5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

မေ ၁၇၊ ၂၀၁၄
M-Media
လမင်း

10297710_283948208444099_392103136369031719_n

ရန်ကုန်။      ။ မေလ ၁၇ ရက်နေ့ ဗိုလ်စိန်မှန် အားကစားတွင်ပြုလုပ်မည့် ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲသို့ နိုင်ငံရေး အကျဉ်းဟောင်းသမားများအနေနှင့် ထောင်ဝတ်ဆုံဖြင့်တက်ရောက်မည်ဖြစ်ကြောင်းကို နိုင်ငံရေး အကျဉ်းသမား တစ်ဦးဖြစ်သူကပြောကြားခဲ့သည်။

“အခြေခံပုဒ်မပြင်ဆင်ရေး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက်တောင်းဆိုချင်တာရယ် ကွယ်လွန်သွားတဲ့ ဘဘဦးဝင်းတင်ကို ဂုဏ်ပြုချင်တာကြောင့် ယခုကဲ့သို့ အပြာရောင်ဝတ်ဆုံများဖြင့် တူညီစွာ တက်ရောက်မှာပါ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးကပြောကြားခဲ့သည်။

အဆိုပါဟောပြောပွဲသို့ နိုင်ငံရေးအ ကျဉ်းသားဟောင်းများသည် တာမွေမြို့နယ် နိုင်ကျဉ်းရုံးခန်းမှ ဗိုလ်စိန်မှန် အားကစားကွင်းသို့ စုပေါင်း ချီတက်လမ်းလျှေက်ကြမည် ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် အခြေခံပုဒ်မ ဖြစ်သော ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး လူထုဟောပြောပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ဗိုလ်စိန်မှန်အားကစားကွင်း ဗဟန်းတွင် နံနက် ၈ နာရီမှစတင်ကာ ဟောပြော သွားမည် ဖြစ်သည်။ ထိုအခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်တို့မှ မိန့်ခွန်း ပြောကြားသွားမည်ဖြစ်သည်။

ထိုကဲ့သို့ ဟောပြောပွဲတစ်ရက်ကိုလည်း မေလ ၁၈ ရက်နေ့ တွင် ၎င်းအဖွဲ့နှစ်ဖွဲ့မှပူးပေါင်းပြီး မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင်လည်း အခြေခံ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဟောပြောပွဲတစ်ရပ်ကို ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။          

Leave a Reply