5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

သြဂုတ် ၂၈ ၊ ၂၀၁၄
M-Media
422103_heroa
– ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာ၏ နေရာအား ရယူရန် ဆောင်ရွက်ခြင်းထက် မိမိလက်ရှိ ရာထူးတွင် အလုပ်များကို အာရုံစိုက် ဆောင်ရွက်သွားမည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီက ပြောကြားလိုက်သည်။

မကြာမီပြုလုပ်တော့မည့် ဖီဖာ ဥက္ကဌရာထူး ရွေးချယ်ပွဲတွင် ယှဉ်ပြိုင်မည်ဟု ယခုနောက်ပိုင်း သတင်းများထွက်ပေါ်နေသောကြောင့် မွန်တီကာလိုတွင် ယနေ့ပြုလုပ်ခဲ့သော ဥရောပ ၅၄ နိုင်ငံမှ ဘောလုံး အဖွဲ့ချုပ်များ အစည်းအဝေးတွင် ပလာတီနီက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

ဘလတ္တာမှာ ၁၉၇၅ ခုနှစ်မှစတင်ကာ ဖီဖာတွင် ၀င်ရောက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်မှ ယနေ့အချိန်အထိ ဥက္ကဌတာဝန်ကို ရယူထားသောကြောင့်ဝေဖန်မှုများကို ခံနေရသည်။ ထို့ကြောင့် မိမိအနေဖြင့် စတုတ္ထသက်တမ်း ပြီးဆုံးပါက အနားယူတော့မည်ဟု စောစောပိုင်းက ပြောကြား ခဲ့သော်လည်း နောက်ပိုင်းတွင် ဥက္ကဌရွေးချယ်ပွဲ၌ ပြန်လည် ပါဝင်မည်ဟု ပြောကြားခဲ့သည်။

ယခင်ပြင်သစ်လက်ရွေးစင်ဟောင်း ပလာတီနီမှာ ဘလတ္တာအား အခမ်းအနားအများအပြားတွင် ဝေဖန်ခဲ့ဖူးပြီး ယခုနှစ်စောပိုင်းကလည်း အသက် ၇၈ အရွယ်ရှိ ဘလတ္တာမှာ ဖီအားဦးဆောင်ရန် သင့်တော်သည့် ပုဂ္ဂိုလ်မဟုတ်တော့ဟု ပြောကြားခဲ့သည်။

Tags:

Leave a Reply