6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၈ ၊ ၂၀၁၄
M-Media
-ရေးသူ-နှင်းဆီခင်
892014
နေ့စဉ်ဘ၀မှာ ဖြစ်ပျက်သမျှတွေဟာ တကယ်တော့ အတွေ့အကြုံကောင်းတွေပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ စာဖတ်များသူ၊ စာဖတ်နာသူတွေ အနေနှင့် စာတွေ့လေ့လာမှတ်သားမိတဲ့ အကြောင်းအရာ အချက်အလက်တွေ အများကြီးရှိသလို လက်တွေ့ဘ၀မှာ တွေ့ကြုံရသည်တွေကလည်း တကယ့်ကို သင်ခန်းစာကောင်းတွေပါပဲ။

တစ်ခါတစ်ရံမှာတော့ တစ်စုံတစ်ယောက်ရဲ့ အမှတ်မထင်ပြောစကားတွေဟာ ကိုယ့်ဘ၀အတွက် တစ်သက်တာ မှတ်သားစရာအဖြစ် ရင်ထဲစွဲသွားတာမျိုးလည်း ရှိပါတယ်။ ဒီလိုပါပဲ စာအုပ်တစ်အုပ်ကိုဖတ်တဲ့အခါ စာရေးသူရဲ့အာဘော် ဒါမှမဟုတ် မှီငြမ်းကိုးကားထားတဲ့ စာတစ်ကြောင်းဟာ ရင်ထဲထိအောင် စွဲမြဲသွား တာမျိုးလည်းရှိတယ်။ တစ်ခုရှိတာက လူ့သဘာဝအရ နေ့စဉ်ကျင်လည်နေရတဲ့ ဘ၀မှာတွေ့ကြုံရတာ၊ ဖတ် မှတ် ရတောတွေက များလွန်းလှပါတယ်။ တစ်ချို့တစ်ချို့ စာသားတွေ မှတ်သားစရာတွေကို ဦးနှောက်ကစွဲစွဲမြဲမြဲ မှတ်သားထားနိုင်ပေမယ့် တော်တော်များများကတော့ ဖတ်တုန်းခဏ၊ မှတ်တုန်းခဏသာ ခေါင်းထဲစွဲနေတတ်ပြီး သိပ်မကြာခင်မှာပဲ အတွေးထဲကနေပျောက်ကွယ်သွားရော။ ဒါဟာလည်း လူတစ်ယောက်ရဲ့ မှတ်ဥာဏ်ကောင်းခြင်း၊ မကောင်းခြင်းရဲ့ အဆုံးအဖြတ် မဟုတ်ပါဘူး။ ဦးနှောက်ရဲ့ လက်သင့်ခံပြီး မှတ်သားထားတဲ့အပေါ်တည်ပါတယ်။

အမှန်တော့ ပစ္စည်းပစ္စယတွေကို စနစ်တကျ ထည့်သိုပြီး လုံလုံခြုံခြုံ သိမ်းဆည်းထားမယ်ဆိုရင်ပေါ့ လိုအပ်လာတဲ့အခါ ကိုယ်အလိုရှိတဲ့ အရာကို အလွယ်တကူ ထုတ်ယူသုံးစွဲနိုင်ခွင့်ရှိပါတယ်။ ပရမ်းပတာနှင့် အစီအစဉ် မကျထည့်သိုထားတဲ့အခါ အရေးကြုံရင် လွယ်လင့်တကူ အသုံးမချနိုင်တာတော့ အမှန်ပဲလေ။ ဒီလိုပါပဲ တစ်နေ့ချင်း ဖတ်မှတ်သွားတဲ့ တန်ဖိုးရှိတဲ့စာစုတွေကို မှတ်စုစာအုပ်ထဲမှာ စနစ်တကျရေးမှတ်သွားပြီး ကောင်းကောင်းမွန်မွန် လက်လှမ်းမီရာမှာ သိမ်းဆည်းထားမယ်ဆိုရင် လိုအပ်တဲ့အခါ အလွယ်တကူ ထုတ်ယူအသုံးချနိုင်မှာတော့ သေချာပါတယ်။

ကျွန်မဘ၀မှာ ဖတ်မှတ်ခဲ့သမျှကို စုဆောင်းထားခဲ့တာ နှစ်အတော်လေးကြာခဲ့ပါပြီ။ စာသင်ကြားခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ တပည့်တွေ (အထူးသဖြင့် လူငယ်တွေ) နှင့် ကြုံဆုံခဲ့ရတယ်။ တချို့ ကျောင်းသူ ကျောင်းသားတွေဟာ ထက်မြတ်တယ်၊ စာဖတ်များတဲ့စာဂျပိုးတွေဖြစ်ကြသလို တချို့ကျပြန်တော့ စာဖတ်ပျင်းကြသူတွေပါ။ များသောအားဖြင့်ကတော့ ငယ်ဘ၀မှာ စာစုံဖတ်ဖြစ်ဖို့ခဲယဉ်းပါတယ်။ ဒါပေမဲ့ ကျွန်မအနေနှင့် စာဖတ်ဝါသနာကြီးတဲ့ အဖေရဲ့သွန်သင်လမ်းညွှန်မှုကြောင့် ဆယ်ကျော်သက်အရွယ်မှာပဲ စာဖတ်ဝါသနာပါခဲ့ပါတယ်။ ဒါ့အပြင် စာဖတ်တိုင်း အရေးကြီးတာတွေကို မျဉ်းသားပြီး မှတ်စုစာအုပ်ထဲကူးရေးရတဲ့အကျင့်ကိုလည်း အဖေ့ဆီက အမွေရခဲ့ပါတယ်။ ဒါကြောင့်လည်း ဘ၀မှာ ခွန်အားဖြစ်စေပြီး တွန်းအားပေးတဲ့စာစုတွေ၊ အဆုံးအမတွေကို ဆုဆောင်းမှတ်သားခဲ့ရာက ကျွန်မရဲ့တပည့်လေးတွေနှင့် စာဖတ်သူတွေကို လက်ဆင့်ကမ်းလိုက်ပါတယ်။ စာဖတ်သူတွေအတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးဖြစ်ထွန်းမယ်ဆိုရင်တော့ ကျွန်မ လှိုက်လှိုက်လှဲလှဲ ကြည်နှုးမိမှာပါ။

    သူငယ်ချင်းကောင်းတွေနှင့် ပတ်သက်ပြီး အလှပဆိုးသော ရှာဖွေတွေ့ရှိမှုတစ်ခုကတော့ သူတို့တစ်တွေဟာ မခွဲမခွာဘဲနှင့် ကိုယ်ပိုင်သီးခြားရပ်တည်နိုင်စွမ်း ရှိကြတာပါပဲ။

        အောင်မြင်မှုဆီကိုသွားရာလမ်းဟာ ဘယ်တော့မှပြီးဆုံးသွားတယ် မရှိပါဘူး။ ဆောင်ရွက်ဆဲ၊ ဆောက်လုပ်ဆဲပဲ။

        ယဉ်ကျေးသိမ်မွေ့တယ်ဆိုတာလေ ခေါင်းအုံးတစ်ခုလိုပဲ။ အထဲမှာဘာမှမရှိပေမဲ့ ကျွန်ုပ်တို့ကို အံ့သြစရာကောင်းတဲ့ ခံစားထိတွေ့မှုကိုတော့ပေးတယ်။

        ကိုယ့်ရဲ့ဘ၀မှန်အတိုင်းနေပါ။ ကိုယ်ခံစားရသလိုပြောဆိုပါ။ ဘာကြောင့်လဲဆိုတော့ ပေါ့ပေါ့ဆဆနေတတ်သူတွေဟာ အရာခပ်သိမ်းကိုလျစ်လျူရှုကြပြီး အရာရာကို လျစ်လျူရှုသူတွေဟာ ပေါ့ဆတတ်လို့ပဲပေါ့။

        လမင်းကြီးကို ရည်ရွယ်ပြီးချိန်ပါ။ တကယ်လို့လွဲချော်သွားခဲ့ရင်လည်း ကြယ်တွေကိုထိမှန်နိုင်ပါသေးတယ်။

        နေရောင်ခြည်ကို မျက်နှာယူရှုကြည့်တတ်သူဟာ အရိပ်မည်းတွေတွေ့မှာ မဟုတ်ပါဘူး။

        တစ်စုံတစ်ယောက်ကို အမြဲတမ်းလိုလို “နောက်တော့မှ” လို့ပြောနေကျဖြစ်တဲ့သူတွေအတွက် “ဘယ်တော့မှ” ဆိုတာပဲ ဖြစ်လာပါလိမ့်မယ်။

        လူ့သဘာဝနှင့်ပတ်သက်ပြီး အသိပညာဗဟုသုတ နည်းပါးသူဟာ ဘ၀မှာ နေပျော်စရာလေးတွေနှင့် လွဲချော်ပြီး အကျိုးဖြစ်ထွန်းမှုမရှိဘဲ ဘ၀ကို အဆုံးသတ်လေ့ရှိကြတယ်။

        ခင်မင်ရင်းနှီးမှုဆိုတာ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ သေးငယ်တဲ့ အရာတွေ သန်းချီပြီး စုစည်းထားခြင်းပါ။

        ငါတော့အောင်မြင်မှုရပြီ။ ဆက်ကြိုးစားဖိုပမလိုတော့ပါဘူး။ နားတော့မယ်ဆိုတာ ဘယ်တော့မှ မလုပ်သင့်တဲ့အရာမျိုး။

        သဘာဝတရားကို အလိုက်သင့်လက်ခံနိုင်အောင် ကြိုးစားပါ။ စိတ်ရှည်ကြံ့ခိုင်ခြင်းကတော့ လှို့ဝှက်ချက်ပေါ့။

        အသက်ရှုသွင်းပါ။ ပြီးတော့ ပြန်ထုတ်ပါ။ အဲဒီအချိန်ခဏလေးဟာ ကိုယ့်ဘ၀ကို ကိုယ်တစ်ကယ် ပိုင်ဆိုင်တဲ့အချိန်လေးဖြစ်ပြီး ကြိုးစားခွင့်ရှိတဲ့ အချိန်ပဲဆိုတာယုံ။

        မျှော်လင့်ချက်ဆိုတာ နှလုံးသားမှာ ခိုဝင်နေရာယူထားတဲ့ ဌက်မွှေးဌက်တောင်လေးတွေပေါ့။ သူတို့တွေဟာ သီချင်းစာသားမပါတဲ့ တေးသွားလေးကို အခါမလပ် သီဆိုနေကြတယ်။ ရပ်မသွားအောင် ထိန်းထားရမှာ ကိုယ်တိုင်ပဲပေါ့။

        အရာရာတိုင်းရဲ့တန်ဖိုးဟာ ဘ၀မှာ ကိုယ်ပေးဆပ်တဲ့ ပမာဏအတိုင်းပဲဆိုတာ မမေ့ပါနှင့်။

        သူငယ်ချင်းမိတ်ဆွေဖွဲ့ဖို့ အကောင်းဆုံးအချိန်ကတော့ သူ့ဆီက အကူအညီမယူရခင်အချိန်ပေါ့။

        မှတ်သားစရာ တစ်စုံတစ်ရာရပါစေလို့ ဆန္ဒပြုရင်း…….

 နှင်းဆီခင်

Tags:

Leave a Reply