5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ပါလက်စတိုင်းနယ်မြေတွင် ဂျူးအိမ်ရာဆောက်လုပ်မှု ဆန့်ကျင်ရေး ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ထောက်ခံ

သြဂုတ် ၂ ၊ ၂၀၁၄
M-Media

– ပါလက်စတိုင်းပိုက်နက်များကို အစ္စရေး၏ သိမ်းပိုက်မှုတွင် ပါဝင်နေသော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ၊ ထောက်ပံ့မှုများကို ရပ်တန့်ရန် တိုက်တွန်းသည့် ကမ္ဘာ့လုံးဆိုင်ရာ လှုပ်ရှားမှုအား တောင်အာဖရိကမှ နိုဗယ်ဆုရှင် ခရစ်ယာန် ဘုန်းတော်ကြီး ဒက်စမွန် တူးတူးက ထောက်ခံခဲ့သည်ဟု သိရသည်။

ထိုလှုပ်ရှားမှုကို Avaaz အဖွဲ့မှ စတင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာ ဥပဒေအရ တရားမ၀င်သည့် ဂျူးအခြေချ အိမ်ရာများ ပါလက်စတိုင်း ပိုင်နက်အတွင်း တည်ဆောက်ခြင်းတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပါဝင်နေသည့် Hewlett Packard၊ G4S၊ Caterpillar၊ ABP နှင့် Veolia စသည့် ကုမ္ပဏီများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ထိုလှုပ်ရှားမှုတွင် ကမ္ဘာတစ်ဝှမ်းမှ ပါဝင်လာသူများမှာ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးပါအ၀င် ၁.၅ သန်းရှိလာပြီဖြစ်သည်။

“၁၉၈၀ ပြည့်နှစ်တွေမှာ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေက တောင်အာဖရိကနဲ့ ကုန်သွယ်ရေး အဆက်ဖြတ်ခဲ့ခြင်းဟာ လူမျိုးရေးခွဲခြားတဲ့ ဒီနိုင်ငံကို သွေးတစ်စက်မှ မထွက်ဘဲ ဒူးထောက်စေခဲ့ပါတယ်။ တောင်အာဖရိကကို ကူညီတာဟာ တောင်အာဖရိကန် လူမည်းတွေ ဖိနှိပ်ခံရမှုကို ကူညီနေတာပဲလို့ ဒီကော်ပိုရးရှင်းတွေဟာ နားလည်ခဲ့ကြပါတယ်။ ဒါ့ကြောင့် လူမျိုးရေးခွဲခြားတဲ့ ဒီနိုင်ငံရဲ့ အသက်သွေးကြောတွေကို သူတို့ ဖြတ်တောက်ခဲ့ကြပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှု ဖြတ်တောက်ခြင်းက တောင်အာဖရိက လူဖြူ လူမည်း ခွဲခြားရေးစနစ်အား ထိခိုက်စေခဲ့ခြင်းကို ဘုန်းတော်ကြီးက ထောက်ပြပြောဆိုခဲ့သည်။

ထို့ပြင် ပါလက်စတိုင်းနှင့် ပတ်သက်၍လည်း

“ဒီနေ့ ကျွန်တော်တို့တွေ့နေရတဲ့ ဂါဇာ ပြဿနာဟာ ဂျူး ဒါမှမဟုတ် မွတ်စလင် ပြဿနာမဟုတ်ပါဘူး။ လူသားထုရဲ့ ပြဿနာပါ။ အစ္စရေးနဲ့ စီးပွားရေး ဆက်လက် လုပ်နေသူတွေဟာ တရားမဲ့တဲ့ လက်ရှိအခြေအနေကို ဆက်လက်တည်တံ့အောင် ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ သူတို့ရဲ့ စီးပွားရေးတွေကို ရပ်တန့်လိုက်တာဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတွေရဲ့ ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းရေးဟာ အတူတူပဲဖြစ်တယ်ဆိုတာကို ဖော်ပြတာပါ။ လူ့တန်ဖိုးကို ယုံကြည်သူတွေအတွက် ဂါဇာက စမ်းသပ်ပါတော့မယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

အစ္စရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်မှုများ ဖြတ်တောက်ရန် တိုက်တွန်းခဲ့ပြီးနောက် မကြာသေးမီလများအတွင်း ပုဂ္ဂလိကပိုင်ကုမ္ပဏီများကလည်း အစ္စရေးနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့ကြသည်။

ဟော်လန် ပင်စင်ရန်ပုံငွေအဖွဲ့တစ်ခုဖြစ်သည့် PGGM က အစ္စရေး ဘဏ်များမှ ဒေါ်လာ  သန်းပေါင်းများစွာကို ပြန်လည်ထုတ်ယူခဲ့ပြီး  Bill and Melinda Gates ဖောင်ဒေးရှင်းကလည်း အစ္စရေး လုံခြုံရေး လုပ်ငန်း တစ်ခုဖြစ်ည့် G4S မှ ရင်းနှီးမြှုပ်နှံမှုများကို ထုတ်ယူခဲ့သည်။ ထို့ပြင် အမေရိကန်ရှိ ခရစ်ယာန် Presbyterian အသင်းတော်က  HP၊ Motorola နှင့် Caterpillar စသည့် အစ္စရေး လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၂၁ သန်းကို ထုတ်ယူခဲ့သည်။

ဥရောပအစိုးရများက ပါလက်စတိုင်းပိုင်နက်အတွင်းရှိ ဂျူးအခြေချအိမ်ရာ ဆောက်လုပ်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ မလုပ်ရန် ၎င်းတို့၏ နိုင်ငံသားများအား ဇူလိုင်လ ၁၇ ရက်နေ့တွင် သတိပေးခဲ့သည်။

Leave a Reply