5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

.မေ ၆ ၊ ၂၀၁၄
M-Media

– တရုတ်နိုင်ငံမှ ကုန်တင်သင်္ဘောတစ်စင်းမှာ အခြား ကုန်တင် သင်္ဘောတစ်စင်းနှင့် တိုက်မိ၍ ဟောင်ကောင်ရေပိုင်နက်တွင် နစ်မြုပ်ခဲ့ပြီး သင်္ဘောသား ၁၁ ဦးပျောက်ဆုံးနေသည်ဟု သိရသည်။

a-cargo-ship-loaded-with

File photo illustration: ဟောင်ကောင်သို့ သွားရောက်မည့် ကုန်တင်သင်္ဘောတစင်း (AFP/Laurent Fievet)

ဟောင်ကောင်ပိုင်နက်အဆုံးပိုင်း Po Toi ကျွန်း၏ တောင်ဘက် ၅ ကီလိုမီတာအကွာတွင် ယနေ့နံနက်စောစောပိုင်းက တိုက်မိခဲ့ခြင်းဖြစ်ပြီး သင်္ဘောပေါ် လိုက်ပါလာသည့် သင်္ဘောသား ၁၂ ဦးအနက် ၁ ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ဟောင်ကောင် မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူများကို ရှာဖွေ ကယ်ဆယ်ရန်အတွက် ရဟတ်ယာဉ် တစ်စင်းနှင့် ရဲတပ်ဖွဲ့ဝင်များကို ဟောင်ကောင် အာဏာပိုင်များက စေလွှတ်ထားပြီး တရုတ်နိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်။

ဟောင်ကောင်ရေပိုင်နက်မှာ သင်္ဘောအများစု သွားလာရာလမ်းကြောင်းဖြစ်ပြီး သစ်သားလှေများမှ အစပြုကာ ကွန်တိန်နာ သင်္ဘောကြီးများအထိ ဖြတ်သန်းသွားလာသည့်နေရာဖြစ်သည်။

ဟောင်ကောင်ရေပိုင်နက်တွင် ၂၀၁၂ ခုနှစ်က အမြန်ရေယာဉ်တစ်စီးနှင့် အပျော်စီးသင်္ဘောတစ်စီးတို့ တိုက်မိမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ၃၉ ဦးသေဆုံးခဲ့ကာ နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ရေကြောင်း မတော်တဆမှုလည်းဖြစ်သည်။

AFP/nd/de

Tags:

Leave a Reply