5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇူလိုင် ၂၄ ၊၂၀၁၄
M-Media

၉/၁၁ ပြီးနောက် FBI မှာ ထောင်ချောက်ဆင်၍ မွစလင်များအား အကြမ်းဖက်သမားများအဖြစ် ဖမ်းဆီးခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့၏ အစီရင်ခံစာတွင်ဖော်ပြ

FBITrapped-Muslims-into-Terror-Attacks
– ၉/၁၁ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို FBI က  ငွေကြေးများစိုက်ထုတ်၍ အကြမ်းဖက် တိုက်ခိုက်မှုပုံစံများ ဖန်တီး ထောင်ချောက်ဆင်ကာ မွတ်စလင်များအား ဖမ်းဆီးခဲ့သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ HRW က စွပ်စွဲ ပြောကြားလိုက်သည်။

“အမေရိကန် မွတ်စလင်တွေအပါအ၀င်၊ အမေရိကန်နိုင်ငံသားတွေကို အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်မှုတွေမလုပ်ဘဲ၊ ဒီအစီရင်ခံစာမှာဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကလည်း ဥပဒေထိန်းသိမ်းရေးအဖွဲ့တွေ တကယ့်ခြိမ်းခြောက်မှုအစစ်ကို လိုက်ရာကနေ လမ်းလွဲစေပါတယ်” ဟု Human Rights Watch မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာကို ကိုးကား၍ AFP သတင်းဌာနက ဇူလိုင် ၂၁ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါအစီရင်ခံစာမှာ အကြမ်းဖက်မှုဖြင့် တရားရင်ဆိုင်နေရသည့် အမှု ၂၇ ခုကို စုံးစမ်းစစ်ဆေးကာ၊ အကြမ်းဖက်မှုကျူးလွန်သူ သို့မဟုတ် အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသူများ၊ ၎င်းတို့၏ မိသားစုများ၊ ၎င်းတို့အား အမှုလိုက်ပေးနေသည့် ရှေ့နေများနှင့် တရားသူကြီးများ အပါအ၀င် လူပေါင်း ၂၁၅ ဦးကို အင်တာဗျူးခဲ့ပြီးနောက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုစစ်ဆေးမှုများကို HRW နှင့် ကိုလံဘီယာ တက္ကသိုလ် ဥပဒေဌာန လူ့အခွင့်အရေး အင်စတီကျုတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းလည်းဖြစ်သည်။

“တစ်ချို့ကိစ္စတွေမှာ  အကြမ်းဖက်လုပ်ရပ်အတွက် အကြံအဥာဏ်ပေးတာမျိုးတွေ ဒါမှမဟုတ် ပစ်မှတ်ထားတဲ့ လူတစ်ယောက်ကို အကြမ်းဖက် လုပ်ရပ်လုပ်ဖို့ တိုက်တွန်းတာတွေလုပ်ပြီး  အကြမ်းဖက်သမားကို FBI က ဖန်တီးတာမျိုးတွေ ရှိပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ပြစ်မှုကျူးလွန်မှုများ၏ ထက်ဝက်ကျော်မှာ လုပ်ကြံဖန်တီးထားသော ကိစ္စများမှ ပေါ်ထွက်လာခြင်းဖြစ်ပြီး အမှု ၃၀ ရာခိုင်နှုန်းတွင် FBI မှ သူလျှိုများမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု သိရသည်။

“အမေရိကန်အစိုးရဟာ တားဆီးခြင်း၊ အရေးယူခြင်းတွေပြုလုပ်ပြီး အကြမ်းဖက်ဝါဒကနေ ပြည်သူတွေကို ကာကွယ်မှုပေးထားတယ်လို့ အမေရိကန်တွေက ပြောကြပါတယ်။ ဒါပေမယ့် သေသေချာချာလေ့လာကြည့်ရင် ဥပဒေထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့က အကြမ်းဖက်မှုလုပ်ရပ်တွေကို ကျူးလွန်ဖို့ တိုက်တွန်းတာ၊ ဖိအားပေးတာ၊ တစ်ခါတစ်ရံမှာ ထောက်ပံ့တာမျိုးတွေမရှိဘူးဆိုရင် (အကြမ်းဖက်မှုနဲ့ တရားစွဲခံထားရတဲ့) ဒီလူတွေဟာ ဘယ်တော့မှ ရာဇ၀တ်မှုကို ကျူးလွန်မှာ မဟုတ်ဘူးဆိုတာ သဘောပေါက်လာပါလိမ့်မယ်” ဟု ၀ါရှင်တန် HRW မှ လက်ထောက်ဒါရိုက်တာ အန်ဒရီယာ ပရာဆိုက ပြောကြားခဲ့သည်။

သို့သော်လည်း အမေရိကန်တရားသူကြီးချုပ် အဲရစ်ဟိုလ်ဒါကမူ FBI ၏ သူလျှိုများမှာ အကြမ်းဖက်ဝါဒအား တွန်းလှန်ရာတွင် အရေးပါသည်ဟု HRW စွပ်စွဲမှုများ ကာကွယ် ပြောကြားခဲ့သည်။

အကြမ်းဖက်မှုအတွက် ဇာတ်လမ်းဆင်ရာတွင် FBI မှာ တစ်ခါတစ်ရံ၌ အသိဥာဏ်နိမ့်ပါးသူများ၊ စိတ်ပိုင်းဆိုင်ပြဿနာရှိသူများ စသည့် ပုံမှန်မဟုတ်သူများကို ပစ်မှတ်ထားအသုံးချခဲ့သည်ဟုလည်း HRW က ဆိုကာ ပင်တဂွန်နှင့် ကွန်ဂရက်တို့အား ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် ဒရုန်းလေယာဉ်ငယ်ဖြင့် တိုက်ခိုက်လိုခြင်းကြောင့် ထောင်ဒဏ် ၁၇ နှစ်ချခံခဲ့၇သည့် အသက် ၂၇ နှစ်အရွယ် ရက်ဇ်ဝန် ဖစ်ရ်ဒေါက်စ်၏ အမှုအား ထောက်ပြခဲ့သည်။

ဖစ်ရ်ဒေါက်မှာ ဆိုးရွားသည့် စိတ်ကျန်းမာရေးပြဿနာရှိနေသည်ဟု FBI အေးဂျင့်တစ်ဦးက ၎င်း၏ အဖေအား ပြောကြားခဲ့သော်လည်း FBI သူလျှိုများအနေဖြင့် ၎င်းတို့၏ ထောင်ချောက်ဆင်မှုကို ရပ်တန့်ခဲ့ခြင်းမရှိချေ။

“အမေရိကန်အစိုးရက အမေရိကန် မွတ်စလင်တွေကို ဂွင်စောင့်နေတဲ့ အကြမ်းဖက်သမားတွေအဖြစ် ပြုမူဆက်ဆံနေတာတွေကို ရပ်သင့်ပါပြီ” ဟု HRW ၏ အဆိုပါ အစီရင်ခံစာ နိဂုံးချုပ် ဖော်ပြထားသည်။

ထို့ပြင် နယူးယောက်ရှိ မွတ်စလင်သစ်လွင်လေးဦးက ဂျူးဘုရားကျောင်းနှင့် အမေရိကန်စစ်စခန်းတစ်ခုကို တိုက်ခိုက်ရန် အစီအစဉ်ဆွဲခဲ့သည်ဟု စွပ်စွဲထားသည့် ဖြစ်စဉ်တွင် အစိုးရက နည်းလမ်းများချပေးကာ ထိုလုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရမည့် အတားအဆီးများကိုလည်း ဖယ်ရှားပေးခဲ့သည်ကို တွေ့ရှိခဲ့ရကြောင်း ထိုအမှုအား ကိုင်တွယ်နေသည့် တရားသူကြီးတစ်ဦး၏ ပြောကြားချက်ကိုလည်း ထိုအစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

ယခင် FBI အေးဂျင့်ဟောင်း မိုက် ဂျာမန်ကမူ FBI ၏ အကြမ်းဖက်ဝါဒ တန်ပြန်တိုက်ဖျက်ရေး အစီအစဉ်မှာ ပြည်သူများ၏ ကိုရေးကိုယ်တာနှင့် လွတ်လပ်ခွင့်ကို ချိုးဖောက်ကြောင်း စိုးရိမ်စရာများရှိနေပြီး၊ ထိုအစီအစဉ်မှာလည်း ခြိမ်းခြောက်မှုအစစ်အမှန်များကို ဖြေရှင်းရာတွင် မထိရောက်ဟု ပြောကြားခဲ့သည်။

ထို့ပြင် FBI မှ မွတ်စလင်များအား ထောင်ချောက်ဆင်ဖမ်းဆီးမှုများကို ဖော်ပြထားသော HRW ၏ အစီရင်ခံစာအား လစ်လျူရှု၍ မရဟုလည်း ပညာရှင်များက FBI ကို သတိပေးထားသည်။

Ref: OnIslam.net & News Agencies

Leave a Reply