6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

စက်တင်ဘာ ၂၃ ၊ ၂၀၁၄
M-Media
သီဟ
Thein Moe Winကမ္ဘာ့ ကုလသမဂ္ဂ တွင် လုံခြုံရေးကောင်စီ အမြဲတမ်း(၅) နိုင်ငံရဲ့ ဗီတို အာဏာ သုံးစွဲခွင့်ကို ဖျက်သိမ်းဖို့အတွက် ကမ္ဘာ့ ကုလသမဂ္ဂရဲ့ အထွေထွေ အတွင်းရေးမှုးချူပ် ဆီကို သြစတြေးလျနိုင်ငံ ရောက် မြန်မာ့ ဒီမိုကရေစီ အရေး တက်ကြွ လှုပ်ရှားဆောင်ရွက်သူ တဦးဖြစ်သူ ကိုသိန်းမိုးဝင်းမှ စာရေးသားပေးပို့ တောင်းဆို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

ကိုသိန်းမိုးဝင်းဟာ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ဥိးဖြစ်ပြီး၊ Burmese Muslim Association (NSW) EC member လည်းဖြစ်ကြောင်း သိရှိရပါတယ်။

ကိုသိန်းမိုးဝင်းရဲ့ ကမ္ဘာ့ ကုလသမဂ္ဂ ရုံးချူပ် သို့ပေးပို့စာ နှင့် ကမ္ဘာ့ ကုလသမဂ္ဂ ရုံးချူပ် ပြန်ကြာရေးဌာနရဲ့ ပြန်စာကို ပူးတွဲဖော်ပြလိုက်ပါတယ်။ မူရင်း ပေးပို့ခဲ့တဲ့ စာနဲ့ ပြန်စာ(အင်္ဂလိပ်လို) ကို ပူးတွဲပါဖိုင်မှာ ဖတ်ရှုနိုင်ပါတယ်။

 

သို့
H.E. Mr. Ban Ki-Moon
အထွေထွေ အတွင်းရေးမှုးချူပ်
ကမ္ဘာ့ ကုလသမဂ္ဂ ရုံးချူပ်
1st Ave. and 46th street
New York, N.Y. 10017
U.S.A
ရက်စွဲ။ ။ ၅ ရက် သြဂုတ်လ 2014

ကမ္ဘာ့လူသားထုကြီးငြိမ်းချမ်းစေဖို့ VETO အာဏာခံစားသုံးစွဲခွင့် ကမ္ဘာ့ ကုလသမဂ္ဂ မှာ ဖျက်သိမ်းစို့

လေးစားအပ်ပါသော အထွေထွေအတွင်းရေးမှုးချူပ် မဟာမင်းကြီး ခင်ဗျာ။

မဟာမင်းကြီးရဲ့ ကမ္ဘာ့လူသားထုတစ်ရပ်လုံး ငြိမ်းချမ်းစေဖို့ မနားမနေ ကြိုးပမ်းနေမှုများ၊ ကြုံတွေ့နေရတဲ့ အခက်အခဲများ နှင့် နိုင်ငံတကာခေါင်းဆောင်များအား လက်တွဲ့ပြီး အသိဥဏ်နှင့်ယှဉ်ဆောင်ရွက်နေမှု အားလုံးအတွက် ကျွန်ုပ် အထူးပဲလေးစား ဂုဏ်ယူ ၀မ်းမြှောက်မိပါကြောင်း ပဏာမပြောကြားလိုပါတယ်။ နိုင်ငံရေး တွေးခေါ်မှုကို အခြေပြု၍ စဉ်းစားမှုလေး တစ်ခု “ပြည်သူတွေ ဘာ့ကြောင့်များ လူသားအခွင့်အရေးဆုံးရှုံးနေရတာဘာလိမ့်? ရက်စက်ကြမ်းကြုတ် မင်းလုပ်နေသူများ ဘာ့ကြောင့် သက်ဆိုး ရှည်နေတာဘာလိမ့်?” ဟုတွေးတောလေ့လာကြည့်တဲ့အခါ
“ကမ္ဘာ့ကုလသမဂ္ဂ မှာ VETO-အာဏာ သုံးစွဲခွင့်ရနိုင်ငံကြီးများနှင့် တိုက်ရိုက်၊သွယ်ဝိုက် ဆက်သွယ်မှုများ ရှိနေကြောင်း” တွေ့မိပါတယ်။

ကျွန်ုပ်၏ လေ့လာမှုလေးကို ရှယ်ပါရစေ မဟာမင်းကြီး ခင်ဗျာ့။

ဥပမာ- မြန်မာနိုင်ငံ (Burma)ရဲ့ ဂုတ်သွေးစုတ်စစ်ဗိုလ်ချူပ်များ အရပ်အ၀တ်အစား ပြောင်းသာဝတ်ပြီး မူမပြောင်းပဲ မြန်မာပြည်သူပြည်သား သန်း(60) ခန့်မျှအား သေနတ်နောက်ကျောထောက် ပြန်ပေးစွဲ ထားသလို အုပ်ချူပ်နေခြင်း၊ ပြည်ထောင်စု တိုင်းရင်းသားများအား ဖိနှိပ်ခွဲခြားဆက်ဆံကာ မိမိတို့လူနည်းစု တစ်စုကောင်းစားရေးနှင့် အာဏာတည်ရေး အတွက် လုပ်ဆောင်နေခြင်း၊ နိုင်ငံတကာကို ဟန်လုပ်ပြုံးပြပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းနေဆဲဟု
လှည့်ဖြား သရုပ်ဆောင်နေခြင်းတို့ကို တွေ့ရသည်။ ထိုနည်းတူစွာပဲ- မြောက်ကိုးရီးယား၊ အီရန်၊ဇင်ဘာဘွေ၊ ဆီးရီးယား စသည့်နိုင်ငံတို့တွင်လဲ အလားတူ အဖြစ်မျိုးကို ထိုပြည်သူများ တွေ့ကြုံ  ခံစားနေရမှုများ၊ နိုင်ငံတကာ၏ ဖိအားပေးမှုများကို ထိုနိုင်ငံခေါင်းဆောင်များက လစ်လှုရှုမှုများကိုလည်းပဲ လေ့လာမိသည်။

အဆုံးမသတ်နိုင်တဲ့ ပါလက်စတိုင်း-အစ္စရေး ပြသာနာများနှင့်ဆက်စပ်၍ ပါလက်စတိုင်းဘက်က လောင်ချာ ပစ်ခတ်နေမှုများနှင့် အစ္စရေးဘက်က ညာတာမှုကင်းမဲ့တဲ့ တန်ပြန်လက်စားခြေမှုများ၊  ပါလက်စတိုင်းနိုင်ငံ-အစ္စရေးနိုင်ငံဟု သီးခြားနယ်မြေသတ်မှတ်ရေး အခက်အခဲများ၊ ပါလက်စတိုင်းဒေသပိုင်နယ်မြေများအား အစ္စရေးဘက်မှ တရားဥပဒေမဲ့ ဆက်လက်သိမ်းပိုက်နေမှုများတွေကြောင့်  နှစ်ဖက်ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ခြိမ်းခြောက်ခံနေရမှု ကြုံတွေ့နေရသည် ကိုလည်း လေ့လာသုံးသပ်မိသည်။

ရုရှ ကျောထောက်နောက်ခံပြု ခွဲထွက်ရေးသူပုန်များ ယူကရိန်းနိုင်ငံမှာ ထကြွသောင်းကျန်းနေမှုနဲ့ မလေးရှား MH17 လေယဉ်ကြီး ထိုဒေသတွင် အကြောင်းမဲ့ ပစ်ချခံရကာ အပြစ်မဲ့ခရီးသွားများ အသက်ဆုံးရှုံးရမှု။ အမေရိကန်ကျောထောက်နောက်ခံပြု အစ္စရေးရဲ့  ပါလက်စတိုင်းပြည်သူတွေအပေါ် ဖိနှိပ်ဆက်ဆံနေမှု၊ တရုတ်-ရုရှ ကျောထောက်နောက်ခံပြု မြန်မာ့လက်ရှိအစိုးရရဲ့ ပြည်သူအပေါ် ဖိနှိပ်ချူပ်ချယ်အုပ်ချူပ်နေမှု၊ တရုတ်-ရုရှ ကျောထောက်နောက်ခံပြု ဆီးရီးယား အာဆတ်အစိုးရ ပြသာနာ၊ အမေရိကန်-ဗြိတိန် ဦးဆောင်သည့်  အီရတ် နဲ့ အာဖဂါနစ္စတန် ကျူးကျော်မှု၊ တရုတ်-ရုရှ ကျောထောက်နောက်ခံပြု ဇင်မ်ဘာဘွေ မူဂါဘေ့ သက်ဆိုးရှည်နေမှုတွေ အားလုံးဟာ ထိုနိုင်ငံတွေမှာရှိတဲ့ လူသားတွေရဲ့  အခြေခံ လူ့အခွင့်ရေး နေ့စဉ် ဆုံးရှုံးနေမှုနှင့် တိုက်ရိုက်-သွယ်ဝိုက် ပက်သက်နေတာကို တွေ့ရှိမိသည်။

စိတ်မကောင်းဖြစ်ရသည်မှာ-အခုလိုကမ္ဘာတ၀န်းဆက်တိုက်ဖြစ်ပွားနေသည့် မင်းဆိုးမင်းညစ်များကြောင့်ပြည်သူများ ဆင်းရဲဒုက္ခရောက်နေကြရသည်ကို ကမ္ဘာ့ကုသသမဂမှ အထူးစိုးရိမ်မိကြောင်း ဖော်ပြမှုရှိသော်လည်း ထိရောက်သည့် ကာကွယ်တားဆီးမှုမျိုး ဆောင်ရွက်နိုင်ခြင်းမှာ အားနည်းလှပေသည်။ အကြောင်းရင်းမှာ- နိုင်ငံတစ်ခုမှာ လူ့အခြေခံ အခွင့်အရေးများဆုံးရှုံးနေမှုများ ဖြစ်ပေါ်လာလျှင် အမြန်တားဆီးနိုင်သည့် ဥပဒေပြုမှုကို ကမ္ဘာ့ကုသသမဂမှာ ဆွေးနွေးဆုံးဖြတ်တိုင်း အထက်ကဖော်ပြခဲ့သည့်  VETO အာဏာသုံးစွဲခွင့်ရနိုင်ငံကြီးများက သူတို့နှင့်  တိုက်ရိုက်၊သွယ်ဝိုက် အကျိုးစီးပွား ဆက်သွယ်မှုရှိနေပါက ထိုဥပဒေပြုမှုအား ကန့်ကွက်လေ့ရှိသည် တွေ့ရသည်။

VETO အာဏာကို ကမ္ဘာ့ကုသသမဂ္ဂ ရဲ့  အမြဲတမ်းလုံခြုံရေးအဖွဲ့ဝင် ၅ နိုင်ငံက ကမ္ဘာသူကမ္ဘာသားများ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုရှေ့ရှု၍ သုံးပိုင်ခွင့်ရှိသည်ဟု သတ်မှတ်ထားသော်ငြားလည်း နိုင်ငံအချို့တွင်ဖြစ်ပွားနေသည့် အခြေခံလူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများ၊ မင်းဆိုးမင်းညစ်များကို အရေးယူနိုင်ခွင့်ဥပဒေပြုမှုများတွင် တစ်လွှဲအသုံးပြုလာသဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးဆောင်ရွက်နေမှုများအား အထူးပဲ အဟန့်အတား ဖြစ်စေပါသည်။ တစ်ဆက်တည်းမှာပဲ ကမ္ဘာ့ကုလသမဂ လုံခြုံရေးကောင်စီ ၁၅ နိုင်ငံ အဖွဲထဲမှာလဲ  VETO ဆိုတဲ့ သီးသန့်ခွဲခြား အခွင့်အရေးပေးမည့်အစား VETO ပါဝါမထားပဲ 15 နိုင်ငံလုံး သာတူညီမျှဆုံးဖြတ်ခွင့်မျိုး ရှိသင့်သည်။

တစ်ဖက်မှာလည်း-နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) မှာ အကန့်အသတ် လုပ်ပိုင်ခွင့်၊ဆုံးဖြတ်ခွင့်မျိုးသာရှိပြီး လုပ်ငန်းစဉ်တိုင်းအတွက် ကမ္ဘာကုလသမဂမှ VETO ကန့်ကွက်မှုမပါတဲ့ ရာဇ၀တ်မှုမျိုးကိုသာ ဆောင်ရွက်ခွင့်ရှိနေခြင်းကြောင့် ကျွန်ုပ်တို့ မျက်မှောက်ရှေ့တွင် ထိုမင်းဆိုးမင်းညစ်များ VETO ပါဝါ အကာအကွယ်အနောက်မှာ  ပျော်ပျော်ကြီး သက်ဆိုးရှည်ဆဲ၊ ပြည်သူကို ညှင်းပန်းဆဲ တွေ့ရသလို တစ်ချို့လည်းပဲ နိုင်ငံတကာစံနှုန်းနဲ့ သတ်မှတ်ထားတဲ့ ICC ရာဇ၀တ်ခုံရုံးရဲ့ တရားစွဲဆိုမှုမျိုး မကြုံရပဲ အေးအေးလူလူ ဘ၀ပြောင်းသွားကြသည်မှာ အမှန်ပင်။

ကမ္ဘာတစ်ဝန်းမှ လူ့အခွင့်အရေးချိုးဖောက်နေမှုများ ရပ်တန့်သွားဖို့၊ ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည်များပြားလာမှု ရပ်တန့်ဖို့၊ ပြည်သူများ ငြိမ်းချမ်းစွာ လူ့အခွင့်အရေးပြည့်ဝစွာဖြင့် နေထိုင်နိုင်ဖို့ရာ- ကမ္ဘာကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ VETO ခံစားခွင့်ကို ပယ်ဖျက်ပေးခြင်းဖြင့် နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) မှာလည်းပဲ ဖိအားပေးအနှောင်အဖွဲ့ကင်းစွာ ထိုရာဇ၀တ်ကောင်များအား နိုင်ငံတကာဥပဒေအရ အရေးယူဆောင်ရွက်နိုင်မည် ဖြစ်ပေသည်။

သို့ပါ၍ ကျွန်ုပ် အနူးအညွတ် လေးစားစွာဖြင့် မဟာမင်းကြီးအား မေတ္တာရပ်ခံ အကြံပြုလိုသည်မှာ-လုံခြုံရေးကောင်စီမှ VETO ခံစားခွင့်ကို ပယ်ဖျက်ပေးခြင်း၊ ကောင်စီအဖွဲ့ဝင် 15 နိုင်ငံလုံး သာတူညီမျှ ဆုံးဖြတ်ခွင့်ပေးခြင်း၊ နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) အား လွတ်လပ်စွာ ဆုံးဖြတ်ဆောင်ရွက်ခွင့်ပေးခြင်းတို့ဖြင့် ကမ္ဘာကုလသမဂ္ဂ ရဲ့ လုပ်ဆောင်ချက်များ နှစ်ထောင်းအာရဖွယ်အောင်မြင်မှုများရလာနိုင်မည်ဖြစ်သလို ကမ္ဘာတစ်ဝန်းပြည်သူများ ပိုမို ငြိမ်းချမ်းလုံခြုံမှုရှိလာနိုင်မည်ဖြစ်ကြောင်း တင်ပြလိုပါသည်။

အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ရိုးသားစွာတင်ပြအပ်ပါကြောင်း။

သိန်းမိုးဝင်း

United Nations reply Envalope
H.E. Mr. Ban Ki-Moon (အထွေထွေ အတွင်းရေးမှုးချူပ်) United Nations ရုံး ပြန်ကြာရေးဌာနပြန်စာ

ရက်စွဲ ၄ ရက် စက်တင်ဘာလ 2014

သို့
သိန်းမိုးဝင်း

အသင်၏အထက်ဖော်ပြပါ အကြံပြုစာအား အထွေထွေ အတွင်းရေးမှုးချူပ်ရုံးမှ လက်ခံရရှိပါကြောင်း ကျွန်ုပ်တို့ ပြန်ကြားရေးဌာနမှ အကြောင်းကြားအပ်ပါသည်။ တစ်ဆက်တည်းမှာ ကမ္ဘာကုလသမဂ္ဂ၏ ဆောင်ရွက်ချက်များအပေါ် အသင်၏ အချိန်ပေး အကြံပြုမှုအား အထူးပဲကျေးဇူးတင်သလို ထိုအချက်အလက်များအားလည်း အလေးအနက်ထား မှတ်သားထားပါကြောင်း၊ လုံခြုံရေးကောင်စီ ဥပဒေပြင်ဆင်ရေး အခန်းကဏ္ဍတွင် ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

ပြန်ကြားရေးဌာန
အထွေထွေ အတွင်းရေးမှုးချူပ်ရုံး
ကမ္ဘာကုလသမဂ္ဂ

Scrap VETO privilege in UN to safe humanity-1 Scrap VETO privilege in UN to safe humanity-2 United Nations reply

Leave a Reply