5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ- ၂၀ ၊ ၂၀၁၄
M-Media
ဓါတ်ပုံ ပေးသူ-Mya Arkar


Haji Ma Daw Pu
ဟာဂျီမ ပျဉ်းမနားဒေါ်ပု သည် မြန်မာနိုင်ငံတွင် လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး ဖြစ်ပါတယ်။

ဖော်ပြပါပုံသည် ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့ စိတ်ရောဂါ အထူးကု ဆေးရုံဝင်း အတွင်း ငွေခြောက်သိန်းတန် ဘွဲ့လွန်စိတ်ပညာသင်တန်းခန်းမနှင့် စာကြည့်တိုက်အတွက်လည်း လှူဒါန်းခဲ့စဉ်ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ် အောက်တိုဘာလာ ၅ ရက်တွင် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးဝင်း အတွင်း ဆီးနှင့်ကျောက်ကပ်ရောဂါ အထူးကုဌာန အတွက် သိန်းသုံးဆယ်ကျော်လှူဒါန်းကာ ဆောက်လုပ်ခဲ့ပါတယ်။

အရေပြားဆေးရုံသစ်အတွက် သိန်း နှစ်ဆယ်ကျော် လှူဒါန်းခဲ့ပါတယ်။

ဟာဂျီမ ပျဉ်းမနားဒေါ်ပုရဲ့ များစွာသော အများအကျိုးပြု အလှူများမှ ဖော်ပြပါ အလှူ(၃) ခု (၅၆) သိန်းတန်ကြေးမှာ ယနေ့ကာလတွင် သိန်းပေါင်း (၂၆၀၀၀) ခန့်ရှိမှာဖြစ်ပါတယ်။

၁၉၈၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အတွင်း၌ သိန်း ၅၀ တန် လေးထပ်တိုက်၊ အရေပြားရောဂါနှင့် ဦးနှောက်နှင့်အာရုံကြောရောဂါကု ဆေးရုံ အဆောက်အအုံ အတွက်လည်း သိန်း ၂၀ လှူဒါန်းခဲ့သည်။

ဓါတ်ပုံစာညွှန်း- ရန်ကုန်မြို့ ကျောက်ကပ်ရောဂါဆေးရုံ သစ်တည်ဆောက်ရာ၌ ကျပ်သိန်း ၃၀ ပေးလှူပြိး အရေပြားဆေးရုံသစ်အတွက် သိန်း ၂၀ လှူဒါန်းခဲ့သော ဟာဂျီမ ပျဉ်းမနား ဒေါ်ပု(လူမှုထူးချွန် ပထမဆင့်) မိမိလှူဒါန်းသော ရန်ကုန်မြိုက စိတ်ရောဂါကုဆေးကုဆေးရုံ ကြီး ဘွဲလွန် စာသင်ခန်းနှင့် စာကြည်တိုက် အဆောက်အဦ ကျောက်စာကို စိတ်ဝင်စားစွာ ရှုစားနေစဉ်၊

ဘေးတွင် (မျက်မှန်ဖြင့် ) ပီတိဖြစ်နေသူမှာ ပျဉ်းမနားဇာတိ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ စိတ်ရောကု ဆေးရုံအုပ်ကြီး ဒေါက်တာနေဝင်း

ref_ ၁၉၈၂ ခု စက်တင်ဘာလ ထုတ် အစ္စလာမ်အလင်း စာစောင် အမှတ်စဉ်(၂၁)

ဟာဂျီမ ပျဉ်းမနားဒေါ်ပု အကြောင်း အသေးစိတ်ဖတ်လိုလျှင် =>http://www.m-mediagroup.com/news/2190

Leave a Reply