1 year ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
1 year ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
1 year ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
2 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
2 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
2 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
2 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
2 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
2 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
2 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဖေဖော်ဝါရီ ၃ ၊ ၂၀၁၅
M-Media
မိုးဝေ ဆီလျော်အောင် ပြန်ဆိုတင်ဆက်သည်။

Yangon Circular Railway

– ရန်ကုန်မြို့တော်တစ်ဝိုက် ပတ်၍ ဖောက်လုပ်ထားသော အရှည် ၂၈.၅ မိုင်ရှိ မြို့ပတ် ရထားလမ်းမှာ ဆူဆူညံညံ အသံများ ထွက်ပေါ်နေသည်။ ဒညင်းကုန်း ဘူတာသို့ သွားရာလမ်း တစ်လျှောက် ရန်ကုန်မြို့ လမ်းမများနှင့် လူဦးရေများသော မြို့ပြပတ်ဝန်းကျင်တွင်  ကွက်တိကွက်ကြား ရောင်းချနေကြသော ပျံကျဈေးသည်များအတွက် ဟင်းသီး ဟင်းရွက်များ ထောက်ပံ့ပေးနေကြသော လယ်သမားများဖြင့် ပျားပန်းခတ်မျှ ရှိနေကြသည်။ ထို့နောက် မောပမ်းနွမ်းနယ်သည့်အသံဖြင့် ခုတ်မောင်းနေသော ရထားကြီးက စပါးခင်းများ၊ ယိုင်နဲ့နဲ့ ဓနိမိုးအိမ်များ၊ နုန်းမြေလမ်းများ၊ နွားဖြင့်ဆွဲသော လယ်မြေများဆီသို့ ခေါ်ဆောင်သွားလေသည်။

ထိုခရီးကိုကြည့်လျှင် ရန်ကုန်မြို့မှာ သေးကွေးပြီး ခေတ်နောက်ပြန်သွားနေသည့် သဘောကိုတွေ့ရမည်။ တကယ်တော့ ထိုသို့မဟုတ် တိုးတက်ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ ၁၉၈၃ ခုနှစ်မှစ၍ မြို့၏ လူဦးရေမှာ ၃ ဆတိုးလာပြီး ၇.၄ သန်းအထိ ရောက်လာခဲ့သည်။ ၂၀၁၁ ခုနှစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုပြီးကတည်းက ရန်ကုန်မြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း အများအပြားဝင်ရောက်လာသည်ဟု ဆိုကြသည်။ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၂၀၁၀ ခုနှစ်က ကန်ဒေါ်လာ သန်း ၉၀၀ ကျော်ရှိရာမှ ယခုဘဏ္ဍာရေးနှစ်တွင်တော့ ၅ ဘီလီယံကျော်လာခဲ့သည်။ စပါးခင်းများက ကုန်ထုတ်လုပ်ရာနေရာများ ဖြစ်သွားကြပြီး၊ မြေလွတ်မြေရိုင်းများကလည်း မကြာခင်မီ ထိုကဲ့သို့ဖြစ်လာတော့မည်။

မြို့လယ်ကောင်တွင်တော့ ဆိုက်ကားများ၏ ဘဲလ်သံနေရာတွင် ဟွန်းသံများက အစားထိုးသွားခဲ့ပေပြီ။ အရက်ဘားများနှင့် စားသောက်ဆိုင်များက မူလအတိုင်း ထိန်းသိမ်းထားသော ကိုလိုနီခေတ်အဆောက်အဦးများနှင့် အခြားဆွဲဆောင်မှု ရှိသော နေရာများတွင် ပေါ်ပေါက်လာကြသည်။ တစ်ချို့ဆိုလျှင် လှေကားခွင်လေးမှာ ဆိုင်ဖွင့်ကြသည်။ အချို့က ချောကလက်ရောင် မြစ်ကမ်း နဘေးရှိ ဂိုထောင်များတွင် ဖွင့်ကြသည်။ လဟာပြင်မီးဖိုဖြင့် မုန့်ဟင်းခါးချက်စားတတ်ကြသော မိသားစုများရှိပြီး၊ ၅၀ ကျပ်တန် စီးကရက်ကိုလည်း လမ်းဘေးဆိုင် သေးသေးလေးများက တစ်လိပ်ချင်းစီ ရောင်းကြသည်။ သို့သော်လည်း ရန်ကုန်ရှိ အခန်းငှားခနှုန်းကတော့ အာရှတွင် ဈေးအကြီးဆုံးဖြစ်သည်။ ရန်ကုန်မြို့၏ မိုးကုပ်စက်ဝိုင်းတွင် ရွှေတိဂုံစေတီတော်မှ ထွက်သော မီးရောင်များဖြင့် တောက်ပနေသည်။ မိုးမျှော် အဆောက်အဦးများ ဆောက်လုပ်ရာတွင် အသုံးပြုနေသည့် ကရိန်းကြီးများကို သံချေးတက်နေသော တိုက်ခေါင်မိုးများ၏အပေါ်၌ ထီးထီးကြီးတွေ့မြင်ရလေသည်။

တစ်ချို့တွေက ဆုံးရှုံးမှာကိုကြောက်နေကြသည်။ ရန်ကုန်အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ YHT ကို ထူထောင်သူ ဦးသန်းမြင့်ဦးက ရန်ကုန်မြို့မှာ မည်ကဲ့သို့သောမြို့ ဖြစ်သင့်သည်ဆိုခြင်းအတွက် မြို့နေပြည်သူများက ဆွေးနွေးတိုင်ပင်သင့်သည်ဟု ပြောခဲ့သည်။

`လူဦးရေသိပ်သည်းတဲ့မြို့ပုံစံလား။ ကျယ်ပြန့်တဲ့မြို့လား။ ဘယ်လိုအရွယ်အစားမျိုးက ပိုကောင်းမလဲ။ ဒါတွေက အတတ်ပညာနဲ့ဆိုင်တဲ့ မေးခွန်းတွေ မဟုတ်ပါဘူး။ ဒါဟာ မြို့ကို ကျွန်တော်တို့ ဘယ်လိုပုံစံမျိုး လိုချင်တယ်ဆိုတာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေပါပဲ´ ဟု ၎င်းကဆိုသည်။

၎င်းတို့အုပ်စုမှာ ရန်ကုန်မြို့လည်ခေါင် စကွဲယားမိုင် ၁ မိုင်အတွင်းရှိ ရှေးဟောင်းအဆောက်အဦးပေါင်း တစ်ထောင်ကျော်အား ထိန်းသိမ်းခြင်းအလုပ်ကို ဦးဆောင် လုပ်ကိုင်နေသည့် အဖွဲ့ဖြစ်သည်။ ထိုအဆောက်အဦး တစ်ထောင်ကျော်တွင် ခရစ်ယာန်ဘုရားကျောင်း၊ ဗလီဝတ်ကျောင်း၊ ဟိန္ဒူဘုရားကျောင်း၊ စေတီပုထိုးနှင့် ဂျူးဘုရားကျောင်းတစ်ခုအပါအ၀င် ၀တ်ပြုရာ အဆောက်အဦးပေါင်း ၁၄၀ ကျော်ရှိနေသည်။

အဆောက်အဦးအတော်များများမှာ ပိုင်ဆိုင်မှုအတွက် ရှုပ်ထွေးမှုများရှိနေသည်။ နှစ်ပေါင်းများစွာ နေထိုင်လာသူများက တိုက်ခန်းများအား ပိုင်သော်လည်း အဆောက်အဦးနှင့် မြေနေရာက အခြားသူများ၏ အပိုင်ဖြစ်နေသည်။ မြေနေရာပိုင်ဆိုင်မှု၊ ပြန်လည်ရောင်းချမှုများနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ ဥပဒေက ခေတ်မမီတော့၊ တင်းကျပ် သလိုရှိနေပြီး ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတားဖြစ်စေသည်။ သို့သော်လည်း ရန်ကုန်နှင့် နိုင်ငံတစ်ဝှမ်းရှိ မြေဈေးနှုန်းများကတော့ မြင့်တက်နေသည်။ အဘယ့်ကြောင့်ဆိုသော် ဈေးကစားသူများက မတန်တဆဈေးများပေးနေပြီး၊ စတော့ရှယ်ယာဈေးကွက်မရှိခြင်းနှင့် မခိုင်မာသည့် ဘဏ်စနစ်များကြောင့်ဖြစ်လေသည်။ ချမ်းသာသူများအတွက် ငွေသားများ ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံတွင် အခြားသောနေရာအနည်းငယ်လည်း ရှိနေသည်။

အိုမင်းဟောင်းနွမ်းသည့် ရန်ကုန်မြို့တွင် သမိုင်းဝင်အဆောက်အဦးများ ကြွယ်ဝသလောက် ဖွံ့ဖြိုးတိုးတက်မှုအတွက် လုံလောက်သောနေရာမှာ မြို့ဧရိယာ စုစုပေါင်းတွင် အနည်းငယ်သော ရာခိုင်နှုန်းမျှသာရှိသည်။ ဂျပန်အကူအညီပေးရေးအေဂျင်စီ JICA ကမူ လာမည့် ၂၅ နှစ်အတွင်း ရန်ကုန်မြို့ဖွံ့ဖြိုး တိုးတက်ရေးအတွက် `မာစတာပလန်´ တစ်ခုကို ချမှတ်ထားသည်။ ထိုအစီအစဉ်ကို ဝေဖန်သူများလည်း ရှိသည်။ အချို့က ထိုအစီအစဉ်မှာ အခြေခံအဆောက်အဦးများ အတွက် အင်ဂျင်နီယာ သဘောဆန်သည့် အစီအစဉ် အဖြစ် ရှုမြင်ကြပြီး အချို့ကတော့ ဂျပန်လုပ်ငန်းများ ဧရာမအခွင့်အရေးများကို ရရှိမည့်အစီအစဉ်ဟု ဆိုကြသည်။ သို့သော်လည်း မည်သည့်အစီအစဉ်မှ မလုပ်သည်ထက်စာလျှင် မြို့ပြတည်ဆောက်မှုအတွက် အငြင်းပွားဖွယ်ရာ ယခုအစီအစဉ်သည်ပင်လျှင် ပိုကောင်းသည် မဟုတ်ပါလား။

အင်္ဂလန်အရှေ့မြောက်ပိုင်းတွင် ကြီးပြင်းလာသည့် အသက် ၂၅ နှစ်အရွယ် ထက်မြတ်ဦးတစ်ယောက် တက္ကသိုလ်ပြီးနောက် ရန်ကုန်သို့ပြန်လာခဲ့ပြီး အခုအချိန်တွင်တော့ ခေတ်မီသည့် တီးဟောက်စ် Rangoon Tea House တစ်ခုကို ပိုင်ဆိုင်ထားသည်။ ရေရှည် စီမံကိန်းက ရေတိုတွင် ဖြေရှင်းနိုင်သည့်ပြဿနာများကို ဟန့်တား ပိတ်ပင်လိုက်သကဲ့သို့ ဖြစ်သည်ဟု ထက်မြတ်ဦးကထောက်ပြခဲ့သည်။ လူဦးရေသိပ်သည်းမှုကို ဖြေရှင်းရန် အထပ်မြင့်အဆောက်အဦးများဆောက်လုပ်ခြင်းထက် `မီးပွိုင့်များကိုပြင်ပါ´ ဟု သူက စိတ်ပျက်လက်ပျက်ဖြင့်ပြောသည်။ ထိုနည်းတူစွာ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုမှာလည်း ရေရှည်ရင်ဆိုင်နေရသည့် စိန်ခေါ်မှုဖြစ်သည်။

`မြို့တစ်ဝိုက်မှာ အမှိုက်ပုံးအနည်းငယ် ပိုချထားပေးလိုက်တာဟာ ဘယ်သူ့ကိုမှ ထိခိုက်မယ့်ကိစ္စမျိုး မဟုတ်ပါဘူး´ ဟု ထက်မြတ်ဦးက ဆိုသည်။

အနီးအနားရှိ ရေလှောင်ကန်မှ ရေပိုက်ပေါက်သွားခြင်းကြောင့် ၎င်း၏ တီးဟောက်စ်တွင် ၃ ရက်ခန့် ရေမရခဲ့။ သူ၏ ဆိုင်မှာ တစ်နေ့လျှင် ရေလီတာ ၅၀၀ ခန့် အသုံးပြုနေရပြီး ထိုပြဿနာကြောင့် ဆိုင်ပိတ်လိုက်ရမည့် အနေအထား ဖြစ်သွားသည်။

ရန်ကုန်မြို့တစ်ဝှမ်း ရေပေးဝေမှုကလည်း စင်းလုံးချောမဟုတ်။ ပြည်သူအများစုက မိုးရေ၊ ကန်ရေနှင့် ရေတွင်းမှ ရေများကို အားပြုနေရသည်။ ထိုအချင်းအရာကလည်း မြို့၏ မြေအောက်ရေ ထိန်းသိမ်းမှုကို လျော့ကျစေသည်။ ၁၈၈၈ ခုနှစ် မြို့တည်စဉ်ကတည်းက တည်ဆောက်ခဲ့သည့် မိလ္လာလမ်းစနစ်ကိုလည်း အဆင့်မြှင့်တင်ခြင်း မပြုလုပ်ရသေး။ ထိုမိလ္လာစနစ်ကို မြို့လူဦးရေ၏ ၁၀ ပုံတစ်ပုံအောက်သာ အသုံးပြုနိုင်ကြပြီး ကျန်သည့် ပြည်သူများကတော့ မိလ္လာကန်များ၊ ရေလောင်းအိမ်သာများကို အသုံးပြုနေကြရသည်။ ထိုမျှမက လျှပ်စစ်ဓာတ်အားကလည်း စိတ်မချရ။ မီးမပြတ်တော့သော မြို့နယ်များတွင်ပင် မီးအားက မမှန်ဘဲ တက်လိုက်ကျလိုက်ဖြစ်နေ တတ်သည်။ ဟိုတယ်တစ်ခုကိုပိုင်ဆိုင်ပြီး အခြားတစ်ခုထပ်ဖွင့်ရန်ပြင်ဆင်နေသည့် မခင်စန္ဒာဝင်းက ၎င်းတို့၏လုပ်ငန်းမှာ မြို့ငယ်လေးတစ်ခု ဖန်တီးနေရသည်နှင့်တူပြီး အစိုးရက လုပ်ဆောင်ပေးရသည့် အညစ်အကြေးစီမံခန့်ခွဲမှုနှင့် ပုံမှန်ဓာတ်အားထောက်ပံ့မှုကို စီးပွားရေးလုပ်ငန်းရှင်များကိုယ်တိုင် လုပ်ဆောင်ပေးနေရသည်ဟုဆိုသည်။

အိမ်ငှားခကြီးမြင့်ခြင်းက မြို့တွင်း၌ နေထိုင်သူများကို မြို့ပြင် ဆင်ခြေဖုံးသို့ ရောက်ရရှိသွားစေသည်။ ထိုနေရာများတွင် အလုပ်အကိုင်ရလိုရငြား မြို့ပေါ်သို့တက်လာသည့် ကျေးလက်ဒေသမှသူများနှင့် နီးနီးကပ်ကပ် နေရသည်။ သန့်ရှင်းမှုမရှိသည့် ပျံကျရပ်ကွက်များလည်း အစီအရီပေါ်လာသည်။ ထက်မြတ်ဦးတစ်ယောက်ကတော့ ရန်ကုန်မြို့မှာ ဒါကာနှင့် မွမ်ဘိုင်းတို့ကဲ့သို့ လူဦးရေသိပ်သည်းပြီး ညစ်ပတ်ရှုပ်ပွသောမြို့ ဖြစ်လာမည်ကို စိုးရိမ်နေသည်။

ရန်ကုန်မြို့တိုးတက်ရန်အတွက် အန္တရာယ်နောက်တစ်ခုက နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ကျဆုံးသွားခြင်း၊ သို့မဟုတ် ဆိုးရွားသွားခြင်း ပင် ဖြစ်လေသည်။ ထိုသို့ဖြစ်လာလျှင်တော့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ၊ ကူညီထောက်ပံ့မှုများမှာလည်း ခန်းခြောက်၍ သွားပေမည်။ တစ်ခြားတစ်ဖက်တွင် နှစ်ပေါင်း ၅၀ အတွင်း YHT က ၂၁ ရာစုအစောပိုင်း၏ တောက်ပြောင်မြင့်မားသော အဆောက်အဦး အနည်းငယ်ကိုသာ ထိန်းသိမ်းရန် လှုပ်ရှားဆောင်ရွက် ရပေလိ့မ်မည်။

ref: The Economist
မိုးဝေ ဆီလျော်အောင် ပြန်ဆိုတင်ဆက်သည်။

Photo Credit-swerin.com

Tags:

Leave a Reply