4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
5 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
5 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
5 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
5 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ကောင်းဆက်နိုင်

ပြည်သူ့ခေတ် ဂျာနယ်မှ ဆောင်းပါးဖြစ်ပါသည်။

Photo-google

ကျုပ် ဆိုလိုတာက ခင်ဗျားလည်း သေရမှာ၊

ဒီစာကို ဖတ်သူကော၊ မဖတ်တဲ့သူကော၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္နူ ကမ္ဘာပေါ်ရှိသမျှ ကိုးကွယ်မှု ဘာသာပေါင်းစုံ၊ ဘာသာမဲ့တွေကော၊ ရောဂါရှိရှိ မရှိရှိ၊ ဆရာဝန်ဘာပြောပြော မပြောပြော တိရိစ္ဆာန်တွေကအစ သတ္တဝါမှန်ရင် သေရမှာပဲ။ မွေးဖွားလာတာနဲ့ တစ်ချိန်တည်း အားလုံး သေမိန့်ကျပြီပဲ။ ဘယ်လောက်ကြာကြာ နေရမှာပဲဆိုတော့၊ မသေခင်ကလေးနေရတာပဲ။

ကျုပ်တို့က ဘာနဲ့တူလဲဆိုတော့ ကြက်ဆိုင်မှာသေဖို့ စောင့်နေကြရတဲ့ ကြက်ခြင်းထဲက ကြက်တွေနဲ့တူပါတယ်။ အဲဒီ ကြက်တွေအားလုံးဟာ ရှေ့နောက်ပဲကွာတယ်၊ အားလုံးသေဖို့ စောင့်နေရတာပဲလေ။ ဒါပေမယ့် သူတို့သိလားဆိုတော့ မသိကြဘူး။ အချင်းချင်း ညှာတာမှု မရှိဘဲ အစာလုလိုက်ကြ၊ ခွပ်ကြ၊ ဆိတ်ကြ၊ ရန်စောင်ကြနဲ့ပဲ မသေခင် အခိုက်အတန့်မှာ ငြိမ်းငြိမ်းအေးအေး မနေနိုင်ကြဘူး။

 

          အသိဥာဏ် ကင်းမဲ့လိုက်တဲ့ တိရိစ္ဆာန်တွေ။

   အသိဥာဏ် ရှိပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်ကြေးပေးထားတဲ့ လူသားတွေကော၊ ကျုပ်အမြင်မှာတော့ လူဟာ တိရစ္ဆာန်ထက် အသိဥာဏ်ကင်းမဲ့ပြီး သတ္တဝါတွေထဲမှာ ရက်စက် အကြမ်းကြုတ်ဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး သတ္တဝါလို့ပဲ ထင်ပါတယ်။

ကမ္ဘာပေါ်မှာ တိရစ္ဆာန်ချင်း သတ်လို့သေတဲ့ တိရစ္ဆာန်မသာနဲ့ လူလူချင်းသတ်လို့သေတဲ့ လူမသာ ဘယ်ဟာ ပိုများလဲကြည့်ပါ။ တိရစ္ဆာန် အချင်းချင်းသတ်တာကရိုးရိုးပဲ။ သွားရှိရင် ကိုက်မယ်၊ ချိုရှိရင် ဝှေ့မယ်၊ အစွယ်ရှိရင် ပေါက်မယ်၊ ခြေသန်ရင် ခြေနဲ့ ကန်မယ်၊ အမြီးသန်ရင် အမြီးနဲ့ ရိုက်မယ်၊ ဒီလောက်ထက် မပိုဘူး။ လူလူချင်း သတ်တာကျတော့ နည်းတွေ စုံလွန်းလှတယ်။ လက်နက်၊ အဆိပ်၊ ပိုးမွှား၊ ဓာတု၊ အသံလှိုင်း၊ လေဆာရောင်ခြည်၊ အဏုမြူ၊ နုကလီးယား၊ ဟိုက်ဒြိုဂျင်ဗုံး၊ မရေတွက်နိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ လူမျိုးစုချင်း နိုင်ငံချင်း တိုက်ခိုက်ကြ၊ သတ်ဖြတ်ကြ ညှဉ်းပန်းကြနဲ့ တိရစ္ဆာန်ကမှ ငါတို့နွားတွေ ကွဲသွားရင် ကျားဝင်ဆွဲတာ ခံရမယ်ဆိုတာ သဘောပေါက်ကြသေးတယ်။ လူက တိရစ္ဆာန် လောက်တောင် မတွက်ချက်တတ်၊ တိရစ္ဆာန်လောက်တောင် အရိပ်သုံးပါး နားမလည်။

“ဥာဏ်” နဲ့ “သွေး” က ပြောင်းပြန် အချိုးပါပဲ။ ဥာဏ်မရှိရင် သွေးဆူလွယ်တယ်။ ဥာဏ်ရှိရင် သွေးမဆူလွယ်ဘူး။ ရခိုင်ပြည်နယ် ဖြစ်ရပ်မှာလည်း ကိုယ့်နိုင်ငံသားချင်းဆိုရင် ဥာဏ်ရှိရမှာပေါ့။ ဥာဏ်နဲ့ မယှဉ်ရင် နှစ်ဖက်စလုံး နာမယ်၊ ဘဝပျက်မယ်။ ဘယ်လိုဘဝပျက်မှာလဲ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဘဝလေးပျက်သွားမယ်။

“ဂျွန်လင်နွန်ရဲ့သီချင်း”

လူတွေဟာ ကိုယ် ကိုးကွယ်တဲ့ ဘာသာမှ ကိုယ့်ဘာသာဆိုတဲ့ အစွန်းရောက်ကုန်တော့ ကိုယ့်ဘာသာဝင် မဟုတ်သူတွေကို သတ်ကြ ဖြတ်ကြတဲ့ ဘာသာရေး စစ်ပွဲတွေကို Beatles အဖွဲ့က “ဂျွန်လင်နွန်”  က စက်ဆုပ်ခဲ့တာကလား၊ အဲဒါနဲ့ သူ့ရဲ့ Imagine ဆိုတဲ့ ကမ္ဘာကျော် သီချင်း ရေးစပ်ခဲ့တယ်။ အသံကလည်း ကောင်း၊ သံစဉ်ကလည်း လိုက်ဖက် စာသားရဲ့ အဓိပါယ် ကလည်း လေးနက်၊ အတွေးကလည်း ရဲရင့်ဆိုတော့ အဲဒီအချိန်က လူငယ်တွေ အသည်းစွဲပေါ့ဗျာ၊ ကျုပ်လည်းစွဲခဲ့ပေမယ့် အခုတော့ မဟုတ်တော့ပါဘူးလို့ ပြောရတဲ့ အကြောင်းရင်းက သူ့စာသား တချိုကလည်း ကြည့်ပါဦး။ “အကယ်၍ တိုင်းနိုင်ငံတွေသာ မရှိခဲ့ရင် သတ်စရာ မရှိခဲ့ရင် သတ်စရာ သေစရာတွေ ဖြစ်မလာပါဘူး” တဲ့။ “ဘာသာရေးတွေဟာ ပေါ်မလာခဲ့ရင် ဒီစစ်ပွဲတွေလည်း မနွှဲကြရပါဘူး” တဲ့။

နောက်ပြီး နိဗ္ဗာန်ဘုံမရှိ၊ မိုးတိမ်ပဲရှိတာတဲ့၊ အောက်မှာလည်း ငရဲမတွေ့ဘူး၊ မြေကြီးတွေပါတဲ့။ (ဒီသီချင်းကို ထောက်ခံတဲ့အထဲ ကျုပ် မပါတော့ဘူးဆိုတာ အဲဒါပေါ့)

ငယ်စဉ်မှာ ဦးနှောက်က နုနယ်သေးတော့ လွယ်လွယ်တွေးပြီး လွယ်လွယ်ယုံခဲ့မိတာပေါ့။ (ဂျွန်လင်နွန်ရယ်-ငါ့မှာ ကံကောင်းထောက်မလို့ ဘာသာမဲ့ ဖြစ်မသွားခဲ့တာပဲ) အခုနေ ပြန်စဉ်းစားကြည့်တော့မှ ဘယ်ဘာသာမှာပဲဖြစ်ဖြစ် ဘုရားဆိုတာ မေတ္တာထားဖို့ သည်းခံဖို့ စတဲ့ ကောင်းတာပဲ  ညွှန်တာပဲ၊ လူတော့ အသတ်ခိုင်းမှာ မဟုတ်ဘူးလို့ ယုံကြည်ပါတယ်။ တကယ်တော့ စစ်ပွဲတွေနဲ့ သတ်ဖြတ်တာတွေဟာ ဘုရားတွေ ဘာသာရေးတွေနဲ့ မဆိုင်ဘဲ လူတွေရဲ့ အသိဥာဏ် နိမ့်ကျမှုနဲ့ အတ္တများမှုကြောင့် ဖြစ်ရတာပဲ။

စောဒေးဗစ်၊ စောရော်ဘင်၊ ထာကွတ်၊ ဘရသူးရ်၊ မွတ်တား၊ ချွတ်တား

ကျုပ်ဘဝမှာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခင်ဆုံး အပေါင်းအသင်းတွေကတော့ စောဒေးဗစ်နဲ့ စောရော်ဘင် ညီအစ်ကိုက ခရစ်ယာန်၊ ထာကွတ်နဲ့ ဘရသူးရ် ညီအစ်ကိုက ဟိန္ဒူ၊ မွတ်တားနဲ့ ချွတ်တားညီအစ်ကိုက အစ္စလာမ်ဘာသာဝင်ပါပဲ။

စောဒေးဗစ်နဲ့ စောရော်ဘင်က အင်္ဂလိပ်ကပြား၊ အမေက ကရင်ဆရာမကြီး တောင်ကြီးမြို့အထိ သူတို့အစ်မ အရင်းကဗိုလ်ကာတွန်းဇာတ်ကားမှာ ဖိုးပါကြီးနဲ့ တွဲရိုက်ခဲ့တဲ့ မင်းသမီးသစ် ဒက်ဖနီ၊ အဲ သူတို့အိမ်ကို ဒါရိုက်တာ မောင်ဝဏ္ဏလည်း တစ်ခါတစ်ရံ လာလည်တာ ဆုံခဲ့ဖူးပါတယ်။ တောင်ကြီး ကောလိပ်မှာ တက်ရင်း မေဂျာတူတော့ စောရော်ဘင်နဲ့ စခင်သွားတာပါ။ (ကျောင်းအုပ်က တက္ကသိုလ် ဘုန်းနိုင်) ကျုပ်က ပုပု၊ အသားလတ်၊ ပင်နီ စတစ်ကော်လံကို မာစရိုက်လုံချည်နဲ့ အမြဲဝတ်သူ။

စောရော်ဘင်က ကလန်ကလား၊ အမြဲဘောင်းဘီနဲ့ ရှူးဖိနပ်နဲ့ အသားကဖွေးဖွေး။ ဘာတစ်ခုမှ မတူပေမယ့် ညီအစ်ကိုထက်တောင် ပိုချစ်ကြတယ်။ ပိတ်ရက်ဆိုရင် သူတို့ အိမ်မှာပဲ သောက်တယ်၊ စားတယ်။ အိပ်တယ်။ တောင်ကြီးကောလိပ်ကနေ မန္တလေးတက္ကသိုလ် ဆက်တက်ကြရတော့လည်း အတူတူပဲ။ သူစာမေးပွဲကျလို့ အပြင်ဆောင် ငှားနေရတော့လည်း အောင်လျက်သားနဲ့ ကျုပ်ကလိုက်နေရပြန်ရော။ ကျုပ်တို့နှစ်ယောက် ဘယ်လောက်ခင်လဲဆိုရင် ကျုပ်တို့ချင်း ဘယ်တော့မှ စိတ်ဝမ်းကွဲမှာ မဟုတ်ဘူး။ ပုလင်းထောင်လည်း အတူတူပါပဲ။ ကျုပ်တို့ ကြားမှာ ဘာသာရေးက နည်းနည်းလေးမှ အတားအဆီး မဖြစ်ခဲ့ပါဘူး။ သူ ဘုရားကျောင်းသွားလည်း ကျုပ်ပါတယ်။ ကျုပ်ဘုန်းကြီးကျောင်းသွားလည်း သူပါတာပဲ။

နောက်ပိုင်း အသက်အရွယ်မှာ ညီအစ်ကိုလို သူတို့အိမ် ကိုယ်သွားစားလိုက်၊ ကိုယ့်အိမ် သူ လာစားလိုက် ခင်ခဲ့တာကတော့ ဟိန္ဒူညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ ထာကွတ်နဲ့ ဘရသူးရ်ပါပဲ။ သူ့မိခင်၊ သူ့ဦးလေး၊ သူ့ညီမ တစ်အိမ်လုံးနဲ့ ခင်ခဲ့တာပါ။ သူ့ကိစ္စဟာ ကိုယ့်ကိစ္စပဲ ကိုယ့်အခက်အခဲဟာ သူ့အခက်အခဲပဲ။ ဘယ်ကိစ္စဖြစ်ဖြစ် တိုင်တိုင်ပင်ပင်ပဲ။ သူတို့ အမေကို သူတို့ခေါ်သလို “အဘား” လို့ပဲ ကျုပ် လိုက်ခေါ်ပါတယ်။ သူတို့ ထမင်းစားနေတုန်းများ ရောက်သွားခဲ့ရင် တကယ့်ကို ကိုယ့်အိမ်မှာလိုပဲ လက်ဆေးပြီး ပေါ့ပေါ့ပါးပါး ဝင်စားလိုက်ရုံပါပဲ။ “အဘား” ကလည်း သွားတိုင်း ပြုံးပြုံးရွှင်ရွှင်ပါပဲ။ သူတို့ ညီအစ်ကိုနဲ့ ကျုပ်ကတော့ စာချုပ်ထားတဲ့ အတိုင်းပဲ တစ်ယောက်သွားနေရာတစ်ယောက် အဖော်လုပ်လိုက်ပေတော့ပဲ။

မွတ်တားနဲ့ ချွတ်တားကတော့ ကျုပ်ဆီက ဓာတ်ပုံနဲ့ ဗီဒီယိုကင်မရာပညာ သင်ကြရင်းနဲ့ သူတို့ တစ်အိမ်သားလုံး ခင်သွားကြတာပါ။ တစ်အိမ်လုံး အစ္စလာမ် ဘာသာဝင်တွေပါ။ အလွန် ယဉ်ကျေးသိမ်မွေ့ကြပါတယ်။ မျှတတဲ့ အတွေးအမြင်နဲ့ ရိုးသားပြီး သမာသမတ်စိတ်လည်း ရှိကြပါတယ်။ မှတ်မိသေးတယ်။ သူတို့အိမ်က မန္တလေးကားဂိတ်နဲ့ နီးတယ်။ မန္တလေးဘက်ကနေ ဒုလ္လဘဝတ်ပြီး ကျုပ်ပြန်လာတော့ ကားပေါ်ကဆင်းပြီး အိမ်က လာကြိုမှာကို ဂိတ်မှာပဲ စောင့်နေပါတယ်။ ဘုန်းကြီးဝတ်နဲ့ဆိုတော့ သူတို့အနေခက်ရှာမှာပဲဆိုပြီး အလိုက်တသိနဲ့ မမြင်လောက်တဲ့ နေရာမှာ ကွယ်ပြီးရပ်နေတာပါ။ တစ်ယောက်က မြင်သွားပြီး တစ်အိမ်လုံးလာနှုတ်ဆက်ကြ၊ အိမ်လိုက်သွားရ၊ အအေးလိုက်သောက်ရ ဖြစ်ကုန်တယ်။

ဘုန်းကြီးကိုလည်း ယဉ်ယဉ်ကျေးကျေး ပြောတတ်ကြတယ်ဗျာ။ သူတို့နဲ့ ခင်ရတာ ဘာသာချင်း မတူပေမယ့်ဘာသာတူချင်း ပေါင်းရတာထက်တောင် အားကိုးရပါသေးတယ်။ သူတို့အားလုံး သက်ရှိထင်ရှား ရှိကြပါတယ်။

ဘယ် ဘာသာမှ မကိုးကွယ်တဲ့ ဘာသာမဲ့ တချို့နဲ့လည်း ရင်းရင်းနှီးနှီး ပေါင်းဖူးပါတယ်။ အထင်မမှားပါနဲ့။ ဘာသာရှိတွေထက်တောင် စိတ်ဓာတ်ဖြူစင်ပြီး လူမှုရေးကောင်းတဲ့သူတွေ တွေ့ဖူးပါတယ်။

ကျုပ် စဉ်းစားကြည့်တယ်။ ဘာသာမတူပေမယ့် ကျုပ်တို့တစ်တွေ ဘယ်လိုကြောင့် ကျွမ်းဝင် ရင်းနှီးပြီး သွေးချင်းတွေလို ခင်သွားကြတာလဲ။

ကံအားလျော်စွာပဲ ကျုပ်နဲ့ အပေါင်းအသင်းတွေဟာ အတ္တမကြီးတဲ့သူ၊ အစွန်းမရောက်သူနဲ့ ဆင်ခြင်တုံတရား ရှိတဲ့သူတွေဖြစ်နေကြပါတယ်။

ပေါင်းခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ သိချင်ရင် ရှင်းပြတာကလွဲလို့ တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ကိုးကွယ်တဲ့ ဘာသာကောင်းကြောင်း ဆွယ်ခြင်း၊ စည်းရုံးခြင်း လုံးဝ မရှိခဲ့ပါဘူး။ တစ်ယောက်ရဲ့ “ဘာသာ” ကို တစ်ယောက်က ထိပါးဖို့ဆိုတာကတော့ ဝေးတော့တာပေါ့။

Tags:

Leave a Reply