4 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
4 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
5 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
5 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
5 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
5 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
5 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
5 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
5 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
5 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

လွင်မောင်မောင်

July,9,2012

အခုတလော လူအများ ပြောပြောနေတဲ့ DNS Changer ဆိုတာက client တွေဘက်ကိုရည်ရွယ်ပြီးတော့ တိုက်ခိုက်တဲ့ malware တစ်မျိုးပါ။ သူက အရင်ကတည်းက ရှိနေခဲ့တာတော့ ကြာပါပြီ။ ဒါပေမယ့် အခုမှ တစ်ပြန်တက်လာပြီးတိုက်ခိုက်တာပါ….

DNS

ကျွန်တော်တို့ အင်တာနက်ကြည့်မယ်ဆိုရင် DNS ကိုချိန်ပေးထားရပါတယ်။ မဟုတ်ရင်တောင် ရတနာပုံတယ်လီပို့က နေပြီးတော့ ချိန်ပေးထားရပါတယ်။ ဥပမာ- 203.81.162.22,203.81.162.23 ဆိုတာမျိုးပါ။ proxy မဟုတ်ပါဘူး။ ဒါပေမယ့် သူမပါရင် ဘာမှမလုပ်တော့ပါ…

ဥပမာ-

google.com ကို ရိုက်ထည့်လိုက်သည်ဆိုပါစို့။ ကျွန်တော်တို့ အင်တာနက် browser က google.com ရဲ့ DNS ကို သွားရောက်ကြည့်ပါတယ်။ ထို DNS server မှ ၁၂၃.၃၂၁.၁၂၁.၂၁၂ အစရှိသော ဂဏန်းလိပ်စာများကို ပေးပါတယ်… ထိုမှသာ ကျွန်တော်တို့က google ကိုသေချာစွာမြင်ရမှာဖြစ်ပါတယ်။

အဲဒါဆို အခုဟာက ဘာဖြစ်လို့တုန်း

DNS changer မိထားတဲ့ စက်တွေအားလုံးဟာ google.com ဆိုရင် တခြားလိပ်စာတွေရောက်ရောက်သွားပြီး password, credit identity တွေ အခိုးခံရတဲ့ပြဿနာတွေအများဆုံးဖြစ်ပွားတာကိုတွေ့ရပါတယ်။

ဘယ်လိုစက်တွေမှာအဖြစ်များတုန်း

အဓိကကတော့ windows စက်တွေမှာပါ။ linux မှာက root ကိုပေါက်ဖို့က သိပ်မလွယ်တဲ့အတွက်မရနိုင်ပါ။ ဒါပေမယ့် windows က UAC ကိုကျော်လို့ရတာတွေရှိနေတော့ ဗိုင်းရပ်စ်တိုင်း malware တိုင်း တိုက်ခိုက်လို့ရနိုင်ပါတယ်။ antivirus ကို update လုပ်မထားရင်လည်း အဲဒီပြဿနာကို အကြီးမားဆုံးကြုံတွေ့နိုင်ပါတယ်။

ကိုယ့်စက်ထဲကို အဲဒါဝင်မ၀င် ဘယ်လိုသိမလဲ.

http://www.dcwg.org/ ကိုသွားပြီးတော့ တိုက်ရိုက်စစ်နိုင်ပါတယ်။ တစ်ကယ်လို့ ထိသွားပြီဆိုရင်လည်း ပြင်ဆင်ဖို့နည်းလမ်းတွေပေးထားပါတယ်။

ကိုယ့်စက်မှာ အင်တာနက်ရှိတယ်။ ဒါပေမယ့် မ၀င်ချင်ဘူး

အဲဒါဆိုရင်တော့ DNS ကို အောက်ပါ value တွေရှိမရှိစစ်ကြည့်လိုက်ပါ…(မြန်မာပြည်အတွက်သာ)

203.81.162.22 , 203.81.162.23

8.8.8.8, 8.8.4.4

အဲဒါ ၂ခုမဟုတ်ဘူးဆိုရင်တော့ checkup သွားလုပ်လိုက်တာ အကောင်းဆုံးလို့ အကြံပြုချင်ပါတယ်။

ဝင်တာတော့ သိပြီ။ ဒါပေမယ့် ဘယ်လိုပြင်ရမလဲ မသိဘူး

နီးစပ်ရာ ကွန်ပျူတာဆိုင်တွေကိုသွားပြီးတော့ ပြင်ခိုင်းလို့ရပါတယ်။

အားလုံးအဆင်ပြေလုံခြုံပါစေ။

Tags: ,

Leave a Reply