5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁ ၊ ၂၀၁၄
M-Media
30-11-14_Rehabilitation-Wins-Danish-Muslim-Youth-Back
– နိုင်ငံရပ်ခြားရှိ စစ်သွေးကြွ အဖွဲ့များနှင့် သွားရောက် ပူးပေါင်းသူများ မြင့်တက်လာခြင်းကို တွန်းလှန်ရန် အစီအစဉ် တစ်ခုအဖြစ် ဒိန်းမတ်အာဏာပိုင်များမှာ ဆီးရီးယားမှ ပြန်ရောက်လာသည့် မွတ်စလင်လူငယ်များကို ပြန်လည် ထူထောင်ရေး အတွက် အစီအစဉ်တစ်ခုကို ဆောင်ရွက်နေပြီး ထိုအစီအစဉ်ကြောင့် လူငယ်များမှာ ဒိန်းမတ်လူ့အဖွဲ့အစည်းအတွင်း ပြန်လည် ပါဝင်လာနိုင်ကာ ချီးကျူးမှုများလည်း ရရှိနေသည်။

`ကျွန်တော် ဒီကလူတွေကို မသတ်ချင်ပါဘူး။ ရက်စက်ကြမ်းကြုတ်သူဖြစ်တဲ့ အာဆတ်ရဲ့ ဗုံးကြဲ သတ်ဖြတ်မှုကို ခံနေရတဲ့သူတွေကို ကူညီဖို့ ကျွန်တော်ဟာ ဆီးရီးယားကိုသွားတာပါ။ တကယ်လို့ ကျွန်တော်ဒီကိုပြန်လာတဲ့ အခါ သူတို့(ဒိန်းမတ်အာဏာပိုင်တွေ)က ကျွန်တော့်ကို ထောင်ထဲထည့်မယ်၊ ရန်သူတစ်ယောက်ကို ဆက်ဆံမယ်ဆိုရင်တော့ လက်တုံ့ပြန်တဲ့အနေနဲ့ ကျွန်တော် တစ်ခုခုလုပ်မိမှာပါ။ ဒါမျိုးဟာ ဗြိတိန်မှာဖြစ်နေတာပါ။ (အစိုးရကိုယ်တိုင်) ရန်သူတွေကို ဖန်တီးနေတာဖြစ်ပြီး ဒါကို သူတို့ နားလည်ရပါမယ်´ ဟု ဆီးရီးယားမှ ပြန်လာသော ဒိန်းမတ် မွတ်စလင်လူငယ် မဟ်ဒီက The Independent သတင်းစာသို့ နိုဝင်ဘာ ၃၀ ရက်နေ့က ပြောကြားခဲ့သည်။

အသက် ၂၅ နှစ်အရွယ် ဆောက်လုပ်ရေးလုပ်သား မဟ်ဒီမှာ ဒိန်းမတ်အစိုးရမှ ပြုလုပ်သည့် ပြန်လည်ထူထောင်ရေး အစီအစဉ်အသစ်နှင့်ပတ်သက်၍ ၎င်း၏အမြင်ကို ကိုပေဟေဂင်မြို့ရှိ ကော်ဖီဆိုင်တစ်ခု၌ The Independent သတင်းစာသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစီအစဉ်သစ်အရ ဆီးရီးယားမှပြန်လာသော မွတ်စလင်လူငယ်များ ရာဇ၀တ်မှု ကျူးလွန်ခဲ့ခြင်း ရှိ၊ မရှိကို ဒိန်းမတ်ရဲတပ်ဖွဲ့က စောင့်ကြည့်သွားမည်ဖြစ်ပြီး၊ ၎င်းတို့အတွက် အကြံအဥာဏ်ပေးမှုများ၊ ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးမှုမျာကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။အဆိုပါ ပြန်လည်ထူထောင်ရေး အစီအစဉ်ကို ဒိန်းမတ်မွတ်စလင် လူငယ်များက ချီးကျူးခဲ့ကြပြီး ဆီးရီးယားမှ ပြန်လာသောသူများအား အကြမ်းဖက်ခေါင်းစဉ်တပ်ကာ တရားစွဲဆိုသည့် အခြားသော ဥရောပ နိုင်ငံများကိုလည်း ဝေဖန်ပြစ်တင်ခဲ့ကြသည်။

`အဲဒီမှာ ကျွန်တော်တွေ့ခဲ့တဲ့ နိုင်ငံခြားသားအများစုဟာ အာဆတ်အစိုးရကို ဆန့်ကျင်တဲ့တိုက်ပွဲမှာ ကျွန်တော့်လို ပါဝင်ကြတဲ့သူတွေပါပဲ။ သူတို့ထဲကအချို့ဟာ သူတို့ရဲ့ အုပ်စုအချင်းချင်း ပြန်လည် တိုက်ခိုက်မှုမှာ ပါဝင်နေကြပါတယ်။ သေချာတာကတော့ သူတို့ထဲကအချို့ဟာ ဥရောပ၊ အမေရိကတို့မှာ တိုက်ခိုက်ဖို့နဲ့ပတ်သက်ပြီး ဗီဒီယိုတွေ ရိုက်ကြပါတယ်။ ဒါပေမယ့် အများစုဟာ ကြွားလုံးထုတ်ကြတာပါ။ ပြီးတော့ ဒီလိုလုပ်ရပ်မျိုးမှာ မပါဝင်တဲ့ အင်္ဂလန်ကလူတွေရဲ့ အိမ်တွေဟာ ၀င်စီးခံရပါတယ်။ (ဆီးရီးယားကိုလာရောက်ပြီး အာဆတ်အစိုးရကို တိုက်ခိုက်တဲ့) အင်္ဂလိပ်မွတ်စလင်တွေဟာ ISIL ကို ဆန့်ကျင်တယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် သူတို့ အိမ်ပြန်ရင် စစ်ဆေးမေးမြန်းမှုကို ခံရပြီး ဒါက သူတို့ကို ဒေါသထွက်စေပါတယ်´ ဟု မဟ်ဒီက ပြောကြားခဲ့သည်။

မဟ်ဒီမှာ မြောက်အာဖရိကနွယ်ဖွားတစ်ဦးဖြစ်ပြီး အာဆတ်အစိုးရတပ်များကို တိုက်ခိုက်ရန်အတွက် ဆီးရီးယားသို့ လွန်ခဲ့သည့်နှစ်က သွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူပုန်အဖွဲ့များအတွင်း အချင်းချင်းတိုက်ခိုက်မှုများကို မြင်လာခဲ့သည့် မဟ်ဒီမှာ ဆီးရီးယားသို့ ရောက်ပြီး ၉ လအကြာတွင် ပြန်လာရန် ဆုံးဖြတ်ခဲ့သည်။

၎င်း၏ ပြောပြချက်အရ ၎င်းမှာ အလ်ကိုင်းဒါးလက်အောက်ခံဖြစ်သည့် Jabhat al-Nusra အဖွဲ့မှ ထိန်းချုပ်ထားသော ဒေသအတွင်းရှိ ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ရုံကို ပြင်ဆင်ရန် တာဝန်ယူရသူဖြစ်သည်ဟု ဆိုသည်။

al-Nusra အဖွဲ့မှာ ISIL အား ဆန့်ကျင်တိုက်ခိုက်နေသော်လည်း အမေရိကန်မှာ ၎င်းတို့နှစ်ဖွဲ့စလုံးအား ဗုံးကြဲနေကာ ထိုနှစ်ဖွဲ့ကို ပူးပေါင်းအောင် ဆောင်ရွက်နေသည်ဟု မဟ်ဒီက ဆိုသည်။

အောင်မြင်မှု

ဒိန်းမတ်အစိုးရက ချမှတ်ခဲ့သော ပြန်လည်ထူထောင်ရေး ပေါ်လစီအသစ်ကြောင့် ဆီးရီးယားသို့ မွတ်စလင်လူငယ်များ သွားရောက်မှုကို လျှော့ချနိုင်ခဲ့သည်။

`ဒီပေါ်လစီစတင်တဲ့ ဇန်န၀ါရီလကတည်းက ဆီးရီးယားကိုသွားတဲ့သူတွေ ရပ်တန့်သွားပါတယ်။ သူတို့မှာ တာဝန်တွေရှိတယ်ဆိုတာကိုလည်း ဗလီဝတ်ကျောင်းတော်ရဲ့ ခေါင်းဆောင်တွေက လက်ခံကြပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်တဲ့သူတွေကို ကျွန်တော်တို့ဟာ သူတို့ရဲ့ အယူဝါဒကို စွန့်လွှတ်ဖို့ ဒါမှမဟုတ် သူတို့ရဲ့ ဘာသာရေးနဲ့ နိုင်ငံရေး အယူအဆတွေကို စွန့်လွှတ်ဖို့ ပြောတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဒီမိုကရေစီစနစ်မှာနေတာပါ။ (လွတ်လပ်တဲ့အမြင်တွေရှိလို့ ရပါတယ်) ကျွန်တော်တို့ သူတို့ကို တောင်းဆိုတဲ့အရာကတော့ အကြမ်းဖက်တဲ့နည်းလမ်းတွေနဲ့ မလုပ်ဖို့ပါပဲ။ ဒါဟာ လိုအပ်ချက်ပါ´ ဟု အဆိုပါ ပြန်လည်ထူထောင်ရေးပေါ်လစီကို စတင်ပုံဖော်ခဲ့သူများထဲမှ တစ်ဦးဖြစ်သူ ပရော်ဖက်ဆာ ပရီဘန် ဘာတဲလ်ဆန်က ပြောကြားခဲ့သည်။

ဒိန်းမတ်ရှိ နိုင်ငံရေးသမားအချို့ကမူ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် အခြားလူ့အဖွဲ့အစည်းများ၏ ဆက်ဆံရေးမှာ လုံးဝပျက်ဆီးသွားပြီဟု ပြေကြားခဲ့သော်လည်း ဘာတဲလ်ဆန်က ထိုပြောဆိုမှုများ ငြင်းဆိုခဲ့ပြီး နိုင်ငံရပ်ခြားရှိ တိုက်ခိုက်ရေးအဖွဲ့များနှင့် သွားရောက်ပူးပေါင်းသူများမှာ ၎င်းတို့ နေထိုင်ရာနိုင်ငံက ၎င်းတို့အား မလိုချင်ဟု ခံစားရပြီးနောက် နိုင်ငံရပ်ခြားသို့ သွားရောက် အဖြေရှာခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

`ဒီလူ့အဖွဲ့အစည်းမှာလည်း သူတို့အတွက် အနာဂတ်ရှိတယ်ဆိုတာ မြင်လာအောင် ကူညီဖို့ ကျွန်တော်တို့က ရည်ရွယ်တာပါ´ ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံရပ်ခြား စစ်ပွဲများမှ ပြန်လာသူများအား မာကြောစွာ ဆက်ဆံမှုများမှာ ဆန့်ကျင်ဘက်ရလဒ် ထွက်ပေါ်လာနိုင်သည်ဆိုသော သတိပေးချက်ကို မဟ်ဒီကလည်း သဘောတူခဲ့သည်။

`ကျွန်တော်တော်အလုပ်ရနေပြီး အခြေကျချင်ပါတယ်။ ကျွန်တော်ဟာ မွတ်စလင်ကောင်းတစ်ယောက် ဖြစ်ချင်ပါတယ်။ ဒါပေမယ့် ဒီဆန္ဒဟာ ဒီလူ့အဖွဲ့အစည်း ဒါမှမဟုတ် အခြားသော ဥရောပလူ့အဖွဲ့အစည်းကို ဆန့်ကျင်မယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆီးရီးယားက ပြန်လာတဲ့လူငယ်တွေကို နားလည်မှုနဲ့ ဆက်ဆံတဲ့နိုင်ငံတွေဟာ ငြိမ်းချမ်းမှုရမှာပါ။ အဲဒီလို ဆန္ဒမရှိဘူးဆိုရင်တော့ အနာဂတ်မှာ အန္တရာယ်တွေ တွေ့ရမှာပါ´

OnIslam & Newspapers

Tags:

Leave a Reply