5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

အောက်တိုဘာ ၃ ၊ ၂၀၁၄
M-Media
သတင်း- ချမ်းငြိမ်းအေး
Wira_Thu_News_-_Wira_Thu_News_shared_

၂၀၁၄-ခု ဇူလိုင်လဆန်းက မန္တလေးမှာ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုဟာလည်း ဘာသာတရားကို အကြောင်းပြပြီး အကြမ်းဖက်မှုဖြစ်လာစေရန် ဦးဝီရသူမှ လပေါင်းများစွာ လှုံ့ဆော်မှုခဲ့ပြီး အကွက်ချစီစဉ်ခဲ့သည့် လုပ်ကြံ မုဒိန်းမှုအား သစ်ထူးလွင်နှင့် ဦးဝီရသူတို့မှ အွန်လိုင်း စာမျက်နှာမှာ လှုံဆော်ရာမှ စတင်ခဲ့သလို လွန်ခဲ့သော ရက်ပိုင်းများက စတင်ပြီး ပြည်မြို့မှာလည်း ဘာသာမတူတဲ့ မိသားစုအတွင်းဖြစ်ပွားသည့် အရေးကိစ္စ ပြဿနာကို အကြမ်းဖက်မှုဖြစ်ပေါ်လာစေရန် ဖန်တီး လှုံ့ဆော်မှုများ ရှိခဲ့ပါတယ်။

ပြည်မြို့ရှိ ဘာသာမတူသူက ကလေးခိုးမှုဟုဆိုကာ မဟုတ်မမှန် လုပ်ကြံကာ သာသနာ့ဝန်ထမ်း ဦးဝီရသူရဲ့ အင်တာနက် စာမျက်နှာမှာ လွန်ခဲ့တဲ့ စက်တင်ဘာလကစပြီး အကြမ်းဖက်မှု ဖြစ်ပေါ်လာစေရန် စတင်ပြီး လုပ်ကြံသတင်း ဖြန့်ဖြူးခဲ့ပါတယ်။

အကြမ်းဖက်မှုကို မလိုလားသည့် ငြိမ်းချမ်းစွာ နေထိုင်လိုသူများက ၎င်းဖြစ်စဉ်အမှန်အား M-Media ကို ပြောပြခဲ့ပါတယ်။

“ပြည်မြို့ ဒေါင်းမင်းဆိုင်က သားအလတ် ဦးမင်းလွင်က သူ့ဇနီး ဒေါ်ဝါ၀ါလွင်နဲ့ရတဲ့ ကလေးနှစ်ယောက်ရှိတယ်။ ဦးမင်းလွင်မိန်းမ ဒေါ်ဝါ၀ါလွင်က ဗုဒ္ဓဘာသာပေါ့။ သူနဲ့ ရတော့ မွတ်စလင်လိုနေတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က လင်မယား ကွဲသွားတယ်။ အဲတော့ မိန်းမက ကလေးနှစ်ယောက်ကို ရှင်ပြုပေး ခဲ့တယ်။ နောက်ပြီး ရွှေတောင်နားက ဘုန်းကြီးကျောင်း တစ်ခုမှာ သူနောက်ယောင်္ကျားယူမှာမို့လို့ ကလေးတွေကို အပ်ထားပါရစေဆိုပြီး ဘုန်းကြီးဆီမှာ တောင်းဆို ခဲ့တယ်။

ကလေးတွေက အဲဒီမှာမနေချင်တာကြောင့် သားအကြီး မောင်ချစ်မင်းနိုင်က သူ့အဒေါ် (ဒေါ်ဝါ၀ါလွင်ရဲ့ အစ်မဖြစ်သူ ဒေါ်စောမာလာ)ရဲ့ ဖုန်းနံပါတ်တစ်ခုပဲမှတ်မိတယ်။ အဲဒါကြောင့် သူ့အဒေါ်ဆီကို ဖုန်းဆက်ပြီး သူတို့ကိုလာခေါ်ခိုင်းတော့ အဒေါ်ကသွားခေါ်တယ်။ အဲဒါနဲ့ပဲ သူ့အိမ်မှာ အဲ့ကလေးနှစ်ယောက်ကို ကျွေးမွေးထားတယ်။

ဒေါ်စောမာလာက လမ်းရှည်လမ်းမှာ သစ်ရိပ်သာဆိုတဲ့ အအေးဆိုင်ဖွင့်ထားတယ်။ သူ့မှာလည်း သားတစ်ယောက်ရှိတယ်။ အဲ့သားက သူ့တူလေးနဲ့ရွယ်တူပဲ။ ငယ်ငယ်တုန်းကတော့ ကလေးတွေကိုတန်းတူထားပေမဲ့ နည်းနည်းအရွယ်ရောက် လာတော့ သူ့သားကိုသိပ်မခိုင်းဘဲ လမ်းရှည်လမ်းမှာပဲ အအေးခွက်ရောင်းတဲ့ဆိုင်မှာ သူ့သားကို ဆိုင်ခိုင်းထားပြီး တူအကြီးကခိုင်းလို့ရတဲ့ အရွယ်လည်းရောက်နေတော့ သူ့ရဲ့အအေးဆိုင်မှာ တောက်တိုမယ်ရ ခိုင်းတယ်။ ခိုင်းတာကိုလုပ်တာလွဲရင် ကလေးကို ဆိုင်က၀ယ်သူတွေရှေ့မှာ လွန်လွန်ကျူးကျူးပြောဆိုတယ်။

နောက်တော့ သူသားကိုရော အဲ့ကလေးကိုရော ကျောင်းထုတ်လိုက်တယ်။ ဒါနဲ့ပဲကလေးက မခံနိုင်တာနဲ့ပဲ ဒေါင်းမင်းဆိုင်က သူ့ဦးလေးအိမ်ကို ထွက်ပြေးသွားတယ်။ ဒေါ်စောမာလာက လူပျောက်တိုင်တယ်။ ကလေးဦးလေးက ရ.၀.တ နဲ့သွားရှင်းပြီး ကလေးကိုယ်တိုင်ကလည်း အဒေါ်အိမ်မှာ မနေနိုင်ဘူးဆိုပြီး ပြောလို့ ဦးလေးကပဲ ကလေးကိုခေါ်သွားတယ်။

ဒေါ်စောမာလာကမကျေနပ်လို့ တရားရုံးမှာတိုင်ကြားထားတယ်။ အခုတော့ အုပ်ချုပ်ရေးမှုးက ကလေးကို တာဝန်ယူနိုင်မယ့်သူ ကလေးကို ဘော်ဒါမှာကျောင်း ထားလိုက်ပါ ပြည်မှာ မထားနဲ့တော့ ဆိုလို့ အခုကလေးကို ဘော်ဒါထားတယ်လို့ သိရပါတယ်။

ဒါကို မကျေနပ်တဲ့ ဒေါ်စောမာလာက ဦးမင်းလွင်နဲ့ ဒေါ်ဝါ၀ါလွင်ရဲ့သား အငယ်ကို မန္တလေးမှာ ဘုန်းကြီးဝတ်ပေးလိုက်ပြီး ပြည်တရားရုံးမှာ အမှုဖွင့် ခဲ့ပါတယ်။ တရားရုံးကလည်း တရားလိုတွေရဲ့ ထွက်ဆိုချက်တွေ အရ ဖခင်ဦးမင်းလွင်ကို အမှုအနိုင်ရစေခဲ့ပါတယ်။”

လို့ ပြည်မြို့ခံတွေက ပြောခဲ့ပါတယ်။

၎င်းဖြစ်စဉ်က ဦးဝီရသူထံ ရောက်သွားပြီးတဲ့နောက်မှာတော့ ဘာသာရေးကို အကြောင်းပြုပြီး အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာအောင် အွန်လိုင်းမှာ ၀ါဒဖြန့်လှုံ့ဆော်မှုတွေ သူစတင်ပြီး လုပ်ဆောင်ပါတော့တယ်။

“ကျွန်တော်တို့ ပြည်မြို့က လူအများစုကလည်း ဒီအကြောင်းအရာ အဖြစ်အပျက်တွေကို သိနေကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပြည်မြို့ခံတွေအနေနဲ့ အကြမ်းဖက်မှုကို မဖြစ်ပွားစေဖို့အတွက် ဘာသာ လူမျိုးစုံ လက်တွဲဆောင်ရွက်နေကြပါတယ်။ အကြမ်းဖက်မှုတွေကို နားမယောင်ကြစေဖို့လည်း လက်လှမ်းမီသလောက် တိုက်တွန်းမှုတွေ လုပ်ပါတယ်။ အခုဆို သီတင်းကျွတ်ပွဲတော် အလှူခံရာမှာ ဘာသာပေါင်းစုံက ပါဝင်ပြီး ဆောင်ရွက်နေကြတယ်။ ဒီလို အေးချမ်းနေတဲ့ပြည်မြို့ကို အခုလို မီးလောင်တိုက်သွင်းဖို့ ကြိုးစားနေတာ ကျွန်တော်တို့တော့ လက်မခံဘူး”လို့ ဘာသာပေါင်းစုံငြိမ်းချမ်းရေး လုပ်ဆောင်နေသူတစ်ဦးကလည်း ဆိုပါတယ်။

ပြည်မြို့တွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးကလည်း သူမရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ မနေ့က အခုလို ရေးသားထားတာကို တွေ့ရပါတယ်။

“ဒေါင်းမင်းမိသားစုရဲ့ အမှု့ကို ဒီနေ့ အမိန့်ချမယ်လို့ မဘသ ပေ့ဂ်ျတွေမှာ ရေးထားတာတွေ့ရတယ်။ ဒါကို လူတွေက သို့လော သို့လောနဲ့ စုရုံးပီး ရုတ်ရုတ်သည်းသည်း မဖြစ်ဖို့ပဲ လိုတယ်။ တကယ်တော့ ဒါကသာမန် မိသားစုပြသနာ တခုပါပဲ။ တရားရုံးကတော့ သူ့ လုပ်ရိုးလုပ်နည်းအတိုင်း စီရင်ချက်ချပီးသွားပါပီ။ ကလေးရဲ့ ဆန္ဒအတိုင်း ဖခင်နဲ့ပဲနေခွင့်ပေးလိုက်ပါတယ်။

ဒါပေမယ့် ဒါကိုမကျေနပ်တဲ့ ပြသနာ အတိမ်အနက်ကို ဘာမှ ရေရေရာရာ မသိတဲ့ သူတွေကြောင့် ပြသနာမီးပွားစမှာ စိုးရိမ်နေကြပါတယ်။

စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါပဲ။ ဦးဝီရသူ မွှေးသမျှမီးတွေဟာ မလောင်ဘူးဆိုတာမှ မရှိခဲ့တာပဲလေ။ ၁၈+ တွေပဲ တင်လေ့ရှိတဲ့ ဘုန်းကြီးပေ့ဂ်ျက လှုံ့ဆော်မှု့တွေကို နားယောင်ပြီး မျက်ကန်းမျိုးချစ်တွေရဲ့ အသိဥာဏ်မဲ့ လုပ်ရပ်တွေနဲ့ ပြည်မြို့ကို အကျည်းတန်စေမှာကိုတော့ ပြည်မြို့သူမြို့သားတွေနဲ့ ထပ်တူစိုးရိမ်မိပါတယ်။ လင်မယားနှစ်ယောက် စိတ်သဘောထား မတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြပီး ဖြစ်လာတဲ့ နောက်ဆက်တွဲပြသနာကို ဘာမဆိုင် ညာမဆိုင် ဘုန်းကြီးက အမှု့စစ်တယ်ဆိုတာ ကတော့ ရာဇဝင်ရိုင်းလွန်းပါတယ်။

ကျမတယောက်ထဲရဲ့ အမြင်သုံးသပ်ချက်ကို ပြောရမယ်ဆိုရင်တော့ ဥပဒေဘောင်အတွင်းကနေ တရားရေးအရ အမှု့စီရင်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးရဲ့ ဆုံးဖြတ်ချက်က လွဲလို့ တရားရေးအကြောင်း ဥပဒေအကြောင်းေ-ာက်မှန်း ကန်းမှန်း နားမလည်တဲ့  ဝါဒမှိုင်းတိုက်မှု့တွေနဲ့ လူ့အသက်ပေါင်းများစွာကို သတ်ခဲ့တဲ့ အပြစ်မယ့်လူပေါင်း များစွာရဲ့ ဘဝတွေကို ရိုက်ချိုးဖျက်စီးခဲ့တဲ့  သင်္ကန်းအရေခြုံ လူသတ်သမားခေါင်းဆောင်ရဲ့  ဆုံးဖြတ်ချက် စီရင်ချက်ဆိုတာတွေကို လုံးဝကန့်ကွက်ပါတယ်။ ရှုံ့ချပါတယ်။ သူ့မှာ ဆုံးဖြတ်ခွင့် မရှိသလို စီရင်ခွင့်လည်းမရှိပါဘူး။

ဒီလို ဝါဒမှိုင်းတိုက်မှု့တွေနဲ့ ပြသနာမီးစများစွာကို မွှေးနေသူ သင်္ကန်းအရေခြုံ အာဏာရှင်လက်ကိုင်ဒုတ် ဦးဝီရသူအား ပြတ်ပြတ်သားသား ကန့်ကွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ အသိဥာဏ်တွေ အမှောင်ချပီး အသုံးချခံနေရသူများအားလုံး စစ်မှန်တဲ့ အလင်းရောင်အောက်မှာ အမှန်တရားကို မြင်နိုင် ခံစားနိုင်ကြပါစေ…။ ပြည်မြို့နှင့်အတူ မြန်မာပြည် တပြည်လုံး ငြိမ်းချမ်းပါစေရှင်…။”

ပြည်မြို့က မြို့ခံတစ်ဦးရဲ့ ရင့်ဖွင့်ရေးသားချက်ပါ။

ယခုအခါ အေးဆေးတည်ငြိမ်နေသည့် ပြည်မြို့မှာ မည်သည့်အကြမ်းဖက် လှုံ့ဆော်မှုကိုမှ မြို့ခံများက မလိုလားသလို အကြမ်းဖက်မှုလှုံ့ဆော်ဖန်တီးမှုများကိုလည်း နားမယောင်ပဲ ငြိမ်းချမ်းမှုကိုပဲ ဦးတည်စေလိုကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၂-ခု ဇွန်လဆန်းက စတင်ပြီး အမုန်းတရားများ စတင်ဖြန့်ဖြူးရာမှ ဘာသာရေး အသွင်ဆောင်သည့် အစ္စလာမ်ဘာသာဝင်များအပေါ် အကြမ်းဖက်မှုများ လုပ်ဆောင်လာခဲ့ရာ ယခု ၂၀၁၄-ခု အောက်တိုဘာ လရောက်သည့်တိုင် အဆိုပါ လုပ်ရပ်များမှာ ရပ်တန့်သွားခြင်း မရှိဘဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

မတူညီတဲ့ ဘာသာဝင်များ အချင်းချင်း မုန်းတီးမှုများ ဖြစ်ပွားစေမည့် ရေးသားလှုံဆော်မှုများကို ဦးဝီရသူ ဦးဆောင်တဲ့ ၉၆၉(မ.ဘ.သ)အဖွဲ့ အမည်ဖြင့် ဆိုရှယ်မီဒီယာတွင် အကောင့်ပေါင်းများစွာနှင့် နေ့စဉ် လှုံဆော် ရေးသား လုပ်ဆောင်နေမှုများကို သက်ဆိုင်ရာ အာဏာပိုင်များမှာ အရေးယူမှု တစုံတရာ မပြုလုပ်သေးတာကိုလည်း တွေ့ရှိရပါတယ်။

ဦးဝီရသူနှင့် မ.ဘ.သ အကောင့်များဖြင့် လှုံဆော်ရေးသားထားမှုများ
http://www.virathu.com/2014/09/blog-post_46.html
https://www.facebook.com/permalink.php?story_fbid=273022642908151&id=222883264588756

Tags: ,

Leave a Reply