာမြင့်မည်ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ကာ၊ ဖိလစ်ပိုင်နှင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန် ရှိနေသည်။ ၎င်း၏ ယခု ခရီးစဉ်မှာ အာရှဒေသ အတွင်း အမေရိကန်၏ နိုင်ငံခြားရေးပေါ်လစီ ဟန်ချက်ညီစေရန် အတွက် ဖြစ်သည်ဟု အိမ်ဖြူတော်က ဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံက ဆန်ကာကူဟု ခေါ်ဆိုပြီး တရုတ်နိုင်ငံမှ ဒိုင်အိုယူဟု ခေါ်သည့် အရှေ့တရုတ်ပင်လယ်အတွင်းရှိ အဆိုပါကျွန်းစုအား ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ လွန်ခဲ့သည့် ၂ နှစ်ကတည်းက ဂျပန်နှင့် တရုတ်နိုင်ငံတို့က အငြင်းပွားနေကြသည်။ ထိုကျွန်းစုမှာ လက်ရှိတွင် ဂျပန်၏ အုပ်ချုပ်မှုအောက်၌ ရှိနေသည်။

ပြီးခဲ့သည့် နိုဝင်ဘာလက အဆိုပါကျွန်းစု၏ လေပိုင်နက်တစ်စိတ်တစ်ပိုင်းအား ၎င်း၏ လေကြောင်း ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်နိုင်ငံက ထည့်သွင်းခဲ့ပြီး အမေရိကန်နှင့် ဂျပန်တို့က ကန့်ကွက်ခဲ့ကြကာ ထိုလေကြောင်း ပိုင်နက်အတွင်းသို့ တိုက်လေယာဉ်များ၊ အမေရိကန်ဗုံးကြဲလေယာဉ်များ ပျံသန်းခဲ့ကြသည်။

Ref:AFP

Leave a Reply