11 months ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၃ ၊ ၂၀၁၄
M-Media
452922_heroa
– BBC မှ ပေးအပ်ချီးမြှင့်သော အာဖရိက တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုအား ပေါ်တိုအသင်း၏ အလ်ဂျီးရီးယား တိုက်စစ်မှူး ဘရာဟီမီက ဆွတ်ခူး ရရှိခဲ့သည်ဟု သိရသည်။

နိုင်ငံသမိုင်း တစ်လျှောက် ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ဖလား ၁၆ သင်း အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အလ်ဂျီးရီးယား အသင်းတွင် ခြေစွမ်းပြခဲ့သော ဘရာဟီမီမှာ ထိုဆုအတွက် နိုက်ဂျီးရီးယားမှ ဗင်းဆင့် အန်ယီယာမာ၊ ဂါဘွန်မှ အီမီရစ်က် အူဘိန်ယန်၊ ယမန်နှစ်ဆုရှင် ယာယာတိုးယေးနှင့် ရိုးမားမှ ဂါဗင်ဟိုတို့နှင့်အတူ ယှဉ်ပြိုင် ခဲ့ရခြင်းဖြစ်သည်။

`ဒီဆုကို ရရှိခဲ့တာဟာ ကျွန်တော့်အတွက်တော့ အလွန်ဂုဏ်ယူစရာပါပဲ။ ဒီဆုကို အလ်ဂျီးရီးယားနဲ့ အခြားသော အာဖရိကနိုင်ငံအားလုံးအတွက်လို့ ကျွန်တော် သတ်မှတ်ချင်ပါတယ်။ ၂၀၁၄ ဟာ ကျွန်တော့် အတွက် ကောင်းမွန်တဲ့ နှစ်တစ်နှစ်ဖြစ်ပြီး အခု ကျွန်တော်ဟာ ပေါ်တိုအသင်းအတွက် ဖလားတွေရရှိအောင် ကြိုးစားသွားမှာပါ´ ဟု ဆုရရှိမှုနှင့် ပတ်သက်၍ ဘရာဟီမီ၏ ပြောကြားမှုကို ပေါ်တိုအသင်း ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

လာလီဂါကလပ် ဂရာနာဒါ အသင်းတွင် ကစားနေသည့် ဘရာဟီမီမှာ ယခုနှစ် အတွင်း ပေါ်တိုသို့ ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲစဉ်တွင် သွင်းယူခဲ့သော ဟက်ထရစ် အပါအ၀င် ပေါ်တို အသင်း အတွက် ၁၅ ပွဲကစားထားပြီး ၆ ဂိုး သွင်းယူပေးထားနိုင်သည်။

ဘရာဟီမှာ အဆိုပါ ဆုကိုရရှိသည့် ပထမဆုံး အလ်ယ်ဂျီးရီးယား ကစားသမားဖြစ်ပြီး ပြီးခဲ့သည့်လကလည်း ၂၀၁၃-၁၄ ဘောလုံးရာသီ စပိန်ရှိ အကောင်းဆုံး အာဖရိကဘောလုံးဆုကိုလည်း ရရှိခဲ့သည်။

Tags:

Leave a Reply