5 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
6 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
6 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
6 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
6 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
6 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
6 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
6 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဇန်န၀ါရီ ၂၅၊ ၂၀၁၅
M-Media

frna

– ဒီမိုကရေစီတန်ဖိုးများအား ထိန်းသိမ်းရန်နှင့် ဘာသာတရားများကို လေးစားမှုရှိသည့် စိတ်ဓာတ်များ ပိုမိုရည်သန်လာစေရန် ရည်ရွယ်၍ ပြင်သစ်ရှိ စာသင်ကျောင်းများတွင် ဘာသာတရားများဆိုင်ရာ သင်ကြားချက်များကို ထပ်မံဖြည့်စွက်မည်ဟု သိရသည်။

စာသင်ကျောင်းများမှာ လူ့အဖွဲ့အစည်းများအကြား သည်းမခံမှုနှင့် အမုန်းတရားများ ပြန့်ပွားမှုကို တွန်းလှန်ရန် အရေးပါသော နေရာဖြစ်သည့်အတွက်ကြောင့် ထိုအစီအစဉ်အား ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြင်သစ်ပညာရေးဝန်ကြီး နာဂျက် ဗာလူ-ဘဲလ်ကာစမ်က The Independent သတင်းစာသို့ ပြောကြားခဲ့သည်။

ထိုအစီအစဉ်အသစ်ရ အသက် ၆ နှစ်မှ ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများမှာ ဘာသာရေးနှင့် နိုင်ငံများ၏ အရေးပါသော ကွဲပြားမှုများအပါဝင် လူ့အဖွဲ့အစည်းများ၏ တန်ဖိုးများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သင်ကြားရမည်ဖြစ်သည်။

ထို့ပြင် ဒီမိုကရေစီ၏ အရေးကြီးပုံအကြောင်းကို သင်ယူရမည့်အပြင် ဘာသာတရားများ၏ စည်းမျဉ်းစည်းကမ်းများအကြား တူညီမှုများနှင့် ကွဲပြားမှုများအကြောင်းကိုလည်း စာသင်ကျောင်းများတွင် ပထမဆုံးအကြိမ်အဖြစ် သင်ကြားပို့ချတော့မည်ဖြစ်သည်။

သတင်းများစုဆောင်းခြင်း၊ ၀ါဒဖြန့်ခြင်းနှင့် ပူးပေါင်းကြံစသည့် သီအိုရီများအကြား မတူညီမှုများအကြောင်း သင်ကြားပေးရန်လည်း ပါဝင်ပြီး၊ အစီအစဉ်အသစ်အရ ကျောင်းတိုင်းတွင် ကိုယ်ပိုင်သတင်းစာ၊ ရေဒီယိုအသံလွှင့်ရုံ သို့မဟုတ် သတင်းဝဘ်ဆိုက်တစ်ခု
ထားရှိရန်လည်း ပါဝင်သည်။

ယူရို သန်း ၂၅၀ ကုန်ကျမည့် အဆိုပါအစီအစဉ်တွင် လာမည့်စက်တင်ဘာလမှစ၍ ကျောင်းသားများနှင့် မိဘများမှာ `လောကီရေး ပဋိညာဉ်´ တွင် လက်မှတ်ရေးထိုးရမည့် အစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။

၂၀၁၃ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အဆိုပါ ပဋိညာဉ်တွင် ကျောင်းသားများအနေဖြင့် လူမျိုးရေးနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားသောအပြုအမူများ၊ အခြားသောအယူဝါဒများနှင့် ဒီမိုကရေစီ၏ လက္ခဏာရပ်များကို မလေးမစားပြုမှုများကို တားမြစ်ထားသည်။

ထို့ပြင် ပြင်သစ်နိုင်ငံမှာ ဘာသာရေးနှင့် နိုင်ငံရေးကို ခွဲခြားထားသည့်နိုင်ငံဖြစ်ကြောင်း အမှတ်ရစေရန်အတွက် ဒီဇင်ဘာ ၉ ရက်နေ့အား လောကီရေးရာနေ့အဖြစ်သတ်မှတ်၍ အခမ်းအနားများကျင်းပခြင်း၊ စာသင်ကျောင်းများတွင် နိုင်ငံတော်အလံလွှင့်ထူ၍
နိုင်ငံတော်သီချင်းသီဆိုမှုကို ပုံမှန်ပြုလုပ်ခြင်းတို့လည်း အဆိုပါ အစီအစဉ်သစ်တွင် ပါဝင်မည်ဖြစ်သည်။

စာသင်ကျောင်းများတွင် ထပ်တိုးသွားမည့် ဆောင်ရွက်ချက်အသစ်များအတွက် ဆရာ၊ ဆရာမ ၁၀၀၀ ကျော်ကိုလည်း ယခုပညာသင်နှစ်ကုန်တွင် သင်တန်းများ ပေးသွားမည်ဖြစ်သည်။

ပညာရေးဝန်ကြီး ဘဲလ်ကာစမ်၏ အဆိုပါဆောင်ရွက်ချက်အတွက် ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးက ချီးကျူးခဲ့သည်။ မော်ရိုကိုနွယ်ဖွား ဘဲလ်ကာစမ်မှာ ပြင်သစ်ပညာရေးဝန်ကြီးဌာန သမိုင်းတွင် ပထမဆုံး မွတ်စလင်ဝန်ကြီးလည်းဖြစ်သည်။

Ref: onislam

Tags:

Leave a Reply